Unicode......
မျက်နှာဖြူထွေးနုနုလေးကို ထိခတ်လာသည့် လတ်ဆတ်သောလေတချို့ကြောင့် နီသော်၏မျက်ခွံလွှာနှစ်ချပ် လှုပ်ခတ်ကာ ဖြည်းညင်းစွာပွင့်လာ၏။
"ဒုတ်... ဘက်... ဒုတ်...ဘက်"
ပင်လယ်ရေလှိုင်းခတ်မှုကြောင့် လှေအောက်ပိုင်းမျက်နှာပြင်နှင့် ထိခတ်ရာမှထွက်ပေါ်လာသောအသံကလည်း အဆက်မပြတ်။ နီသော် မျက်နှာတွင်တစ်စတစ်စ စင်လာသည့် ရေစက်များကြောင့် မျက်လုံးပွင့်ကာ အိပ်နေရာမှနိူးလာလေသည်။ ခေါင်းအောက်မှ ကျစ်လစ်ခိုင်မာနေသည့် အသားစိုင်တစ်ခုကို ထိကိုင်မိသွားသည်။ ထိုလူကြီးပေါင်ပေါ် အိပ်မိနေခြင်းသာဖြစ်သည်။
မျက်လုံးအိမ်ကျယ်လာပြီး ခေါင်းထောင်ကာကြည့်မိရာ မျက်စိရှေ့ရှိ ပင်လယ်ပြာကြီးနှင့် ရေအောက်တွင်အတိုင်းသားမြင်နေရသည့် အရောင်စုံသန္တာကျောက်လှလှလေးများ၊ ကူးလူးသွားလာနေသော အရောင်အသွေးစုံလင်လှသည့် ပင်လယ်ပျော်ငါးလေးများနှင့် ပြစ်မျိုးမှည့်မထင် ခန့်ညားချောမောနေသည့် လူတစ်ဦးကိုပါတွေ့ရသည်။ နီသော်နိုးလာခြင်း ထိုလူချောသည် ထိုင်ရာမှထသွားကာ လှေဦးတွင် ခါးထောက်ကာသွားရပ်နေသည်။ မည်သို့မည်ဖုံ ဒီနေရာကိုရောက်လာသည်ကို မသိပေ။ လှေဦးကြောင့် ပင်လယ်ရေမျက်နှာပြင်ပေါ် ရွက်လွှင့်နေသည့် လှေတစ်ဆင်းပေါ်တွင်ရောက်နေခြင်းပင်။ ဘေးပတ်ဝန်းကျင်ကို ကြည်လိုက်မိတော့ ကော့သောင်းမြို့ပိုင်နက်မှ ညောင်ဦးဖီးကျွန်းအနီးနားရှိ ပင်လယ်ကမ်းစပ်နှင့် မနီးမဝေးနေရာသို့ ရောက်နေခြင်းသာ။ သည်နေရာကို နီသော် ခရီးသည်များကို ဂိုက်လုပ်ပေးခြင်းကြောင့် သိ၏။
"နိုးပြီးလား...အိပ်ဆေးကအဲ့လောက်မပြင်းပါဘူး၊ လေယာဉ်ပေါ်ကနေကို ဒီအထိချီလာရတယ် ...ကဲ့ ခုတော့အိပ်ရေးဝပြီပေါ့ "
နီသော့်အရှေ့တွင် ကျောပေးကာပြောနေသော ခန့်ညားဟန်ရှိသောသူက အေးဆေးစွာ ထိုစကားကို တစ်လုံးချင်းပြောနေကာ...
'ဘာ... ငါ့ကိုအိပ်ဆေးနဲ့ခေါ်လာတာပေါ့'
နီသော် စိတ်ထဲတွင်ရေရွတ်လိုက်ပြီး ထိုသူဆီ အကြည့်ရောက်သွားသည်။ ခါးတွင် ဟာဝိုင်အီကွာတားဘောင်းဘီသာဝတ်ဆင်ထားပြီး အပေါ်ပိုင်းအဝတ်မဲ့နေသောကြောင့် ကျောဘက်မှကြွက်သားပြင်တို့ကိုထင်ရှားစွာ မြင်နေရသည်။ ရုတ်တရက် နီသော်ဘက်ကိုလှည့်လာပြီး နီသော်၏ယောင်နေလက်စ လက်ကောက်ဝတ်ကို ခပ်ဖွဖွကိုင်ပြီး ထခိုင်းကာ သူ့ဘေးတွင်ရပ်ခိုင်းထားသည်။ ထိုလူ၏မျက်နှာချောချောကို မြင်ပြီးနောက် လည်ချောင်းဝတွင် ထွက်လာမည့် အမည်တစ်ခု ပိတ်ဆို့နေလေ၏။ စိတ်မရှည်စွာဖြင့် ညစ်ထုတ်ပြီးပြောလိုက်သည်။
"ကို..ကိုလင်း?"
