EP-7

10K 664 8
                                    


Unicode.....

ဆောင်းရာသီကုန် နွေရာသီအကူးခါစအချိန်တွင် ရွက်ဝါများကြွေပြီး ရွက်သစ်များ ဝေဝေဆာဆာဖူးပွင့်လာကြသည်။ ငှက်လေးများ၏ တေးသီသံလို 'တစ်ကျွီကျွီ '  မြည်သံများလည်း ကြားနေရသည်။ နွေဦးစအချိန်ဖြစ်၍ အေးမြလတ်ဆတ်သော နွေဦးလေတိုက်ခတ်လာချိန်သည် လွမ်းမောဖွယ်ရာပင်။

ခြံကျယ်ကြီးတွင် အသားဖြူဖြူဆံပင်ဂုတ်ထောက် အလုံးကေဖြင့် မိန်းမပျိုဆန်စွာလှပနေသော အမျိုးသမီးတစ်ဦးက ကြော်ငြာတီရှပ်အဖြူနှင့် အင်ဒိုစပန့်အပွင့်ရိုက်ပန်းများပါသောထဘီကို ခြေသလုံးတစ်ဝက်ရောက်အောင် တိုတိုဝတ်ဆင်ကာ ခြံထဲတွင် ကြွေကျနေသော သစ်ရွက်ခြောက်များကို တံမြက်စည်းကြမ်းကြီးဖြင့် လှည်းကျင်းစုပုံနေသည်။ ထိုအမျိုးသမီးဘေးတွင် ၅နှစ်အရွယ် ဆံပင်ကောက်ကောက် အသားဖြူဝင်းသော ကလေးလေးတစ်ယောက်လည်း ရှိလေသည်။ ထိုကလေးလေးသည် သူ၏လက်သေးသေးလေးနှစ်ဖက်ဖြင့် အမှိုက်ခြင်းတောင်းထဲသို့ အမေဖြစ်သူ လှည်းကျင်းထားသော သစ်ရွက်ခြောက်များကို ကူညီကောက်ထည့်ပေးနေသည်။ အမေဖြစ်သူကလည်း ပြုံးရွှင်စွာ ကလေးလေးအား ချီးကျူးထောပနာပြုနေသည်။

"မေ့သားလေးက လိမ္မာလိုက်တာ"
ထိုစကားကြောင့် ရှေ့သွားကြိုးနေသော ကလေးလေးက အမေ့အား ရယ်ပြနေလေသည်။

"ကဲ့...ဟိုသားအမိတွေမပြီးကြသေးဘူးလား "

အိမ်အတွင်းမှ ထိုအမျိုးသမီး၏ခင်ပွန်းမှ ကားပေါ်မှလက်ကျန်ပစ္စည်းများသယ်ယူကာ မေးလိုက်သည်။

"ပြီးပါပြီ ကိုအောင်သော်ရဲ့ ... ကို ပစ္စည်းတွေချပြီးရင် နီသော်လေးကို လာခေါ်လိုက်ပါဦး။ လက်တွေပေပွကုန်ပြီ "

ထို့နောက် နီသော်လေးကို  ဦးအောင်သော် အိမ်ထဲသို့ခေါ်သွားပြီး လက်ဆေးကြောသန့်စင်ပေးလိုက်သည်။

"ကဲ့...သားလက်လေးတွေ သန့်သွားပြီ ခြံထဲထပ်မဆင်းနဲ့တော့နော်... ဖေဖေပြောတာကြားလား "

နီသော်သူ၏ ဆံပင်လုံးလုံးကောက်ကောက်လေးများကို လှုပ်ရမ်းသွားအောင် ကြားတယ်ဆိုသည့်အကြောင်းကို ခေါင်းငြိမ့်ပြလေသည်။ ထိုနောက် နီသော့်အမေ ဒေါ်မီမီထွေးသည် ခြံအတွင်းသန့်ရှင်းရေး လုပ်ပြီး၍ ဝင်လာသည်။

"သားအဖတွေ ရေချိုးပြီးကြပြီလား... "

"မချိုးရသေးဘူး မီ ရဲ့ "

"သားအမိသားအဖတစ်တွေ အတူရေချိုးရအောင်လေ ...ကိုတို့သားအဖရေချိုးခန်းဝင်နှင့်ကြ... မီ... ထမင်းပေါင်းအိုးတည်လိုက်ဦးမယ် "

