EP-6

10.6K 756 5
                                    


Unicode......

"ကိုမိုး... ကိုသူရိန်ကဘာအရေးကြီးလို့ ချက်ချင်းပြန်သွားရတာလဲ"

"အင်း...ကိုယ်လည်းမသိပါဘူး sorry ပဲပို့ထားတာ...သူရိန်နဲ့ပေါင်းရတာက အရူးလင်လုပ်ရသလိုပဲ၊ ကျောင်းတုန်းကဆို ဂျီးများလွန်းလို့ သူနဲ့ပေါင်းမယ့်လူတောင်မရှိဘူး ကိုယ်နဲ့သုတပဲရှိတာ ... အဖွားသောင်းကြောင့်လည်းပါပါတယ် "

မိုခမ်း သူရိန်မစားသွားသော အသီးဆလပ်ကို မသိမသာတို့ထိပြီး စားနေကာ မိုးထက်မသိအောင် စကားလမ်းကြောင်းလိုက်သည်။  မိုခမ်းမေးသည်ကို ချစ်ခြင်းအပြည့်ရှိသောမျက်ဝန်းဖြင့်ကြည့်ကာ သူရိန်လင်းအကြောင်းကိုရယ်ကာ ပြန်ဖြေလေသည်။

" ခမ်း အိမ်ပြန်ရောက်ရင် ခမ်းရဲ့အိမ်ကို ပြောပြီး လက်ထပ်ကြရအောင်နော်"

မိုခမ်း ပြုံးကာ  ခေါင်းငြိမ့်ပြလိုက်သော်လည်း စိတ်ကမပါချေ။ စားသောက်ပြီးနောက် သူတို့တည်းခိုရာဟိုတယ်သို့ ပြန်ကာအနားယူတော့၏။

"မေမေ ဖြေးဖြေဆင်း...ဖြေးဖြေး...ဟဲ့...သန္တာ ဝင်လာတာနဲ့နားလို့ရအောင် အခန်းသွားပြင်ထား... "

ဒေါ်မော်အေးသည် ဆေးရုံမှဆင်းလာသော ဒေါ်သောင်းကို ကားပေါ်မှ ဝှီးချဲပေါ်သို့ ထိုင်ချိန် ဘေးမှတွဲထားသော အိမ်အကူကောင်မလေး အတင်းတွန်းဖယ်ကာ မျက်နှာလိုမျက်နှာရ လာတွဲလေသည်။ ဒေါ်သောင်းအရှေ့တွင် နှုတ်မှလဲ ထန်းလျက်ထက်ချိုသော အသံဖြင့်အခါတိုင်းကဲ့သို့ အိမ်မှအလုပ်သမားများကို အော်ငေါက်သလိုမဟုတ် ချိုအီကာပြောလျက်။ အိမ်အလုပ်သမားများလည်း သန္တာနှင့် ထမင်းချက်ဒေါ်ရှိန်း မှလွဲ၍ မမြဲပေ။ ဒေါ်သောင်းသည် ဆေးရုံတွင်တစ်ရက်နေပြီး အိမ်ပြန်ပြီးနားချင်သည်ဟုဆိုကာ ညနေပိုင်း နေအေးချိန်တွင် အိမ်သို့ပြန်လာပြီး လက်ထပ်ပွဲပြီးကတည်းက ဟန်နီးမွန်းထွက်နေသော မြေးလေးကို ပြောစရာများရှိသည့်နှယ် စောင့်နေပုံက ပါးရည်တွန့်နေသောမျက်နှာထက် အထင်သားပင်။

ဒေါ်မော်အေးသည် ဒေါ်သောင်း စားရန် စားစရာတစ်ခုခုကို ကိုယ်တိုင်ချက်ပြုတ်ပြီး အိမ်အကူကောင်မလေးအားပို့ခိုင်းသည်။ ဤသို့ပြုလုပ်ပြီးနောက် မျက်နှာတွင် ကောက်ကျစ်ယုတ်မာပြုံး တစ်ခုပေါ်လာ၏။