ခပ်ညို့ညို့မျက်ဝင်းတစ်စုံက ရီဝေစွာကြည့်လာကာ ပြောလေဆိုသောသဘောဖြင့် မေးငေါ့ပြရာ နီဆေးမကူသည့် နှုတ်ခမ်းတို့မှာပြုံးနေသယောင်ပင်။
ပြုစားပြန်ပြီ။ ဒီလိုအကြည့်တွေနဲ့ နီသော်ရဲ့ နှလုံးသားတစ်ခုလုံးကို သိမ်းပိုက်သွားခဲ့တာ၊ ဒီလူကလည်း အဲ့အကြည့်တွေအောက်မှာ ကျရှုံးချင်နေတာပင်။
နီသော် စကားမပြောမိသေးခင် ကိုလင်း၏ ဝမ်းဗိုက်က အဆီမရှိသောကြွက်သားအဖုထစ်တွေဆီ မျက်လုံးဝိုင်းဝိုင်းလေးတွေက အကြည့်ရောက်သွားသည်။ ထိုကြွက်သားများကို နီသော်မြင်ပြီးနောက် လွှတ်ခနဲ စကားတစ်ခွန်းထွက်သွားသည်။ ပြောပြီးနောက် ရှက်သွားကာ မျက်နှာမှာ ခရမ်းချဉ်သီးမှည့်လို ရဲနေလျက်။
"ကိုလင်း ...ခင်ဗျားအင်္ကျီဝတ်ထားပါလား...အသားတွေ နေလောင်ကုန်မယ်"
သူရိန် နီသော့် စကားကြားပြီးနောက် ရင်ဘတ်တစ်နေရာက အတိုင်းမသိခုန်နေ၏။ နှစ်လိုဖွယ် အပြုံးလေးဖြင့် နီသော်၏ စကားကိုတုန့်ပြန်လိုက်သည်။
"ညိုနေတာ ပိုညိုအောင်လို့ ...မဟုတ်တောင် မိုးထက်တို့က ရှမ်းငချိပ် လို့ခေါ်နေကြရယ်"
နီသော်သည် မိုးထက်၏နာမည်ကြားကာ တစ်ခုခုအားသတိရသွားသောကြောင့် သူရိန်ကို မိုခမ်းနှင့်ပတ်သက်သည့် အကြောင်းမေးလိုက်သည်။
"ကိုလင်း...အ..ကိုသူရိန်လင်း"
ကိုလင်း ဟုပါးစပ်မှရုတ်တရက်ထွက်သွားမိပြီး သူရိန် သူ့အားမမှတ်မိသေးသည်ကို သတိရကာ ပါးစပ်ကို ဘရိတ်အုပ်ရသေး၏။
" ကိုမိုးထက်ရဲ့အမျိုးသမီးကိုမြင်ဖူးလား... အာ... တခြားတော့မဟုတ်ဘူး နီ့ အသိနဲ့တူလို့မေးကြည့်တာ "
ကိုလင်း မြင်ဖူးသည်ဆိုသော သဘောဖြင့် လှေကို ကမ်းစပ်ဘက်သို့လှည့်ရင်း ခေါင်းငြိမ့်ပြသည်။ တစ်ဆက်ထဲမှာ အေးဆေးပြီး စွဲဆောင်မှုရှိသည့်အသံဖြင့် မေးလိုက်သည်။
" တွေ့ချင်လို့လား "
နီသော် ကိုလင်းနည်းတူ ခေါင်းငြိမ့်ပြလိုက်သည်။ကိုလင်းသည် ထိုစကားမှလွဲ၍ ပြန်မပြောချေ။ လှေကမ်းစပ်သို့ရောက်သည်နှင့် နှစ်ယောက်သားလှေပေါ်မှဆင်းလိုက်ကြပြီး သူရိန်လင်း နီသော့်လက်ကို ကိုင်ထားပေးသည်။ ထို့နောက်နှစ်ဦးသားလက်တွဲကာ သဲဖြူဖြူပေါ်တွင်လျှောက်လှမ်း၍ သူရိန်လင်းမှ ဦးဆောင်ပြီးဟိုတယ်ရှိရာ အခန်းဆီကို ခေါ်ဆောင်သွားသည်။ ရေချိုးအဝတ်စားလဲ နေ့လည်စာစားသောက်ပြီးနောက် အခန်းရှိရာသို့ ပြန်လာကာ ကိုလင်းသည်လည်း ကုတင်ပေါ်တွင် လက်တော့ပ်တစ်လုံးဖြင့်အလုပ်လုပ်နေပြီး