နီသော် သူငယ်တန်းမတက်မီ မတ်လအကုန်လောက် တွင် ဦးအောင်သော်နှင့် ဒေါ်မီမီထွေး မင်္ဂလာဆောင်လက်ဖွဲ့အဖြစ်ရထားသော ကော့သောင်းမြို့ရှိ ခြံကျယ်ဝန်းကျယ်နှင့် နှစ်ထပ်တိုက်လေးသို့ အလည်အပတ်လာကြခြင်းဖြစ်သည်။ ခြံဝန်းထဲတွင် စိန်ပန်းနီနီပွင့်နေသောအပင်လည်းရှိသည်။ ခြံဝန်းတစ်လျှောက် လှပမွှေးကြိုင်သည့် အပင်ကလေးများလည်း ရှိလေသည်။ မန္တလေးမှ ကော့သောင်းရှိကျွန်းများသို့ ရက်အနည်းငယ်ခန့်မျှသာ လာရောက်အပန်းဖြေကြခြင်းဖြစ်သည်။ မန္တလေးမြို့မှ လုပ်ငန်းများခဏနားကာ အလည်လာကြခြင်းပင်။

ရေချိုးပြီးကာ မန္တလေးဈေးချိုအနီးရှိ ဗေဒါရွှေကြာလက်ဖက်ကိုသုပ်ပြီး ကြက်ဥ၄လုံး ခပ်ကြီးကြီးကို ကြက်သွန်နီလေးဖြင့် ခေါက်ကြော်လုပ် ကာ ထမင်းဖြူလေးဖြင့် ညစာစားကြသည်။ နီသော်အား ဒေါ်မီမီထွေးမှ ခွံ့ကျွေးနေသည်။  နီသော်လေး ထမင်းစားရင်းမှ ပါးလုပ်ပလောင်းနှင့် စကားပြောလေသည်။

"ဖေဖေမေမေပြီးရင် ကစားကွင်းသွားရအောင်နော်..."

ဖခင်အား မျက်လုံးပေကလပ်ပေကလပ်လုပ်ကာ  ချွဲပစ်သောအသံကလေးနှင့် ချစ်စဖွယ်ပြောလေသည်။

" သားလေး မိုးချုပ်တော့မှာ မနက်မှလိုက်ပို့ပေးမယ်လေ...နော်...သားလေးကလိမ္မာပါတယ် "

ဒေါ်မီမီထွေးမှ ချော့မော့ကာပြောနေသည်။ နီသော်လေးသည် လူမှန်းသိတတ်စအရွယ်ကတည်းကပင် မပီကလာ ပီကလာနှင့် သူအလိုရှိရာကိုတောင်းတတ်သည်။ ဉာဏ်အလွန်ကောင်းသည်။ သူစိတ်တိုင်းကျမဖြစ်လျှင် လူကြီးများမသိအောင် လုပ်တတ်သည့်အကျင့်လေးရှိသည်။သို့ကြောင့်ပင် ဒေါ်မီမီထွေးမှ သားအကြောင်းသိ၍ ချော့မော့ကာ ပြောနေရသည်။

လေယာဉ်သည်နေ့လည်ခင်းပိုင်းမှ ဆိုက်ရောက်ကာ  ရွှေစံသာမြိုင်စံအိမ်သို့ ညနေစောင်းမှရောက်လာဖြစ်သည်။ ရောက်လာချင်းပင် အိမ်သန့်ရှင်းရေးလုပ်ကာ ပစ္စည်းများချပြီး ရေချိုးစားသောက်ကြခြင်းဖြစ်သည်။ ညနေ နေဝင်ချိန်ပင်နီးနေပြီ ဖြစ်၍ ခရီးပမ်းလာသည့် ဒဏ်ကြောင့် နီသော်လေးအား နားစေလိုသည်။

" မီ... ကိုယ်တို့ ထမင်းစားပြီးရင် ဘေးအိမ်က မဆွေသိန်းတို့လင်မယားကို မန္တလေးထိုးမုန့်နဲ့ပူတင်းတွေ လက်ဆောင်သွားပေးရအောင်လေ "

နီသော်ရဲ့အဖေ ဦးအောင်သော်မှ မီမီထွေးကို ထမင်းစားရင်းပြောနေသည်။

"မီလည်းသွားပေးမလားလို့ စဉ်းစားနေတာနဲ့ အတော်ပဲ...သားရောခေါ်ခဲ့မယ်လေ..."

