EP-17

7.4K 481 15
                                        


Unicode.....
သူရိန်လင်း အဖွားဖြစ်သူကို တည်းခိုသည့် ဟိုတယ်ကိုပို့ပြီး ပြန်လာကာ သူရိန်ဖုန်းပြောပြီး  ချိန်းထားသည့်  လူဆီသွားပြီးနောက် အပြန်လမ်းတွင်  နီသော်ကိုလက်ထပ်ခွင့်တောင်းရန် စီစဥ်၏။  သူရိန် မန္တလေးကနေ ဝယ်လာသော မိုးကုတ်မြို့ထွက် ပတ္တမြားနီညို့ညို့ဖြင့် တန်ဆာဆင်ထားသည့်  ရွှေလက်စွပ်လေးကို ထုတ်ကြည့်ကာ တပြုံးပြုံးဖြစ်နေ၏။  နီသော့်အား လက်ထပ်ခွင့်တောင်းရန်အတွက်  ခြံအတွင်း အလှဆင်ရန်လိုအပ်သည့် ပစ္စည်းများဝယ်ခြမ်းနေ၏။ 

သူရိန်အိမ်ပြန်လာရာ တစ်အိမ်လုံးမှောင်မိုက်နေသည်။ ခြံတံခါးပိတ်ထားသော်လည်း အိမ်မကြီးတံခါးသည် စေ့ထားရုံမျှသာဖြစ်နေသည်။ သူရိန့်ရင်ထဲ စိုးထိတ်သွားသည်။  သူရိန်  သူ့အဖွားစကား အသွားအလာကြောင့် နီသော် သူအိမ်သို့ပြန်သွားမည်ထင်ကာ စိုးရိမ်ကြီးနေ၏။  တံခါးတစ်လျှောက်ဝင်လာပြီး  မီးခလုတ်များနှိပ်ကာ အိမ်ထဲ၌ နီသော့်ကို ပတ်ရှာသည်။ မတွေ့ပေ။ သူရိန်စိုးရိမ်စိတ်တို့မြင့်တက်လာ၏။   အိမ်အောက်ထပ်တစ်ထပ်လုံး ရှာရာနီသော်ကို မတွေ့တော့  သူနဲ့ နီသော်တို့ရဲ့အိပ်ခန်းဆီသို့ သတိရမှဝင်သွားကြည့်သည်။  အခန်းထဲ၌လည်းမှောင်မည်းနေပြီး  မီးဖွင့်လိုက်ရာ   သူမြင်လိုသည့် လူသားလေးကို ကုတင်ပေါ်တွင်ကွေးကွေးလေးအိပ်နေသည့် နီသော်ကို တွေ့လိုက်ကာမှ မျက်နှာတွင် အပြုံးရိပ်သန်းလာပြီး  ရင်ဝ၌ စိုးရိမ်မှုပြင်းထန်နေသော အလုံးကြီးလည်း ကျသွား၏။ 

သူရိန် နီသော့်အားမြင်မြင်ချင်း ကုတင်ပေါ်သို့သွားကာ အိပ်နေသောနီသော်ကို ပြေးဖက်လေသည်။  သူရိန်ရင်ထဲ၌ မြတ်နိုးသောအရာလေး ဆုံးရှုံးရဆဲဆဲမှာ ပြန်တွေ့လိုက်ရသလို ဝမ်းသာကာ လွတ်ထွက်သွားမည်စိုးသလို တင်းကြပ်စွာဖက်ထား၏။  တင်းကြပ်စွာဖက်ထားခံရမှုကြောင့်  နီသော်နိုးလာသည်။ နီသော် သူ့အား လွတ်ထွက်မည်စိုးသဖြင့် နောက်မှအိပ်ရင်း သိုင်းဖက်ထားသော သူရိန် လက်အားအသာကိုင်လျက် ခေါင်းအနည်းငယ်စောင်းလိုက်ပြီး  စိုးရိမ်ကာမေး၏။

"ကိုလင်း ဘာဖြစ်လာတာလဲ...နီ့ကိုပြောပါဦး"

"နီ ကိုယ့်ကိုထားပြီး ထွက်မသွားပါနဲ့နော်။  အဖွားပြောတာတွေလည်း စိတ်ထဲမထားပါနဲ့ ။ ကိုယ်က နီကိုပဲ ချစ်တာပါ။ ယုံပါနော်... နီ"

သူရိန် နီသော်ရဲ့ပါးပြင်အား အသာနမ်းကာ လေးပင်နေသော်လည်း  ဘယ်လိုပုံဖြစ်နေဖြစ်နေ ဆွဲဆောင်မှုရှိလှသောအသံက  ခပ်အက်အက်ဖြစ်နေ၏။

"နီကကော မယုံဘူးလို့ပြောနေလို့လား"

"ကိုယ် အဖွားကိုပို့ပြီး အိမ်ပြန်လာတော့ တစ်အိမ်လုံးမှောင်မည်းနေတာနဲ့   နီ ကိုယ့်ကို အဖွားစကားကြောင့်များ ထွက်သွားပြီးလားလို့  စိတ်မောမောနဲ့ တစ်အိမ်လုံးနှံ့နေအောင် လိုက်ရှာသေးတာ၊ နောက်တော့အပေါ်တက်လာမှ နီကိုမြင်မှ ကိုယ်စိတ်အေးသွားတာ..."

"...ပြွတ်..."