နီသော်မှာ သူရိန့်ကို တစိမ့်စိမ့်ထိုင်ကြည့်နေကာ လွန်ခဲ့သောနှစ်ကထက် ခန့်ညားလာသည်ကိုဝန်ခံရမည်။ နီသော်တစ်ယောက် ဟန်နီးမွန်း ထွက်နေသလိုမျိုး အတွေးထဲလည်း စိတ်ကူးနေ၏။ ရုတ်တရက် သူရိန်လင်းဆွဲခေါ်ကာ ကားပေါ်တင်လာသည့်နေ့က ပြောသောစကားကို သတိရလာကာ ကြက်သီးများထလာသည်။ ဘယ်အချိန်ကရောက်နေမှန်းမသိသော သူရိန်လင်းသည် နီသော်၏ ခါးကိုဖက်လာသည်။ ပခုံးနားကို ခေါင်းငုံပြီး စကားလေးတစ်ခွန်း တိုးတိုးလေးကပ်ကာ ပြောလိုက်သည်။
"အနှောင့်အယှက်ကင်းချင်လို့ ဟန်းနီးမွန်းထွက်လာတာ မင်္ဂလာဦးရအောင်... ဟိုနေ့တွေက နီလေး အိပ်နေလို့သာ ကိုယ့်ဆန္ဒတွေချုပ်တည်းထားတာ ...ဒီနေ့တော့..."
နီသော် ထိုစကားများကြားပြီး အူလှိုက်သဲလှိုက်ကြက်သီးများထလာပြန်သည်။ နီသော်လည်း လွှတ်မြောက်ရာ လွှတ်မြောက်ကြောင်း ဟန်ဆောင်လက်ထပ်ထားသည့် ကိစ္စကိုပြောလိုက်မိသည်။ စွဲမက်ဖွယ်ကောင်းသော်အသံလေးက စကားဆိုလာပြန်သည်။
"အဲ့ဒါ အပြစ်ပေးရမှာပေါ့ "
သူရိန်ပြောသည့်နောက် နီသော်မျက်စိမိတ်ထားလိုက်မိသည်။ နီသော်၏ ကိုယ်ပေါ်မှ ခွာသွားသော လူငွေ့လေးကြောင့်ပင်။ နီသော်ထင်လိုက်သည်က သူရိန်လင်းကိုဟန်ဆောင်လက်ထပ်ထား၍ အော်ငေါက်ကာ ရိုက်နှက်ခံရမည်ဟုပင်။ သို့သော် နီသော်ထင်နေသလိုမဟုတ်ပေ။ ပြောပြီးသားအကြောင်းရာကို နား နားကပ်ကာ ထပ်ပြောလာပြန်သည်။
"လက်ထပ်ပွဲ အထမြောက်ဖို့ ကျန်သေးတယ်လေ"
ပြောပြီးသည် နှင့်တစ်ပြိုင်နက် ရမက်ဆန်ဆန်အနမ်းကြမ်းတို့က နီသော်၏ ဖြူဖွေးဥဥလည်တိုင်တစ်လျှောက် ပြေးလွှားလျက်။ နီသော်နေရခက်စွာ မျက်လုံးလေးပွင့်လာပြီး မရုန်းထွက်နိုင်သည့်အဆုံး တစ်ဖန်ပြန်မှိတ်သွားကာ သူရိန်လင်း၏ လှုပ်ရှားမှုတို့ကို ခံစားကြည့်နေလိုက်သည်။ တစ်ချိန်ကချစ်သူ၏ အငွေ့အသက်ကို မိမိလည်းလွမ်းနေသည် မဟုတ်လားပင်။ ဘယ်အချိန်က သူရိန်လင်း ချွတ်လိုက်သည်မသိ၊ နီသော့်ကိုယ်၌ အဝတ်တို့မကပ်တော့ချေ။ ဖြူဖွေးဖွေး အသားအရေက အထင်းသား။
"မိုခမ်းက ဘယ်လောက်ပေးလို့ အဲ့လိုဟန်ဆောင်ခိုင်းတာလဲ... ကိုယ်ပေးမယ်...သူပေးတာထက်ကိုနှစ်ဆ...တစ်ခုပဲပြန်လုပ်ပေး ကိုယ့်အနားမှာနေပေး နီက ကိုယ်စဉ်းစားဖြေးရှင်းလို့ မရသေးတဲ့တစ်ပုဒ်။ အရင်ကဘာတွေဖြစ်ခဲ့လဲ ကိုယ်မမှတ်မိဘူး၊ သူများကိုမေးတာထက် ကိုယ့်ဟာကို မှတ်မိတာပဲလိုချင်တယ် ဒါပေမယ့် နီ ဆိုတဲ့နာမည်လေးက နားထဲတဝဲလည်လည်နဲ့မို့ အသဲစွဲအောင်မှတ်မိနေတယ် ..ဒါကြောင့် ကိုယ့်ကိုကူညီပေးပါ"