"သားသား မလိုက်ချင်ဘူး ဖေဖေတို့လည်းဘယ်မှမသွားကြနဲ့"
နီသော်သည် ကစားကွင်းလိုက်မပို့ပေးသောကြောင့် စိတ်ဆိုးကာ နှုတ်ခမ်းထော်ပြီးမျက်နှာကြီးဆူပုတ်ကာဝင်ပြောပြီးနောက် သူ၏အိပ်ခန်းထဲသို့ဝင်သွားလေသည်။

နောက်တစ်နေ့မနက်ရောက်သော်.....
"ရေး.... ဖေဖေ ကစားကွင်းလိုက်ပို့ "

နီသော်သည် သူ့အဖေ၏အခန်းကိုဝင်သွားကာ အိပ်နေသောအဖေကိုနှိုးပြီး ကစားကွင်းလိုက်ပို့ရန်ပြောနေသည်။ ထို့နောက်သူ့အဖေနှင့်အမေလည်း ဆက်အိပ်မရသည့်အဆုံး ထကာ ကိုယ်လက်သန့်စင် စားသောက်ပြီး ဘုရင့်နောင်ကုန်းပန်းခြံမှ ကစားကွင်းလေးကို လိုက်ပို့လေသည်။ ဘုရင့်နောင်ကုန်းပန်းခြံမှ ကလေးများသာဆော့ရသည့် ကစားရာနေရာတွင်ဆော့ပြီး မိဘနှစ်ပါးသည်လည်း ပန်းခြံအတွင်းရှိထိုင်ခုံလေးမှာထိုင်ကာ ကြည့်နေသည်။  ဦးအောင်သော်နှင့်ဒေါ်မီမီထွေးတို့လင်မယားစကားပြောနေရာ နီသော်လေးထွက်သွားသည်ကို မသိလိုက်ကြချေ။

ပင်လယ်ကမ်းနားလမ်းတွင် 'ဒုန်း!' ဟူသောအသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထိုအသံကြားမှ နီသော်၏မိဘနှစ်ပါးလုံးသည် ဆော့နေသော နီသော်ကိုသတိရကာ ဟိုဟိုဒီဒီ ကြည့်လိုက်မိသည်။ သို့သော် သားဖြစ်သူအား မတွေ့ရ။  ဒေါ်မီမီထွေး စိုးရိမ်ရေအမှတ်များတက်လာကာ ဘုရင့်နောက်ကုန်းပန်းခြံအောက်မှ 'ဒုန်း'ဆိုသည့်အသံကြားရာ ပင်လယ်ကမ်းနား စိန်ပန်းပင်များရှိရာကို မြန်သောအရှိန်ဖြင့်ပြေးသွားလေသည်။ ဦးအောင်သော်သည်လည်း ထိုအသံကြားရာသို့ အမြန်ပြေးသွားလေသည်။ ကားနှစ်စီးသည် ရှေ့ဆင့်နောက်ဆင့်တိုက်မိကြရာ တစ်စီးမှာဘီးချော်ပြီး ကမ်းနားတွင်ကာထားသောသံလုံးများကို ကျော်ပြီး ပင်လယ်ထဲသို့ အရှိန်ဖြင့်ထိုးကျသွားလေသည်။ ကျန်ကားတစ်စီးသည် ရှေ့မှလူရိပ်ကြောင့် အရှိန်ဖြင့်ဘရိတ်စောင့်အုပ်မိရာ နောက်ခြမ်းထောင်သွားပြီး ကားအရှေ့ပိုင်းသည် လမ်းနှင့်ပိကာ ဘေးဘက်ကို စောင်းသွားသည်။ ကားထဲမှ လူများလည်းမေ့မျောနေကြသည်။ ပင်လယ်ထဲသို့ထိုးကြသွားသောကားထဲမှလူများသည်လည်း တော်တော်နှင့်ပြန်ပေါ်မလာကာ ကယ်ဆယ်ရေးများ အမြန်ရောက်လာရှာသည်အထိ ရှာမတွေ့ကြသောကြောင့် ထိုကားထဲမှလူတို့ကို အသက်မဲ့သွားရရှာသည်ဟုမှတ်ယူလိုက်ကြရသည်။

နီသော်သည် ကားရှေ့တွင် ကတ္တရာလမ်းနှင့်ခေါင်းစောင့်မိကာ သွေးများထွက်လာပြီး မေ့လဲနေသည်။