"နီ ဗိုက်အောင့်လို့ အကိုက်ခဲပျောက်ဆေးသောက်ပြီး အိပ်ပျော်သွားတာ...မိုးချုပ်သွားမှန်းတောင်မသိလိုက်ဘူး "

နီသော် သူရိန်၏တစ်လုံးမကျန် အကုန်ပြောပြနေသောကြောင့် သူရိန့်အား ချစ်စိတ်များတိုးလာပြီး  ရုတ်တရက် နမ်းလိုက်သည်။  သူရိန် နီသော်ရဲ့အမူအရာကြောင့်  ကြောင်သွားပြီး ခဏကြာတွင်  ခပ်ညစ်ညစ်ပြုံးလိုက်ကာ နီသော့်ကို ခပ်တင်းတင်း ဖက်ထားလိုက်ပြန်၏။

"နီ ကိုယ့်စိတ်ကိုလာမဆွနဲ့နော်... ဒီလူက အချိန်တိုင်းစိတ်ထိန်းနေရတာ လွယ်မနေဘူး"

သူရိန် သူ့ရင်ခွင်ထဲ၌ ထည့်ဖက်ထားသောနီသော်ကိုယ်လေးကို သူဘက်လှည့်စေသည်။ ပြီးနောက်   နီသော်ရဲ့အလှကိုယစ်မူးနေသော မျက်ဝန်းတစ်စုံက ကြည့်ကာ ခပ်တိုးတိုးဆိုလိုက်၏။

"ဘယ်သူကကော စိတ်ထိန်းခိုင်းလို့လဲ"

နီသော် သူ့အနောက်မှသိုင်းဖက်ထားသော သူရိန်လင်းကို ခေါင်းလှည့်ကာ မျက်စောင်းလှလှပေးပြီးပြောလိုက်၏။ 

"ဟာ...နီ အဲ့ကိစ္စက မနောက်ကောင်းဘူးနော်...ကိုယ် အွန်း... "

နီသော် သူရိန့်စကားမဆုံးခင် သူရိန်၏ပြေပြစ်ချောမောနေသည့် လည်တိုင်ကို  သေးသွယ်သည့် လက်ကလှမ်းဆွဲလိုက်ကာ  နူးအိသောနှုတ်ခမ်းသားချင်း ထိကပ်လိုက်သည်။  သူရိန် နီသော်၏အပြုအမူကြောင့် အံ့သြနေသည်။ စက္ကန့်ပိုင်းမျှအကြာ ကြောင်နေရာမှ သူရိန် နီသော်ပါစိတ်ဆန္ဒရှိသည်ဖြစ်၍ ထိုသိုပြုခြင်းဖြစ်မည်ဟုယူဆကာ  နီသော်၏တင်ပါးလုံးလုံးကျစ်ကျစ်ကို လက်ဖြင့်ဆုပ်ကိုင်နေ၏။  နီသော် ညည်းသံသေးသေးထွက်လာသည်။ ထိုအသံကြောင့် သူရိန့်စိတ်တို့ပိုကြွလာ၏။

နှစ်ယောက်သား အနမ်းများကြမ်းလာကာ နှုတ်ခမ်းသားထက် ငွေရောင်အမျှင်ရည်များ တန်းလာ၏။ သူရိန် စိတ်ဆန္ဒပြင်းပြလာကာ လက်သွယ်သွယ်ကလည်း  ချစ်ရသူရဲ့နယ်နမိတ်ကို တဖြည်းဖြည်း ကျူးကျော်လာသည်။  နီသော် သူရိန်ကိုစချင်၍သာ သူ့ဘက်မှ စနမ်းလိုက်သည်ဖြစ်ရာ  ယခုမူ နီသော်ကိုယ့်ထောင်ချောက် ကိုယ်ပြန်ရောက်သလိုဖြစ်နေသည်။ 

နှစ်ယောက်သား ခပ်ကြမ်းကြမ်းအနမ်းများကို အချိန်မည်မျှကြာသည်မသိအောင် စီးမျှောပြီးချိန် သတိပြန်ဝင်လာရာ  ကိုယ်အပေါ်ပိုင်း၌ အဝတ်များမရှိတော့ချေ။ နှစ်ဦးသား မည်သူက ဘယ်အချိန် အဝတ်အားချွတ်လိုက်သည်မသိ။ နီသော်မှာတော့ရှက်နေကာ ခေါင်းငုံ့ထားသည်။  မျက်နှာတွင်လည်း ပန်းရင့်ရောင်ပြေးလေး သန်းနေ၏။

"အာ...ကိုယ်တောင်းပန်ပါတယ်  နီ  မရည်ရွယ်ပါဘူး"

သူရိန်  ချိုအီလှသောအနမ်းများကို  စီးမျှောရင်းမှ သတိပြန်ဝင်လာပြီး ခေါင်းငုံ့နေသောနီသော်၏ အဝတ်မဲ့နေသော ကိုယ်အပေါ်ပိုင်းကိုကြည့်ကာ သူလွန်သွားပြီဟူ၍ လန့်သွား၏။ နီသော် သူ့အားစိတ်ခုမည်ဆိုးကာ  အမြန်တောင်းပန်လေသည်။

နီသော် သူရိန့်စကားကြောင့် မျက်မှောင်ကျုံ့ကာကြောင်နေ၏။

'ကိုလင်း ဘာလို့တောင်းပန်နေတာလဲ'ဟု ခေတ္တမျှစဥ်းစားလျက်။

"ကိုလင်းကို နီအလိုရှိတယ်ဆိုရင်ရော.... "

နီသော်ထိုစကားကို ရှက်ရှက်နှင့်ပြောလိုက်၏။ နီသော် ဗိုက်အောင့်နေသော်လည်း သူရိန်လင်းဆန္ဒကိုဖြည့်ဆည်းပေးချင်ခဲ့ရာ စိတ်ကိုအလိုလိုက်တော့သည်။ သူရိန်လည်း  စောစောကစိုးရိမ်ကြီးသော  အမူအရာမဟုတ်တော့ဘဲ မှိုရသလိုမျက်နှာနှင့် အပျော်လွန်ကာ ပြုံးနေသာပုံစံဖြစ်နေ၏။

" ကိုယ့်ကို ခွင့်ပြုတယ်ပေါ့လေ "

နီသော် မျက်လုံးမှိတ်အောင်ပြုံးလျက်  ခေါင်းငြိမ်ပြပြီး ရှက်ရှက်နှင့် သူရိန့်ရင်ခွင်ထဲဝင်သွားလေ၏။  သူရိန် အခြေအနေကိုရိပ်မိကာ ပြုံးလျက် အချစ်နှယ်ကျွံရန် စတော့သည်။