နီသော်ကုတင်ပေါ်ရောက်နေလို့ အဲ့စကားပြောတာလား မဝေခွဲတတ်။ စောနကထွက်လာသည့်စကားကြောင့် စိတ်ခုသွားပေမယ့်လို့ သူပြောလိုက်တဲ့ 'ကိုယ့်အနားနေပေး' ဆိုတဲ့တစ်ခွန်းနဲ့တင် ဒီကနှလုံးခုန်ရပ်ပြီးသေတော့မယ်ထင်၏။ ကုတင်ပေါ်တွင် နှစ်ကိုယ်ထပ်ကာ စကားပြောနေသောပုံစံက ကိုယ့်ကိုတန်ဖိုးနည်းလို့သတ်မှတ်သလိုခံစားရသလိုကြောင့် ဝမ်းနည်းမှုက ရုတ်ချည်းပေါ်လာသည်။ နီသော်ရဲ့ ဖြူဝင်းဝင်းလက်သွယ်သွယ်နှစ်ဖက်က သူရိန်လင်းရဲ့ ရင်အုံကျယ်ကြီးကိုတွန်းထုတ်ကာ အိပ်ယာမှထရန်ပြင်လိုက်သော်လည်း အချည်းနှီးသာ။
သူရိန် သူအုပ်မိုးထားသော ကောင်လေးမျက်နှာ မိမိစကားတစ်ခွန်းကြောင့် အနည်းငယ်ပျက်ယွင်းသွားသည်ကိုသိကာ စိတ်ပြေလိုပြေငြား လှည့်စားသောနည်းဖြင့် အနှီကောင်လေးရဲ့နှုတ်ခမ်းလွှာအား ဖြည်းဖြည်းချင်းနမ်းရင်းမှ သိမသာအရှိန်မြင့်လိုက်ကာ အငမ်းမရစားသုံးအဆင့်သို့ ကူးပြောင်းလိုက်ပြီး ဖြူဖွေးသည့်ပါးဖောင်းဖောင်း၊ ချောမွတ်သည့်လည်တိုင်နှင့် ရင်ဘတ်တစ်လျှောက် အချစ်အမှတ်အသားဖြစ်တဲ့ အနီကွက်ထင်အောင်နမ်းစုပ်ကာ အမှတ်အသားပေးလိုက်သည်။ ပြီးနောက် နဂိုကတည်းက ထိလျှင်နာကျင်နေသော ရင်ဘက်ရှိချယ်ရီသီးလေးတို့အား မညှာမတာ စုတ်ကာကိုက်ဖဲ့နေပြန်၏။ တစ်ဖန်လက်များကလည်း နီသော်လေး၏ဖွားဖက်တော်နေရာသို့ တစ်ဖြည်းဖြည်းရောက်သွားကာ နီသော်ရဲ့ အောက်ပိုင်းတစ်နေရာကို သူရိန်လင်း၏ လက်ချောင်းရှည်ရှည်သွယ်သွယ် ၂ချောင်းကဦးစွာ ဝင်ရောက်နှင့်သည်။ အစပျိုးထားသောနီသော်၏ ပန်းရောင်အပွင့်လေးအား မရင်းနှီးသော သူရိန်လင်းရဲ့အသားဆိုင်ကြီးတစ်ခုကတိုးဝင်လိုက်သည်။
"အာ"
ပထမဆုံးအကြိမ် မဟုတ်သော်ငြားလည်း မပြောင်းလဲဘဲ ထိတွေ့ခံစားဖူးခဲ့သော သူရိန်လင်းရဲ့ အသားဆိုင်ကြီးကြောင့် ညည်းသံသဲ့သဲ့ ထွက်မိသွားသည်။ အတူမနေတာကြာပြီဖြစ်၍ အတင့်ရဲစွာ ငြင်းဆိုမိသည်။
"ထုတ်ပေး ကိုလင်း...ထုတ်ပေးလို့" မျက်ရည်များကျလာကာ မသိလျှင် ကလေးများမုန့်တောင်းသလို အော်ပြောနေမိသည်။