"သား!"
ဒေါ်မီမီထွေး သားကို စိုးရိမ်ကြီးစွာခေါ်နေသည်။ ထို့နောက်ဆေးရုံကားခေါ်ကာ ဆေးရုံသို့သွားလေသည်။
လမ်း၏ဘေးတစ်ဖက်တွင် မိန်းမကြီးတစ်ယောက်သည်လည်း ထိုဖြစ်ရပ်ကိုကြည့်ကာ ပျော်နေသည်။  ခရီးသွားဟန် တစ်စုံတစ်ယောက်သည်လည်း ရှုခင်းပုံများမှတ်တမ်းတင်နေရင်းမှ ထိုအဖြစ်အပျက်ကို  မြင်မိကာ မှတ်တမ်းတင်မိသွားသေးသည်။

ကော့သောင်းမြို့၏ ၂မိုင်ပြည်သူ့ဆေးရုံ၏ ကြပ်မတ်ဆောင်တွင် ၈နှစ်အရွယ်ကောင်လေးတစ်ယောက်သည်လည်း သေမင်းနှင့်အပြိုင်အသက်လုနေရလေသည်။

"ဆွေသိန်း မင်းဘယ်လိုလုပ်လိုက်တာလဲ...ဟမ်...
ငါပြောတယ်လေ အခြေနေကြည့်ပါဦးလို့ "

"တော်ကလည်းတော် ဘယ်သူမှမမြင်ပါဘူး...အဲ့လိုမှမလုပ်ရင် လုပ်ငန်းကဒေဝါလီခံရတော့မှာ ရှင်လည်းသိရဲ့သားနဲ့ "

"အေး...အဲ့မမြင်ရတဲ့အရာက ကြောက်ဖို့ကောင်းတာကွ..."

ဒေါ်ဆွေသိန်း၏ယောင်္ကျား ဦးထော်မိုးသည် သူ့မိန်းမနှင့်စကားထပ်မများချင်၍ တစ်နေရာကိုထွက်သွားလေသည်။

................

နီသော်သည် သူရိန်လင်းပေးသောစာချုပ်ကိုကြည့်ပြီး  လက်မှတ်ထိုးကာ...

'ကိုလင်းဘေးအနားမှာ ဘယ်အချိန်ဖြစ်ဖြစ် ၊ဘယ်နေရာဖြစ်ဖြစ် ဘယ်နားနေရနေရ ကျေနပ်ပါတယ် '
နီသော်တစ်ယောက် စာချုပ်မှအကြောင်းအရာများဖတ်ပြီးနောက် ဝမ်းနည်းစွာ စိတ်ထဲ၌ပြောနေသည်။

သူရိန်လင်းသည် သူ့အားစာချုပ်ပေးပြီး ဘေးလှည့်သွားသော ကောင်လေး၏ ဝမ်းနည်းဟန်မျက်နှာကိုတွေ့လိုက်ကာ နှစ်သိမ့်ချော့မော့ရန် အနားကိုတိုးသွား လေသည်။

"တစ်နှစ်ပဲသည်းခံပေးပါ နီ ... နီ့ကိုကိုယ်ချစ်တယ်လေနော်... စာချုပ်ကိစ္စကိုတစ်မျိုး မထင်ပါနဲ့   သက်သေအထောက်အထားရှိတော့ ဘယ်သူမှလာနှောင့်ယှက်လို့ မရအောင်ပါ  ဝမ်းနည်းပါနဲ့တော့ နီရယ်"

"ဒါနဲ့ကိုလင်း မင်္ဂလာဆောင်တဲ့နေ့က မခမ်းမဟုတ်မှန်းဘယ်လိုသိတာလဲ"

သူရိန်ရဲ့ဖြေသိမ့်လိုက်သော စကားကြောင့်  နီသော့် မျက်နှာလေးလန်းလာကာ အနောက်မှ သိုင်းဖက်နေသောသူအား ခေါင်းလေးမော့ကာ မေးလိုက်သည်။

"နီလေးနဲ့ ကိုယ် ဓာတ်လှေကားမှာတိုက်မိတုန်းက ဖုန်းပြောနေတာကိုယ်ကြားတယ်လေ..."