သူရိန် နီသော့်ကို  ညတွင်လက်ထပ်ခွင့်တောင်းရန်စီစဥ်ထားသော်လည်း မနက်မှသာ လုပ်ရန်သာတွေးလိုက်တော့၏။ ယခုအချိန်တွင် နီသော်ရဲ့ ညည်းသံအေးအေးကို သူတန်ဖိုးထားကြားချင်သည်။  နီသော်လည်း သူရိန်လင်းစိတ်ကြောင့်  နာကျင်ကိုက်ခဲနေသော နေရာများမရှိတော့သလို။  သူရိန်ပေးသော  နူးညံ့သည့်နာကျင်မှုကိုသာ သူစိတ်ထဲ မှတ်သားခံယူနေ၏။

ထိုနာကျင်မှုသည် နီသော်အတွက် အချစ်နိဗ္ဗာန်ဟုမှတ်ကာ သူရိန့်အတွက် သူခန္ဓာကိုယ်အား စိတ်ပါစွာ အပ်နှင်းလိုက်တော့သည်။ 

ကိုလင်း နီ့ကိုထားခဲ့ပြီး နေရပ်ပြန်သွားရင်တောင်  ကိုလင်းနဲ့ကုန်ဆုံးခဲ့တဲ့ ညလေးကို နီ့ဘဝ အမှတ်တရအနေနဲ့ သိမ်းထားချင်မိတယ်။   ဘာကိုမှ လောဘမရှိတဲ့နီက ကိုလင်း နီ့ဘဝကို ရောက်လာပြီးကတည်းက  ကိုလင်းကို နီတစ်ယောက်တည်းသာပိုင်ဆိုင်ချင်၏။  ကိုလင်းမှာ လက်ထပ်မယ့်သူရှိတယ်လို့ ကြားလိုက်ရချိန်က ကိုလင်း နီ့ဆီက ထွက်မသွားခင် ကိုလင်းပေးမယ့် နာကျင်မှုကို နီ ခံယူချင်မိနေသေးတယ်။  နီ့အတွက်အဖော်အဖြစ် ကိုလင်းရဲ့ပေးတဲ့နာကျင်မှုသာ ရှိမယ်ထင်တယ်....

နီသော် စိတ်ထဲတွေးကာ ဝမ်းနည်းနေလျက် အတွေးအဆုံး ဖြူဥဥ မျက်ရည်လုံးလေးများ ကျဆင်းလာသည်။  သူရိန်မမြင်မိစေရန် လည်ပင်းကိုသိုင်းဖက်ထားကာ  သူရိန့်ပုခုံးထက်တွင် သူ့မျက်နှာကို တင်ထားလိုက်ပြီး အချစ်ကြောင့်ဖြစ်သော နာကျင်မှုကို တစ်ဝကြီးခံစားနေ၏။
အချစ်နွံနစ်နေကြသော ချစ်သူနှစ်ဦးမှာ ဆန္ဒပြည့်ဝသွားကြတော့ အနားယူကြတော့၏။

မနက်ခင်း ဝေလီဝေလင်းတွင် စိုစိစိအရည်တစ်ခုကြောင့် သူရိန်နိုးလာကာ ကြည့်လိုက်သည်။  နီသော့်ပန်းပွင့်လေးမှ ယိုစိမ့်နေသော နီရဲရဲအရည်ကြောင့် မျက်ဝန်းအိမ်ကျယ်လာသည်။  နီသော်ကိုနိုးမည်လုပ်ကာ  ညကသူကြမ်းထားသော အရှိန်ကြောင့် ပင်ပန်းနေမည်ဟု တွေးလျက် မနိူးလိုက်တော့ချေ။ ထို့နောက် ရေချိုးခန်းထဲဝင်ကာ သူကိုယ်သူဆေးကြောသန့်စင်ပြီးနောက်  နီသော့်ကို သန့်ရှင်းရေးလုပ်ပေးရန် ရေဇလုံယူလာ၏။ သူရိန် အနီရောင်ရည် ယိုစိမ့်နေသောနေရာကို ထပ်ခါထပ်ခါသုတ်သော်လည်း  စိမ့်ထွက်မြဲပင်။

သူ့ကြောင့် နီသော် အနာတရဖြစ်သွားသည်ဟု တွေးလျက်  စိတ်မကောင်းဖြစ်နေသည်။ နီသော်နိုးမှ တောင်းပန်ရန် တွေးလိုက်တော့၏။ သူရိန် ထပ်အိပ်မရသည့်အဆုံး ထရန်ပြင်လိုက်ပြီး မနက်မိုးလင်း နီသော်နိုးရင် ညကမလုပ်လိုက်ရသည့် အစီအစဥ်ကို ပြင်ဆင်လေသည်။ တစ်နာရီအကြာတွင်  ခြံဝင်းအတွင်းပန်းခြံထဲ၌  အနီရောင်လေပူဖောင်းများဖြင့် သူ့နေရာနဲ့သူလိုက်ဖက်အောင် အလှဆင်ထားပြီး ညကဝယ်လာသောကိတ်ကို ရေခဲသေတ္တာမှ ထုတ်ကာ အသဲပုံဖော်ထားသည့် နှင်းဆီပန်းနီနီများ ကြားထားလိုက်၏။ ထိုကိတ်ပေါ်တွင် Marry me ဆိုသည့်စလုံးကို ရွှေရောင်ခရင်ဖြင့် ရေးထိုးထားသည်။ သူရိန် သူပြင်ဆင်ထားသည့်တစ်ခုလုံးပြီးရာ  ထိုအခမ်းအနားကို ခါးထောက်ရင်း ကြည်နူးရိပ်ထင်နေသော မျက်နှာဖြင့် နီသော့်အားလက်ထပ်ရတော့မည်ဟု တွေးကာပျော်နေလေသည်။   ထို့နောက်  နီသော်နိူးချိန်ကို မစောင့်နိုင်တော့ဘဲ အပေါ်တက်ကာ နိူးလေသည်။

"ဟဲ့...ပိုင်းလုံးကောင် မင်းငါ့မြေးနားက အမြန်ထွက်သွား...မင်းကြောင့် ငါ့မြေးကို ပြန်ခေါ်လို့မရတာ... အေး  ပြောလို့ဆိုလို့မရရင် မင်းအိမ်ကလူတွေဘာဖြစ်သွားမလဲ ကြည့်နေလိုက်..."