လတိုင်း နီသော်ခံစားရသည့် ဒုက္ခကို ယခင်သနီသော်ရဲ့ကိုလင်းသာဆိုရင် သိပေလိမ့်မည်။ ယောင်္ကျားကိုယ်အင်္ဂါဖြစ်သော်လည်း မွေးရာပါသားအိမ်ပါလာသော နီသော်အတွက်ဒုက္ခပင်တည်း။ ယခုလည်း ခါးကိုက်နေခြင်းဒဏ်ပါခံစားနေရသည်။ တိုးဝင်လာသည့် အရာတစ်ခုကြောင့် ထုတ်ပေးရန်တောင်းဆိုသော်လည်း ကိုယ်ခန္ဓာကပင်ပို၍လိုချင်နေသလို။
နီသော်မျှော်လင့်ထားသလိုပင် သူရိန်လင်းသည်သူ၏အရာကို ထုတ်ပေးခြင်းမရှိသည့်အပြင် အရှိန်ကလည်း တဖြည်းဖြည်းမြန်လာကာလှုပ်ရှားနေသည်။
နီသော်သည် ကိုယ်တွင်းတစ်နေရာ နာကျင်နေ၍ မခံစားနိုင်သည့်အဆုံး သူရိန်လင်းရဲ့ ဂုတ်ဝင်းဝင်းအား သွားချွန်ချွန်တို့ဖြင့် အသားကုန်ကိုက်ကာ ဖြေဖျောက်နေ၏။ သူရိန်လင်းရဲ့ဂုတ်ပိုးသားတွင် နူးညံ့သည့်နှုတ်ခမ်းသားအထိတွေ့ကို သူရိန်လင်းခံစားမိကာ ပြုံးမိသွားသည်။ သွားကိုက်ရာမှသွေးများထွက်လာသည်။ သူရိန်လင်းရဲ့ လိုချင်စိတ်ကမရပ်တန့်နိုင်သေး။ ထိုအထိတွေ့ကြောင့် ရမက်ပိုထန်လာကာ အောက်ပိုင်းလှုပ်ရှားမှုမှာ ပိုမြန်၍ပင်ကြမ်းလာသေးသည်။ နီသော်လည်း ခံစားမှုများကောင်းလာကာ ပို၍တောင်းဆိုမိသွားသည်။
"ဟား!!"
သူရိန်လင်းသည် နီသော်မှ တောင်းဆိုလာမည်ဟုမထင်ထားပေ။ ထို့ကြောင့် မျက်နှာမှအပြုံးများဖုံးဖိမရအောင် အသံထွက်ရယ်လိုက်မိသည်။
နီသော်မှာ သူ့စကားကို ဟားတိုက်သည်ဟုထင်မိကာ စိတ်တိုတိုနှင့်ကျန်နေသည့် ဂုတ်ဝင်းဝင်းကိုကိုက်ချလိုက်သည်။ ရှက်တာရောစိတ်တိုတာပါရောပြီး ကိုလင်း၏ကိုယ်သင်းနံ့နှင့် ရင်ခွင်ကျယ်ကြီးကို မသိမသာခိုးပြီး နမ်းရှိုက်ကာနေတော့သည်။ သူရိန်လင်း နီသော်၏ငယ်ဖွားလေးအားယူလျက် သူ၏လက်ဖြင့် အထက်အောက်လှုပ်ရှားပေးနေသည်။ ညနေပိုင်းလောက်ကတည်းကစတင်လိုက်သောလုပ်ငန်းသည် အချိန်မည်မျှကြာနေပြီမသိတော့ချေ။
ခဏအကြာ နီသော်ပါအတူ နှစ်ဦးစလုံး ချစ်ကမ္ဘာတည်ဆောက်ပြီး ထွက်ပေါ်လာသော နေရာအနံ့ အချစ်ရေစီးကြောင်းလေးများဖြစ်ပေါ်သွားသည်။ ဤသို့ နားလိုက် လှုပ်ရှားလိုက်နှင့် အခန်း၏လိုက်ကာဖြူဖြူမှ ရေးတေးတေးရောင်နီလေးပေါ်လာမှ ထိုကိစ္စမှာရပ်တန့်သွားကာ အိပ်စက်ခြင်းကိုဦးတည်လိုက်ကြသည်။ ပေကျံနေသော အဖြူရည်များလဲ မသန့်ရှင်းနိုင်တော့ပေ။ သူရိန်သည်လည်း သူ့ထက်လူကောင်သေးသည့်သူအား ရင်ခွင်ထည့်ဖက်ထားကာ တစ်စုံတစ်ရာကို တွေးတောနေပြီးနောက် သူပါအိပ်ပျော်သွားသည်။
......