"ဟင်"
နီသော်သည် သူဖုန်းပြောတာအဲ့လောက်ကျယ်လို့လားဟူသောသဘောဖြင့် သူရိန့်အား မျက်ခုံး တစ်ဖက်ပင့်ကာ ကြည့်လိုက်သည်။ သူရိန်သည်လည်း နီသော်၏အတွေးများကိုသိနေသည့်အလား ပြန်ပြောလေသည်။

"အဲ့ကိစ္စထားပါ... နီ့မိဘတွေဒီမှာရှိတယ်ဆို သွားတွေ့ကြမလား"

"နေပါစေ...ဖေနဲ့မေက နီကို့မမြင်ချင်လောက်သေးဘူး"

သူရိန်လင်းသည် နီသော်၏အပြောကို ဆက်ပြောဆိုသောသဘောဖြင့် ခေါင်းတငြိမ့်ငြိမ့်ဖြင့်နားထောင်နေသည်။

"ကိုလင်းကြောင့်လည်းပါတယ်..."

တိုးလှသောအသံဖြင့်ဆိုကာ ခေါင်းလေးပုဝင်သွားသည်။ သူရိန်သည် ဘာဆိုင်လို့လဲ ဟူသည့်သဘောဖြင့် မျက်တောင်သွယ်သွယ်က အထက်အောက် ပုပ်ခပ်ကာ။ နီသော်လည်း သူရိန်လင်း၏ မျက်နှာအမူအရာကိုကြည့်မိကာ ရယ်ရင်း စကားဆက်ပြောလေသည် ။

" ဟုတ်တယ်လေ... ကိုလင်းပဲ ဘာမှပြောညာမပြောနဲ့ တစ်နှစ်လောက်ပျောက်သွားတာကိုး။ရပ်ကွက်ထဲကလူတွေလည်း မေးလိုက်တာ မေးလိုက်တာမှ မသိရင် မိန်းမပျိုလေးလင်ယူပြီးပစ်ထားခံရသလိုဖြစ်နေတာ...တော်သေးတာ နီကယောင်္ကျားလေးမို့လို့... ဟိုနေ့ကလည်း အိမ်နဲ့ မန္တလေးသွားတဲ့ကိစ္စနဲ့ ပြသာနာတက်ထားတာ "

နီသော်သည်မျက်စောင်းသေးသေးထိုးကာ သူရိန်အားကြည့်ကာပြောနေသည်။ လူတစ်ကိုယ်လုံးလည်း သူရိန်၏ ရင်ခွင်ထဲသို့ရောက်နေသည်။ ထို့နောက်သူရိန်သည်လည်း နီသော့်အားကြည့်ကာ နီသော့်အကြောင်းပြန်ဆက်ပြောလေသည်။

"အင်း ကိုနားလည်ပြီ နီ မန္တလေးရောက်လာတာကိုယ့်ကိုလာရှာတာမလား ... ကိုယ်၁နှစ်လောက်ပျောက်သွားတာမဟုတ်ဘူး...မန္တလေးရောက်တော့ ကိုယ့်အစ်မ မူယာမြင့်နဲ့တွေ့တာ အဲ့နောက်ပိုင်းမမှတ်မိတော့ဘူး။ ကိုယ်သိတဲ့အချိန်က နိုင်ငံခြားမှာလုပ်ငန်းလေ့လာနေတာ။"

နီသော်သည် သူရိန်၏ပထမပြောသည့်အကြောင်းအရာအား ဟုတ်ကြောင်း ခေါင်းဖွဖွငြိမ့်ပြလိုက်သည်။ သူရိန်သည် နီသော်၏ ဆံပင်လုံးလုံးကောက်ကောက်လေးကို လက်ဖြင့်ထိုးနေသည်။

နီသော်နှင့်သူရိန်တို့  မန္တလေးမြို့ကိုပြန်လာကြကာ ဒေါ်သောင်းရှိရာအိမ်ကို အရင်ကာနှုတ်ဆက်ကြသည်။
သူရိန်သည် ဒေါ်သောင်းအရှေ့တွင် နီသော်နှင့်သူ့အားခွင့်ပြုပေးစေရန် ဒူးထောက်ကာ နေသည်။ ဒေါ်သောင်းသည်လည်း သူရိန်ဘေးတွင် ကပ်လျက်ဒူးထောက်နေသော နီသော်အား ကြည့်နေသောဂုဏ်အရှိန်ဝါကြီးမားသည့် ပုံရိပ်နှင့် မျက်လုံးစိမ်းများသည် ကြောက်ရွံ့ဖွယ်ကောင်းလှသည်။ ဒေါ်သောင်း  နီသော့်ကိုကြည့်ကာ သူ့မြေးသူရိန်ကို စကားဆိုလေသည်။