အမှောင်ရိပ်အတိဖြစ်နေသော ပတ်ဝန်းကျင်တွင် ဒေါ်သောင်းသည် ဘီလူးစီးနေသလို မျက်လုံးရဲရဲတို့ဖြင့် နီသော်အား ခြိမ်းခြောက်နေသည်။ အမှောင်ရိပ်ကြောင့်  နီသော် ဒေါ်သောင်း၏မီးလို တောက်လောင်နေသည့် မျက်လုံးတစ်စုံသာ မြင်နေရ၏။ သူ၏ခါးသီးသီးစကားကလည်း နီသော် နားနဲ့မဆံအောင်ကြားနေရသည်။

နီသော် စကားပြောမည်ပြုရာ  နှုတ်ခမ်းသာလှုပ်နေသည်။ အပြင်သို့ အသံထွက်မလာချေ။  စကားမပြောတတ်သောသူလို  လည်ချောင်းဝ၌ တစ်နေသည်။  စိတ်တိုလာကာ နောက်ဆုံး ၌ အသားကုန် အော်လိုက်ရာ အမှောင်ရိပ်တို့မတွေ့ရတော့။  မျက်လုံးမျက်ခုံးထင်ရှားကာ ခန့်ညားလှပြီး သေသပ်သော နှုတ်ခမ်းတစ်စုံက သူ့အားခေါ်နေသည်ကို တွေ့ရလေသည်။

"နီ...နီ ထ ထ ပါဦး...အိမ်မက်ဆိုးတွေမက်နေလို့လား"

သူဖြေမည့်အဖြေကို စောင့်နေကာ သူ့အပေါ်မှအုပ်မိုးထားသူကို နီသော် လှမ်းယူဆွဲဖက်လေသည်။  သူရိန်လည်း  သူ့နှစ်သိမ့်မှုလိုအပ်သည်ထင်ကာ  ပြန်ဖက်ပြီးချော့သိမ့်နေသည်။  ငိုချင်ရက်လက်တို့ ဆိုသလို နီသော်အသည်းသန်ငိုတော့သည်။ နှုတ်မှလည်း သူရိန့်အားထားမသွားရန်  ထပ်ခါထပ်ခါပြောနေ၏။  သူရိန် နီသော့်စကားကြောင့် အတိုင်းမသိပြုံးမိကာ ချော့မြူနေသည်။

"ကိုက နီ့ကိုဘာလို့ထားသွားရမှာလဲ...ချစ်စရာဒီတစ်ယောက်ရှိတာ...."

နီသော် သူရိန့်အားဖက်ထားရာမှလွတ်ပေးလိုက်ပြီး နာနေသော ခန္ဓာကိုယ်အောက်ပိုင်းတစ်နေရာမှ ယိုစိမ့်နေသောအရည်အနီနီများကို ခံစားမိလိုက်သည်။ သူသိလိုက်သည်။ သူရိန်လင်းနဲ့အတူနေ၍ဖြစ်သည်မဟုတ်။ ရာသီသွေးဆင်းနေ၏။ နီသော် ကိုလင်းရှေ့ရှက်နေကာ  သူရိန်လင်းအား အခန်းပြင်ထွက်စေရန် အကြောင်းရှာနေသည်။ သူရိန် နီသော်ရဲ့အပြုမူကို တစ်လုံးချင်းမှတ်သားကာ ပြုံးလိုက်သည်။  မနေနိုင်သည့်အဆုံး  သူရိန် နီသော့်ကိုယ်လေးအား ပွေ့ချီကာ ရေချိုးခန်းသို့ပို့ရန်ပြင်လိုက်သည်။

"လာကိုယ်ပွေ့မယ်..."

နီသော် အိပ်ယာခင်း၌ သူ့ရဲ့အစွန်းထင်းများကြောင့်  ခေါင်းယမ်းကာ အသည်းသန်ငြင်းလိုက်သည်။  သို့သော် သူရိန်၏ လက်ပေါ်ရောက်သွားနှင့်သည်။

"နီရာ ကိုယ့်ကိုရှက်မနေပါနဲ့  မနက်ကတောင်ကိုယ်ပဲသန့်ရှင်းရေးလုပ်ပေးထားတာနော်"

သူရိန် နီသော်ရှက်နေသည်ကို ကြည့်လို့မဝဖြစ်ကာ စလိုက်သည်။

"အား!"

နီသော် ရှက်ရှက်နဲ့ အသံကျယ်ကာအော်မိသွားသည်။ သူရိန် သူပွေ့ထားသောကောင်လေးကို ငုံကြည့်လိုက်ရာ ပါးနှစ်ဖက်ရဲလျက်ဖြစ်နေ၏။ ထို့နောက် ရေချိုးခန်းထဲက bathtubအဖုံးပေါ်ထိုင်ခိုင်းထားလိုက်ပြီး သူရိန်ကိုယ်တိုင် မျက်နှာသစ်ပေး၏။  ထို့နောက် သူရိန်သူကိုယ်တိုင်ပြင်ဆင်ထားသော  ဆင်တူဝတ်စုံအဖြူလေးကို ဝတ်စေချင်သေးသည်။   သူအရင် ရေချိုးခန်းထဲ ထွက်လာကာ  အဝတ်စားလဲထားလိုက်သည်။  ခဏကြာမှ နီသော်ထွက်လာ၏။

"ကိုလင်း  ဘယ်ကိုသွားစရာရှိလို့လဲ  "

နီသော် ဝတ်စုံအပြည့်နဲ့ ခန့်ညားလှသော သူရိန်လင်းကို  ကြည့်ကာ  ချစ်ခြင်းအပြည့်ရှိသော မျက်ဝန်း များဖြင့်ဆိုလိုက်သည်။ နီသော်ပြောတာပြောရသည် သူရိန်အားထားမည်စိုးသဖြင့်  စိတ်ထဲ၌ ဝမ်းနည်းနေ၏။