"ဦးစိုင်းထန် ခင်ဗျားသမီးမိုခမ်း လင်နောက်လိုက်ပြေးတယ်ဆို...ဟား...ဟား..."
ပိုင်စိုးသည် ဦးစိုင်းထန်၏ ကုမ္ပဏီထိသွားပြီ အနှီကိစ္စကို အားတက်ဝမ်းသာစွာ သွားပြောနေလေသည်။ ပိုင်စိုးတို့ Myint group လုပ်ငန်းနှင့် ဦးစိုင်းထန်တို့၏ Htan group သည် ယခင်က စီးပွားပြိုင်ဘက်များပင်ဖြစ်ခဲ့ကြသည်။ မကြာသေးခင်က Myint group မှ Htan group ကိုလုပ်ငန်းရှယ်ယာဝင်ရန် တောင်းဆိုထားခြင်းဖြစ်သည်။ ဘယ်တော့မှမဆုံသည့် မျဉ်းပြိုင်နှစ်ကြောင်းကို ပိုင်စိုးတစ်ယောက် မရမကစုံပေးထားခြင်းသာ။
ပိုင်စိုးရုံးခန်းထိ တက်ကာလာပြောသည့်ကိစ္စကို ဦးစိုင်းထန် တကယ်မသိချေ။ သူသိသည်က တစ်နေ့က သူ့သမက်နှင့် မိုခမ်း ကော့သောင်းဘက် ဟန်နီးမွန်းထွက်သည်ဟုသာသိထားသည်။
"ငါ့သမီးက သူရိန်နဲ့လက်ထပ်ပြီးလို့တောင် ဟန်နီမွန်းထွက်တာ ကလေးတောင်ဘယ်နှစ်ယောက်ရနေပြီလည်းမသိဘူး...မင်းက ခုမှဘာတွေမနာလိုလို့ လာပြောနေတာလဲ။ ရှယ်ယာကိစ္စအကြောင်းပြပြီးမလာနဲ့ ဆုံးဖြတ်ပြီးသားကိစ္စမပြင်နိုင်ဘူး "
ဦးစိုင်းထန် မျက်ခုံးနှစ်ဖက်လုံးတွန့်ကာ ပိုင်စိုးသည် သူရိန်လင်းအားလိုက်ပြိုင်နေသည့် ကိစ္စကိုကြားသင့်သလောက်ကြားမိ၍ ပြောလိုက်ခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ်တွေက သူရိန့်ကုမ္ပဏီအောင်မြင်လာ၍ မနာလိုကာ လုပ်ကြံရာတွင်ပါဝင်ခဲ့သော်လည်း ယခုသူ့သမက်ဖြစ်နေခြင်းကြောင့် သူ့အမြင်ကိုပြောင်းလဲရမည်ပင်။
ထို့နောက် ပိုင်စိုးသည် သူ့ပြောသည့်စကားကို ဦးစိုင်းထန် မယုံသည်ကိုသိ၍ သူ့လူများ ခိုးရိုက်ပြီးပို့ထားသည့် မိုခမ်းနှင့်မိုးထက်တို့နှစ်ယောက် အတူသွားလာနေသည့် ပုံအများပြားကို သူ့ရှေ့သို့ ပစ်ပေးလိုက်သည်။ သူရိန်နှင့်နီသာ်၏ ပုံများလဲရှိပေရာ လိုအပ်သည့်နေရာရောက်မှ သုံးရန်လုပ်ထား၏။ ဦးစိုင်းထန်၏ စားပွဲပေါ်သို့ ပုံအများပြားပစ်တင်ကာပေးပြီး သူ့မိန်းမရှိရာအိမ်သို့ သွားလေသည်။ ပိုင်စိုးပြသည်ပုံများကို ကြည့်နေသော ဦးစိုင်းထန်မှာ အံ့သြဟန်နှင့် စဥ်းစားမရဖြစ်ကာ ကျန်ရစ်နေသည်။
" ဘယ်လို...မြေးလေးက ကောင်လေးတစ်ယောက်နဲ့အတူတူနေတာ...."