" မြေးလေးကိုအဖွား အရင်ကတည်းကအတန်တန်ပြောတယ်လေ...ဒီပိုင်းလုံးကောင်နဲ့မပတ်သက်နဲ့ဆိုတာ...ခုကြည့်ဦး အိမ်ပေါ်ထိခေါ်လာပြီ...ငါ့မြေးက အဖွားစကားကို နားမထောင်တော့ဘူးလား "

ဒေါ်သောင်းသည် သူ၏တုန်ရီနေသော အသံဖြင့်ပြောပြီးနောက် တစ်စုံတစ်ခုကိုသတိရဟန်ဖြင့် အံ့သြဟန်ဖြင့်မေးလိုက်သည်။

"မြေး...မြေး ပြန်မှတ်မိနေပြီပေါ့"

"အင်း...နီသော်နဲ့ပတ်သက်တာတွေပဲ "

" အဲ့လိုဆိုရင်လဲ မြေးလေးအကုန် မှတ်မိအောင်ကြိုးစားပါ အရင်ကဒီပိုင်းလုံးကောင်နဲ့ဝေးနေလို့ မတိုက်တွန်းတာ မြေးလေးတာ အကုန်သိသွားရင် ဒီကောင်လေးလည်း မြေးရဲ့ဘေးနားမှာရှိစရာအကြောင်းမရှိဘူး "

ဒေါ်သောင်းသည် အသက်ကြီးသော်လည်း ဂုဏ်မောက်နေသော အရှိန်အဝါများဖြင့် အံကြိတ်ကာ နီသော်၏မျက်နှာကိုစေ့စေ့ကြည့်ကာ ပြောနေ၏။ နီသော်သည်လည်း မျက်လုံးတွင် မျက်ရည်များဖြင့်ပြည့်နက်နေလျက်။ ရှိုက်သံမထွက်လာစေရန် အောက်နှုတ်ခမ်းသားကို ကိုက်လေသည်။ ထ်ို့နောက်သူရိန်သည် အခြေအနေမကောင်းလှသည်ကို သိ၍ အဖွားဖြစ်သူအားနှုတ်ဆက်ကာ ထပြန်လာလေသည်။

" အဖွား သားတို့ပြန်တော့မယ် အတိတ်ကဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့ အဖွားလက်ခံနိုင်အောင်သားတို့ကြိုးစားပါ့မယ်  "

သူရိန်တို့နှစ်ဦးသား အခန်းပြင်မရောက်ခင် အဖွားဖြစ်သူသည် သတိပေးဟန်တူသော စကားကို ကုတင်ပေါ်တွင်လှဲရင်းမှ ပြောလိုက်သေးသည်။

"သား အတိတ်ကိုမှတ်မိတဲ့အချိန်မှ အဖွားကိုလာတွေ့ပါ၊ ဒီလက်ထပ်ပွဲလည်းမရှိသလိုသဘောထားလိုက်ပါ ၊သူဇာတို့ဘက်ကလည်း သူတို့သမီးအမှားကြောင့်လာ တောင်းပန်ထားတယ်"

နှစ်ယောက်သားအခန်းပြင်ထွက်လာကြရာ အခန်းတံခါးဝကိုကပ်နားထောင်နေကြသော ဒေါ်မော်အေးတို့သားအမိကို တွေ့ရသည်။ သူရိန်တို့အခန်းမှထွက်လာသည်ကိုမြင်ရာ အလန့်တကြားဖြင့် ဆံပင်သပ်တင်သလိုလုပ်နေကာ သူရိန်လင်းနှင့်နီသော်တို့ကို ကြည့်ပြီး ခနဲ့ပြုံးပြုံးလျက်....

" မူယာမြင့်...သမီးက မောင်နှစ်ယောက်တောင်ရတာ ..."

သားအမိအချင်းချင်း မျက်လုံးပြူး မျက်ဆံပြူးကာ သူရိန်အား  လိင်တူကောင်လေးတစ်ယောက် ခေါ်လာ၍ ရွဲ့ပြောလေသည်။

သူရိန်သည် သူ၏ ငွေမှင်ရောင် Lexus GXကားဖြင့်  တိတ်ဆိတ်လျက်ရှိသောသူဌေးရပ်ကွက်ရှိ နေအိမ်ကို မောင်းလေသည်။

LOVE BIRD (Completed) Where stories live. Discover now