"လက်ထပ်ခွင့် တောင်းရမယ့်သူရှိလို့။ ရော့ နီပါဒါဝတ်ပြီး ကိုနဲ့လိုက်ခဲ့ပေးနော်"

သူရိန် နီသော်ကို စလိုက်ကာ ခပ်တည်တည်မျက်နှာထားဖြင့်  ဝတ်စုံကိုပစ်ပေးလိုက်ပြီး သူရိန်အရင် အခန်းအပြင်ထွက်ခဲ့နှင့်သည်။  နီသော် သူရိန့်စကားကြောင့်   စိတ်ထဲ ဝမ်းနည်းလာကာ ငိုချင်ချင်ဖြစ်လာသည်။ နီသော် သူ လက်ခံပေးရမည်ဖြစ်ရာ သူရိန့်အနားက  ချက်ချင်းထွက်သွားရမည်လို့   သူမထင်မိ။

'ကိုလင်းအဖွားပြောတဲ့ စေ့စပ်ထားတဲ့မိန်းကလေးပါ ဒီကိုရောက်နေတာလား’
နီသော် သိမ်ငယ်သလို ခံစားလိုက်ရ၏။

ကိုလင်းပေးတဲ့ ချိုမြိန်တဲ့ နာကျင်မှုကို သူ့အတွက် အမှတ်တရ သိမ်းထားပြီပဲ  ကိုလင်း အနားကထွက်သွားပေးရတော့မှာပေါ့ ။

သူရိန် နီသော့်ကို စောင့်နေတာ နာရီဝက်လောက်ရှိ၏။ ဆင်းမလာသေး။  သူရိန် ညကအဖြစ်ကို စဥ်းစားမိလိုက်ကာ တစ်ခုခုဖြစ်နေမည်ကို  စိုးရိမ်ကာ အပေါ်ထပ် တက်သွား၏။  အခန်းထဲသို့ရောက်ကာ သူမြင်လိုက်ရသည့် မြင်ကွင်းက သူခဏခဏစိုးရိမ်နေရသည့် သူ့ရှေ့ကလူသားလေးကို  ဘယ်သူမှမမြင်အောင် ဝှက်ထားချင်မိသည်။  သူနဲ့ဆင်တူ ဝတ်စုံလေးကို ဝတ်ထားရာ  နီသော် ချစ်စရာကောင်းနေ၏။ လုံးလုံးကောက်ကောက် ဆံပင်လေး တစ်ဝက်ကို စည်းနှောင်ထားသေးသည်။  သူရိန်အူယားလာကာ  လက်ထပ်ခွင့် မြန်မြန်တောင်းချင်နေတော့သည်။  သူရိန်စိတ်မရှည်တော့ကာ  နီသော့်အားပွေ့ကာ  သူပြင်ဆင်ထားသည့်နေရာသို့ ခေါ်သွားတော့၏။

" ရှင့်တို့သားကို  ငါ့မြေးအနားက သူ့အသိစိတ်ဓာတ်နဲ့သူ ထွက်သွားခိုင်းလိုက်ပါ...မဟုတ်ရင် ငါ့အကြောင်းသိမယ်"

မနက်ခင်းစောစောတွင်  ဒေါ်သောင်းသည် ဒေါ်ဆွေသိန်းတို့အိမ်သို့သွားပြီး နီသော်ကို သူရိန်အနားက ထွက်သွားစေရန်  အထက်စီးမှနေကာ ပြောနေသည်။  ဒေါ်ဆွေသိန်း နီသော်မှာ မွေးထားသည့် သားမဟုတ်၍ စိတ်ထဲ မည်သို့မှမဖြစ်။ သို့သော် ဒေါ်သောင်း၏ ဝတ်ပုံစားပုံကိုကြည့်ကာ  ပိုက်ဆံရှိအသိုင်းဝိုင်းမှဖြစ်မည်ဟု တွေးကာ  ရပေါက်ရလမ်း ကြံလိုက်သည်။

"ဟိုကောင့်ကိုပြန်ခေါ်ရင်  ကျုပ်တို့ လစဥ်ရတဲ့ငွေတွေ ဘယ်ရတော့မလဲ"

ဒေါ်ဆွေသိန်း မျက်နှာဘယ်ညာယိမ်းကာ  ဒေါ်သောင်းစကားကို  သူတို့အား ငွေပေးရင် လုပ်မယ်ဟူ သဘောဖြင့် ဆိုလိုက်သည်။  ဒေါ်သောင်းလည်း ဒေါ်ဆွေသိန်စကားရဲ့ အသွားအလာကို  သိကာ အရံသင့်ယူလာသည့် ကားဆရာကိုင်လာသော အိတ်အမည်းတစ်လုံးနဲ့ထည့်ထားသော ငွေများကို ပစ်ပေးလိုက်သည်။ ထိုငွေများထည့်ထားသောအိတ်ကို ဖွင့်လိုက်ပြီး  တစ်အုပ်ထုတ်ကာ ဒေါ်ဆွေသိန်း  နှာာခေါင်းနှင့်  အားပါးတရရူလိုက်ကာ  စောစောက ခပ်ရွဲ့ရွဲ့ပြောနေသည့်မျက်နှာထားနဲ့မတူတော့ ပါးစပ်နားရွက် ချိတ်မတပ် ဒေါ်သောင်းကို ပြုံးပြလျက် ဒေါ်သောင်းလိုချင်သည့် အဖြေအားပြန်ပေးလိုက်၏။

" မမ နီသော်ဦးကိစ္စ စိတ်မပူနဲ့...   ညီမလေး  မမဖြစ်စေချင်တဲ့အတိုင်းဖြစ်စေရမယ်...အဲ့ကောင်က ဆွေ့စကားဆို နားထောင်တယ် မပူနဲ့ မပူနဲ့"

"ပိုင်းလုံးတွေ"

ဒေါ်သောင်း ပြန်ခါနီး  ဒေါ်ဆွေသိန်းအား ကြားအောင်ပြောကာ ကားပေါ်တက်သွားသည်။  ဒေါ်ဆွေသိန်း ထိုစကားကို  ငွေမျက်နှာကြောင့် မတုံ့ပြန်လိုက်။ ထိုငွေများရေတွက်လိုက်ပြီး  ဖဲဝိုင်းသွားလေ၏။

......................................