သူရိန့်အဖွားသည် မူယာမြင့်ပြလိုက်သော ကောင်လေးနှစ်ယောက်သည် ရွက်လှေပေါ်တွင် တစ်ယောက်၏ပေါင်ပေါ်တွင်တစ်ယောက်က နှစ်နှစ်ခြိုက်ခြိုက်အိပ်နေကာ တစ်ယောက်ကလည်း အိပ်နေသောကောင်လေး၏ နှုတ်ခမ်းကို တစ်ခြိုက်မက်မက် နမ်းနေသည့်ပုံကြောင့် မေ့လဲသွားသည်။
ပိုင်စိုး ဦးစိုင်းထန်ကုမ္ပဏီမှပြန်လာကာ အိမ်ကိုလာပြီး မိန်းမဖြစ်သူ မူယာမြင့်ကိုထိုပုံများ ဒေါ်သောင်းကိုပြရန် ရည်ရွယ်ချက်ရှိရှိယူလာခြင်းသာ။ ဒေါ်မော်အေးသည် သူ့သမက်ကြောင့် မေ့လဲသွားသော အမယ်အိုကြီးကို သူ၏တာဝန်ဝတ္တရားအရ ဆေးရုံတင်ပေးထားသည်။ အဘယ်ကြောင့် မေ့လဲသည်ကို သူစိတ်မဝင်စား၊ သူစိတ်ဝင်စားသည်က ဒေါ်သောင်း မသေခင်ပေးခဲ့မည့် အမွေစည်းစိမ်သာ။ ရံဖန်ရံခါ မေသောင်းစားမည့် စားစရာထဲတွင် အဆိပ်ပျော့ ခတ်ကျွေးသေးသည်။ တစ်ခါတစ်ခါ ဒေါ်မော်အေးသည် သူ့ရိန်ကို မူယာမြင့်အား ဖော်ဖော်လော်လော် အဝတ်စားများဝတ်ခိုင်းကာ မြူစွယ်ခိုင်းတတ်သေးသည်။ သူရိန်လင်း၏ သတိရှိမှုကြောင့် မအောင်မြင်ချည်းသာ။ ထုံနဘေလုပ်နေသော မူယာမြင့်ကြောင့် လက်လျှော့လိုက်ရသည်။
ပိုင်စိုးသည် မျက်နှာပြီတီတီဖြင့် ဒေါ်သောင်းအိမ်မှဖုန်းနှင့် သူရိန်လင်းကိုခေါ်ကာ လေးငါးခြောက်ခါတိုင်အောင် သူရိန်လင်း ဖုန်းမကိုင်ပေ။
"ဘယ်လောက်တောင်ကဲနေလို့ ဖုန်းမကိုင်နိုင်လဲ သောက်ကောင်တွေရဲ့ "
ပိုင်စိုးသည် နီသော်နှင့် သူရိန်နှစ်ယောက်သားအတူရှိသည်ကိုသိ၍ စိတ်တိုကာ ဆဲလိုက်သည်။ နောက်တစ်ခါထပ်ဆက်ချိန်၌ ဖုန်းဝင်သွားသည်။ စောစောက မာန်ဖီဆဲသောရုပ်မျိုးမဟုတ်၊ တစ်ဖက်သား ကလိကလိ ဖြစ်အောင်ပြောတော့မည့်ရုပ်မျိုးပြောင်းသွား၏။ တစ်ဖက်မှသူရိန်လင်း၏ တုံ့ပြန်လိုက်သောစကားကြောင့် ကြက်သေသေသွားရသည်။
နီသော် နေ့လည်ခင်းအချိန်တွင်နိုးလာ၍ ရေချိုးခန်းမှရေသံကြောင့် ပြန်မှေးနေလိုက်သည်။ သူရိန်ရေချိုးပြီးနောက် ထွက်လာကာ အိပ်နေသူကိုမနိုးသေး အထင်ကြောင့် နီသော်၏ နှုတ်ခမ်းရဲရဲထူထူကို ခပ်ဖွဖွလေး ဖိလိုက်သည်။ ပျိုမေတို့ ကြွေကျလောက်သည့်အပြုံးဖြင့် အသံတိတ် သူတစ်ယောက်တည်း ရယ်ပြုံးလုပ်နေသည်။ ပြီးနောက်အဝတ်လဲကာ နီသော်အိပ်နေသောကုတင်ပေါ်သို့ လက်တော့ပ်တစ်လုံးဖြင့် တက်လာကာ အလုပ်လက်စသပ်နေသည်။ နီသော်လည်း သူရိန်လင်းခိုးနမ်းသည်ကို မသိချင်ယောင်ဆောင်ကာ ရေချိုးခန်းသို့ဝင်ကာ ရေချိုးနေလိုက်သည်။
သူရိန်လင်းသည် နီသော်ရေချိုးနေချိန်တွင် ဒီကိုရောက်တည်းက ပါဝါပိတ်ထားသောဖုန်းနံပါတ်တစ်ခုနှိပ်ကာ ဖုန်းပြောနေသည်။ ဖုန်းပြောပြီးနောက်မကြာသေး ဖုန်းထပ်ဝင်လာသည်။ အဖွားအိမ်မှနံပါတ်ဖြစ်၍ တမင်မကိုင်ဘဲထားလိုက်သည်။ အဖွားသည် အသက်ကြီးသော်လည်း မက်ဆေ့သာပို့တတ်သည်။ ဒေါ်မော်အေးဆက်သည်အမှတ်ဖြင့် မကိုင်ဘဲထားလိုက်သည်။ သို့သော် ဆက်တိုက်ခေါ်နေသောကြောင့် ဖုန်းကိုင်လိုက်သည်။
" ဟယ်လို ဖွား"
"..."