" ကဲ့...မောင်သူရိန်လင်း   ဒီသတင်းစာထဲက ကိစ္စက ဘယ်လိုဖြစ်တာလဲ ရှင်းပြပေးလို့ရမလား"

ရွှေမြေလုပ်ငန်းစုရဲ့ ကုမ္ပဏီရုံးခန်းထဲ၌  ဦးစိုင်းထန် သူရိန့်ရှေ့သို့  သူရိန်လင်းဘက်မှ အတိအလင်းကြေငြာထားသည့်  Htan Groupနဲ့  ပူးပေါင်းထားသောလုပ်ငန်းမှန်သမျှ  ရပ်တန့်ကြောင်း ရေးသားထားသည့် သတင်းစာတစ်အုပ်ကို ပစ်ပေးကာ ဘီလူးသရဲစီးနေသလို ခက်ထန်သော မျက်နှာအမူအရာဖြင့် မေးနေသည်။

သူရိန် သူ့ရုံးခန်း ဆိုဖာကျယ်တွင် ခြေချိတ်လျက်  ပုခုံးနှစ်ဖက်တွန့်ပြပြီး လက်ဝါးပြင်ကျယ်သွယ်သွယ်နှစ်ဖက်အား ပင့်၍  'ခင်ဗျားကြားတဲ့အတိုင်းပဲ' ဟူသော အမူအရာဖြင့် စကားရှည်ရှည်မပြောချင်သလို ပုံစံဖြင့် ဦးစိုင်းထန်ကို လုပ်ပြလိုက်သည်။

"သည်ကိစ္စပဲ ဆက်ပြီးဆွေးနွေးချင်ရင် ဝင်းသူနဲ့သာပြောလိုက်ပါ... အိမ်မှာအိမ်သူသက်ထားတစ်ယောက်ထဲ ထားခဲ့ရတာ စိတ်မချလို့ ခွင့်ပြုပါဦး"

သူရိန် ဦးစိုင်းထန်အား ကိစ္စပြတ်ပြောပြီးနောက်   အတွင်းရေးမှူးဝင်းသူကို ဦးစိုင်းထန်ရှေ့တွင် မှာစရာရှိတာများ မှာကာ ပြန်သွားသည်။ ထန်အုပ်စုနှင့်  အရင်ကတည်းက လက်တွဲဖြုတ်ချင်နေ၏။သူ့အဖွား ဒေါ်သောင်းကြောင့်သာ လွှတ်ထားရသည် ဖြစ်၏။ ယခုမူ  နီသော်အား မိုခမ်းမှ ထိခိုက်စေသည့်ကိစ္စကြောင့် အခွင့်ကြုံသွားခြင်းပင်။ 

" ဝင်းသူ သည်ကိစ္စ စာချုပ်ထဲကအတိုင်းရှင်းရှင်းလင်းလင်းလုပ်ပါ  နစ်နာကြေးအလုံအလောက်ပေးလိုက်ပါ  ပြဿနာအမျှင်ပြတ်ပါစေ"

"ဟုတ်ကဲ့ ဘော့စ်"

ဝင်သူခေါင်းသာငြိမ့်ပြလိုက်သည်။

"ဟူး... ကိစ္စတစ်ခုတော့ပြီးသွားပြီ "

သူရိန် သူ့ရုံးခန်းမှထွက်ရာ စတိုင်ပန်ထဲ လက်တစ်ဖက်ထည့်ကာ ဆိုလိုက်၏။ ခြေလှမ်းများလည်း မြန်လာသည်။ သူ့စိတ်သည် အိမ်ကိုသာ အမြန်ရောက်ချင်နေ၏။ ဦးမိုးဆေးခန်းမှ  သူနာပြုနဲ့ထားခဲ့သော်လည်း စိတ်မချ။ သူကိုယ်တိုင်သာ ပြုစုချင်သည်။ နီသော် အဖျားကျသွားပြီလား၊  အနေအထိုင်ပဲ ခက်နေမလား၊  အစားရောစားပါ့မလား၊ သူ့သားသားလေးတွေကရော သူ့ပါးပါးကို ဗိုက်ထဲကနေပြီးကန်နေမလား ဟု အတွေးပေါင်းသောင်းခြောင်ထောင် တွေးကာ စိုးရိမ်နေလေသည်။  သူရိန်သူ့အတွေးနဲ့သူ ပြန်ရယ်နေသည်။  

နီသော်မနေ့က ဒဏ်ရာအရှိန်ကြောင့် အဖျားတက်လာပြီး တစ်ကိုယ်လုံးတုန်ယင်နေသည်။ နီသော် သူ့ဗိုက်ထဲက ကလေးများ တစ်ခုခုဖြစ်သွားမည်ကို  စိုးရိမ်နေမိ၏။   လက်မှပတ်တီးနှင့် ဖြစ်နေသောကြောင့် သူရိန်သိသွားသည်ဖြစ်၍  အိမ်ကလူများနှင့်စကားအတိုက်အခံ ဖြစ်မည်စိုးသဖြင့် စိတ်ပူနေမိသေးသည်။  နီသော်ကြောင့် တစ်ဦးတစ်ယောက်မှ စိတ်ဒုက္ခမရောက်စေချင်သည်က သူ့ဆန္ဒပင်။ ကုတင်ဘေးမှ ကလေးများအတွက်အထောက်ကူဖြစ်စေသော စာအုပ်ကိုဖွင့်လျက်  နီသော် သတိဝင်လာရာ  သူခိုလှုံနေကြ ရင်ခွင်ကျယ်ကြီးထဲသို့ ရောက်နေသည်။

" ကိုလင်း...ရောက်နေတာကြာပြီလား...ကုမ္ပဏီသွားတာလည်းမြန်လိုက်တာ"

နီသော် နေမကောင်းသည့်ကြားမှ ပြုံးကာမေးလိုက်၏။

"အင်း...နီ နိုးကတည်းက....  သူနာပြုကတော့ပြန်သွားပြီ"

အမှန်မှာ ထိုသူနာပြုကို သူရိန်ပြန်လွှတ်လိုက်သည်။  သူရိန်  သူရောက်လာသည်ကိုမသိဘဲ အတွေးလွန်နေသော နီသော်အနားသို့ အသာယာသွားကာ သူ့ရင်ခွင်ထဲထည့်ကာဖက်ထားလိုက်၏။  မနေ့က အဖြစ်အပျက်တွေကြောင့်  စိတ်မကောင်းဖြစ်မိနေသေး၏။  သို့ကြောင့်ပင်  သူ နီသော်ကို ယခင်ကထက် ပို၍ဂရုစိုက်ကာ စောင့်ရှောက်ရမည်ဟု စိတ်သွင်းထားလေ၏။ 

သူရိန် နီသော်၏ပုခုံးအား အသာအယာကိုင်ကာ သူ့ရင်ခွင်ထဲထည့်ထား၏။ ထို့နောက်ဗိုက်ပူပူကိုအသာအယာ တဖွဖွထိတွေ့နေသည်။

နီသော် အတွေးများနေရာမှ  သူရိန်လင်းသူ့ဘေးရောက်နေသည်ကိုမသိ။ ဗိုက်ပူလေးအားပွတ်သပ်မှ သာသိတော့၏။ 

"ဘာလဲ နီက ကိုယ်အိမ်အမြန်ပြန်လာတာမကြိုက်ဘူးလား "

သူရိန် နှာခေါင်းရှုံ့ကာ အတွန့်တက်မေးလိုက်တော့....

"မဟုတ်ပါဘူး ကိုလင်းရဲ့ နီက ကိုလင်းသွားတာ နာရီဝက်လောက်ပဲရှိလို့ပြောတာ  နီအတွက်နဲ့ ကိုလင်းရဲ့ အရေးကြီးတဲ့အလုပ်တွေ  လစ်ဟင်းကုန်မှာစိုးလို့ပါ"

" ကိုယ့်အတွက်အရေးကြီးတဲ့ အလုပ်ဆိုတာ  နီနဲ့ကိုယ့်ရဲ့ကလေးတွေအနားရှိဖို့ပဲ...အဲ့ဒါကြောင့် နီဘာမှတွေးမပူပါနဲ့...နီသော်နဲ့ သူရိန်လင်း ပေါက်စလေးတွေကိုပဲ ဂရုစိုက် ကြားလား  "

နီသော် သူရိန့်စကားကြောင့် ရင်ထဲအတိုင်းမသိ ဝမ်းသာနေကာ  ခေါင်းငြိမ့်ပြလိုက်၏။ သူရိန်လည်း နီသော်၏ဆံသားနုနုကို နမ်းရှိုက်နေသည်။ ခဏကြာတွင် နီသော်ရုပ်ပြစာအုပ် ဖတ်နေရင်းမှ အိပ်ပျော်သွားသည်။  သူရိန်လည်း အိပ်ပျော်သွားသော နီသော်ကိုစောင်ခြုံပေးခဲ့ကာ  နီသော်စားရန်အတွက် စားစရာများပြင်ဆင်လိုက်သည်။

"ကိုစိုးလုပ်ပါဦး ဒီတိုင်းပဲနေတော့မှာလား...ထွေးဖေဖေရဲ့ကုမ္ပဏီကို ကယ်ပါဦး...အဟင့်...အဟင့်"

နန်းအေးထွေး ပိုင်စိုးဝယ်ထားသော တိုက်ခန်းတွင် ပိုင်စိုး၏လက်မောင်းကို မှီထားကာ  သူပိုင်သည့် မို့မောက်အရာနှင့် မထိတထိလုပ်ကာ ဆွဲဆောင်နေသည်။  ပိုင်စိုး မတုန့်ပြန်။သူ့ရှေ့က လက်တော့ပ်ကိုသာ ကြည့်မြဲပင်။

"ကိုစိုး ဟိုတစ်ခါကလို  မြင့်အုပ်စုရုံးခွဲနဲ့ အေးထွေးအဖေကုမ္ပဏီနဲ့ပြန်ပြီး ပူးပေါင်းကြည့်ပါလား"

"ထွေးလေး အဲ့ဒါတွေက ကလေးကစားစရာမဟုတ်ဘူး... သူရိန့်ကုမ္ပဏီကတိုက်ရိုက်လုပ်တဲ့ကိစ္စဆိုတော့  အခြေနေစောင့်ကြည့်ရဦးမယ်...ဒီနေ့လေ  ကိုစိုး ပင်ပန်းနေတယ် တိတ်တိတ်လေးနေပေးပါလား "

ပိုင်စိုး အေးထွေးအား  ကုမ္ပဏီကိစ္စကို သူဝင်မရှုပ်ချင်၍  သူရိန်အားလွှဲချလိုက်သည်။  အရင်က ပိုင်စိုး သူရိန့်အားလုပ်ကြံသည့်ကိစ္စကို  ဦးစိုင်းထန်ချုပ်ကိုင်ထားပြီး ထန်အုပ်စု၏ ယိုင်နှဲ့လာသည့် လုပ်ငန်းကြောင့်  ရုံးချုပ်ကို ကုလားဖန်ထိုးကာ  မြင့်လုပ်ငန်းရုံးခွဲမှ အခြေနေမဟန်ဟုဆိုကာ  ထန်အုပ်စုနှင့်ပူးပေါင်းလိုက်ခြင်းသာ။

ဒီတစ်ခါ သူဝင်ရှုပ်လျှင် သူ့ယခုလက်ရှိရုံးကို ထိခိုက်လာနိုင်ကာ  ဦးစိုင်းမြင့်သူ ပြန်သိမ်းမည်ကိုလည်းကြောက်သော ကြောင့်ပင်။   အလုပ်ကိစ္စပြီးတော့ ပိုင်စိုး အေးထွေးကို အချိုသပ်ကာ သူလိုချင်သည်ကို တောင်းဆိုလျက်  နှစ်ယောက်သား ပျော်ပါးကြ၏။