" ဘယ်လို ...အဖွားမေ့လဲတာ...မင်းဘာလုပ်လိုက်လို့လဲ... ပိုင်စိုး..."
"..."
ဖုန်းဆက်သူသည် ပိုင်စိုးပင်။ သက်သက် စိတ်အနှောက်ယှက်ပေးချင်မှန်းသိလို့ ဆက်သည်ကို သိသည်။ သူရိန်ခေါ်သွားသည့် ကောင်လေးကြောင့် အဖွားမေ့လဲ သည်ဟု ပြောခြင်းပင်။ သူရိန်သည် ဘယ်အချိန်ကတည်းက စိတ်ထဲရောက်နေမှန်းမသိသောကောင်လေးကို ထိပါးလာ၍ တစ်ခွန်းသာပြန်ပြောလိုက်သည်။
" မင်းတို့မိသားစုအကြောင်း ဖော်ထုတ်မခံချင်ရင် ...အေးဆေးနေလိုက်...လောလောဆယ် အဖွားကိုဂရုစိုက်ထားပေးပါ" ဟုသူရိန်လင်း ထိုစကားသာပြောပြီးဖုန်းချလိုက်သည်။ နီသော်လည်း ရေချိုးပြီး ထွက်လာကာ အဝတ်လဲပြင်ဆင်ပြီး သူရိန့်ကို မနေ့က ညနေစာမစားလိုက်ရ၍ ယခုနေ့လည်စာ သွားစားရန်ပြောလိုက်သည်။ ခဏအကြာတွင် သူရိန်ပြန်ပြောလိုက်သော စကားကြောင့် နီသော့်မျက်နှာ အရှက်သည်း၍ ခရမ်းချဥ်သီးမှည့်လို ရဲတက်လာလေ၏။
"ကိုယ်က နီ့ ကိုစားချင်တာ "
သူရိန်သည် လျှာကိုနှုတ်ခမ်းနားသပ်ပြီး နီသော့်နားတိုးကပ်၍ပြောလိုက်သည်။ နီသော်အရှက်သည်းသော ပုံစံလေးကြောင့်စလိုက်ခြင်းပင်။ စနောက်ခြင်း အမှုကိုရပ်ကာ နီသော်ကိုပခုံးမှဖက်၍ အခန်းပြင်ထွက်ကာ နေ့လည်စာစားရန်ထွက်လာသည်။ သို့သော်နီသော်၏ခြေထောက်ဖြူသွယ်သွယ်တို့သည် လိုက်မလာချေ၊ အခန်းတံခါးဖွင့်သည်နှင့် မြင်လိုက်ရသော လူတစ်ယောက်ကြောင့် အခန်းပေါက်ဝတွင်သာရပ်ကာ ထိုလူအား ကြောင်ကာ ကြည့်နေ၏။

KAMU SEDANG MEMBACA
LOVE BIRD (Completed)
Romansa25.5.2020 စိတ်ကူးယဥ် Fictionဖြစ်လို့ fictionထဲပါအကြောင်းအရာများထဲ အမှားပါခဲ့ရင် သည်းခံပေးပါရန် မေတ္တာရပ်ခံပါတယ်.... zawgyi code အဖွား၏စကားအရမဖြစ်မနေမိန်းကလေးတစ်ယောက်နှင့်လက်ထပ်ဖို့ဖြစ်လာတဲ့အခါ လက်ထပ်ပွဲနေ့မှာ အဲ့မိန်းကလေးရောက်မလာပဲ တခြားသူအစားထိ...