"ဒေါ်ရှိန်း! သွားအရှေ့မှာလုပ်စရာရှိတာသွားလုပ်ချေ...မေသောင်းအတွက် ငါလုပ်ပေးလိုက်မယ် "

ဒေါ်မော်အေး  သူပြင်ထားသည့် ဆီးချိုသမားများမသုံးသင့်သော ဆေးဘူးကို  ဒေါ်ရှိန်းကိုင်ကြည့်နေ၍ အသည်းသန် အော်ကာ မောင်းထုတ်နေသည်။
ဒေါ်မော်အေးသည်လည်း  ယခင်ကထက် ပိုပြင်းသော အဆိပ်မှုန့်အား ထည့်ကာ သူကိုယ်တိုင်  ချက်ကျွေးသည်။  ဒေါ်သောင်းကျန်းမာရေးလည်း ပို၍ ဆိုးလာ၏။  ဦးစိုင်းမြင့်သူလည်း သူရိန်နဲ့စကားပြောပြီးနောက်  မသင်္ကာစရာတစ်ခုအား စုံစမ်းနေဆဲပင်။
" မေသောင်း ဒီနေ့ ဗာမာကြက်စွပ်ပြုတ်လေး ပြုတ်ထားတယ် ချိုချိုလေးရယ်  "
ဒေါ်မော်အေး ဒေါ်သောင်းအခန်းသို့ စားစရာသွားပို့၏။  ဒေါ်သောင်း အိပ်ယာထက်မှ ဖြေးလေးစွာထကာ  စွပ်ပြုတ်ပန်းကန်ကို အနံ့ခံကြည့်လိုက်ပြီး တစ်ဇွန်းသောက်ကာ ...
" မော်အေးချက်ကျွေးလို့ ငါမှာဒီနေ့ထိ နေနေရတာထင်တယ်"

ဒေါ်သောင်း စွပ်ပြုတ်ကိုသောက်ကြည့်ကာ ခံတွင်းတွေ့၍ သူတစ်ခါမှမချီးကျုးဖူးသည့် သူ့ချွေးမကို စကားကောင်းပြောလိုက်သည်။ ဒေါ်မော်အေး ဒေါ်သောင်းစကားကြောင့် မျက်နှာတွင် ကျေနပ်ကာပြုံးလျက် စိတ်ထဲတွင်တော့ ဟားတိုက်ရယ်နေ၏။ ထို့နောက် ဒီနေ့တွင် ဒေါ်သောင်းအခြေအနေကောင်းသည်ဟုထင်ပြီး မူယာမြင့် သူ့အားပြောပြသည့် အကြံအစည်ကို ဒေါ်သောင်းအားပြောပြလိုက်သည်။

"မေမေ...ဟိုနေ့ကလာတဲ့ သူရိန့်ကောင်လေးက နောက်၂လလောက်နေရင် မီးဖွားတော့မှာထင်တယ်။ အိမ်မှာခေါ်ထားရအောင်လားလို့။ သူရိန်လည်း ကလေးအဖေ ဖြစ်မှာဆိုတော့ ဘာမှလုပ်တတ်မှာမဟုတ်ဘူးလောက်သေးဘူး။ တစ်ယောက်တည်းဗျာများနေမှ ဒုက္ခ။ ကလေးအဖေကိုမုန်းရင်မုန်းပါ။ ကလေးတွေကတော့ ဘာအပြစ်မှမရှိပါဘူး။ မော်... လည်းစိုးရိမ်လို့ပြောရတာပါ။  အဲ့လိုသာဆိုရင် သူရိန်လည်း အိမ်မှာ ပြန်လာနေလောက်တယ်။အဲ့ခါကျ မေမေလည်း သူရိန်ပြန်လာလို့   ကျန်းမာရေးပိုကောင်းသွားမယ်လေ...  မကောင်းဘူးလား "

ဒေါ်သောင်း စွပ်ပြုတ်သောက်ရင်းမှ စဥ်းစားလိုက်ပြီး  'သဘော သဘော' ဟူသောပုံစံဖြင့် လုပ်ပြလိုက်သည်။

ဒေါ်မော်အေး ဒေါ်သောင်းဆီမှခွင့်ပြုချက်ရပြီးနောက် နှုတ်ခမ်းတစ်ဖက်ကွေးလျက်။ စိတ်ထဲ၌ နီသော် အိမ်ရောက်လာလျှင် တစ်ခုပြီးတစ်ခု ခိုင်းကာ ဒုက္ခရောက်အောင် လုပ်မည်ကိုတွေးကာ ဝမ်းသာနေသည်။  ထို့နောက်  နီသော်နဲ့ ဒေါ်သောင်းတို့ကိုလည်း  သူရိန်နှင့် ရန်တိုက်ပေးရန်လည်း ကြံစည်နေ၏။

ဒေါ်မော်အေးသည် သူရိန် နီသော့်အားတမ်းတမ်းစွဲဖြစ်သည်ကို သိကာ ဒေါ်သောင်းနှင့်စကားများပါက  နီသော်ဘက်သာ ပါပေမည်။  နောက်ဆုံး၌ ဒေါ်သောင်းမှ သူရိန့်အား သည်းမခံနိုင်ကာ ထောက်ထားစရာ မျက်နှာမရှိတော့သည့်နောက် အမွေပြတ်စွန့်လွှတ်ပေမည်။   ထိုအမွေများသည်  သူ့သမီးမူယာမြင့်အတွက်သာဖြစ်ပေလိမ့်မည် ဟုယုံကြည်နေလျက်၊  ဒေါ်မော်အေး သူ့အတွေးနဲ့သူတော့  ဟုတ်နေ၏။
Thank you all readers.
Pu Sii Na🌈❤️
.
.
.
Zawgyi....

LOVE BIRD (Completed) Where stories live. Discover now