ဒေါ်မော်အေးသည် ဒေါ်သောင်းသား ဦးစိုင်းသူမြင့်နှင့် မယူခင် အိမ်ထောင်ကွဲတစ်ယောက်ဖြစ်ပြီး ကလေး မွေးထားသေးသည်။ ထိုကိစ္စကိုဖုံးကွယ်ပြီးမေသောင်း၏သားစိုင်းမြင့်သူနှင့် လက်ထပ်ခဲ့သည်။  ဦးစိုင်းမြင့်သူသည် မြင့်လုပ်ငန်းစု ၏ဦးဆောင်သူဖြစ်ပြီး  သူရိန်လင်းဖခင် ဦးစိုင်းလင်းနှင့် ညီအစ်ကိုအရင်းဖြစ်၏။  ဦးမြင့်သူ အိမ်တွင် အချိန်ပြည့်မရှိ၊ လုပ်ငန်းကိစ္စများနှင့် ခရီးထွက်နေချည်းသာ။ တူဖြစ်သူ သူရိန်လင်းအမွေရသည့် ရွှေမြေလုပ်ငန်းစု ကိုလည်း တူ၏ကျန်မာရေးအခြေနေကြောင့် လုပ်ကိုင်ရပြန်သေးသည်။ သူရိန်၏ မင်္ဂလာဆောင်ပင် မလာနိုင်ခဲ့ပေ။ အဝေးမှနေ၍ ဂုဏ်ပြုစာတစ်စောင်သာ ပို့ပေးလိုက်ရသည်။ သမက်ပိုင်စိုးအုပ်ချုပ်သည့် ရုံးခွဲကိုလည်းကြည့်ရပြန်သေးသည်။ မကြည့်လို့က မရ၊ လွန်ခဲ့သောလတွေက ထိုရုံးခွဲတွင် ရှယ်ယာဆက်တိုက် ထိုးကျ၍ ရုံးပင် ပိတ်သိမ်းရမလိုဖြစ်သွားသေးသည်။  ထန်အုပ်စု ၏အကူအညီကြောင့်သာ ပြန်လည်ကောင်းမွန်လာသည်။ နောက်တစ်ပတ်တွင် အိမ်သို့ပြန်ကာ ခဏအနားယူမည်ဖြစ်သည်။ သူရိန်နှင့်လည်းတွေ့ကာပြောစရာ စကားများလည်းရှိသေး၏။

"သက်ဝေ... ကိုယ့်ဘားကို ဘာလို့အလုပ်မလာတော့တာလဲ...ဟိုနေ့ကကိစ္စကိုတောင်းပန်ပါတယ်၊ ကိုယ်စိတ်မထိန်းနိုင်ဘူးဖြစ်သွားတယ်..."

သုတဦး ပြောစကားနောက်ဆုံးတွင် အသံတိုးသွားကာ သက်ဝေ၏အမူအရာကို ကြည့်ပြီး အကျိုးသင့် အကြောင်းသင့် လွန်ခဲ့သောရက်က အကြောင်းကိုပြန်ရှင်းပြနေသည်။

" သူရိန်သောက်မယ့်ခွက်ကို ကိုယ်ခွက်မှားပြီးယူသောက်လိုက်တာ ခန္ဓာကိုယ်က တဖြေးဖြေးပူတက်လာတာတော့ သိတယ်၊ အကင်မီးဖိုကြောင့်လို့ထင်နေတာ သူရိန်ပြန်သွားပြီးနောက်ပိုင်း ကိုယ်ဘာဖြစ်သွားလဲမမှတ်မိတော့ဘူး ...တကယ်ပါ "

သုတဦးသည် သူ့ရှေ့မှထွက်သွားရန်ပြင်နေသော သက်ဝေလက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး ရှင်းပြနေသည်။

"မမှတ်မိရင်လည်း လဲသေလိုက် ရှေ့ကနေဖယ်တော့ "

သက်ဝေသည် သုတဦးကိုမာဆတ်ဆတ်ပြောပြီးနောက် သူ့ရှေ့မှထွက်လာ ကာ နီသော်စီးသွားသော Luo Jia110 အစုတ်လေး ကို ပြန်စီးခဲ့ပြီး ဟိုတယ်မှထွက်လာခဲ့သည်။ သက်ဝေ လမ်းခြောက်ပြလောက်သွားပြီး ၅လမ်းမြောက် အရောက်မှာ ဆိုင်ကယ်နောက်ကြည့်မှန်ကို ကြည့်မိလိုက်ကာ သူဟိုတယ်က ထွက်ကတည်းက မြင်မိသောကား၊ လမ်းတူရအောင်လည်း သက်ဝေသွားသောနေရာက အဆောင်ငှားတွေပေါသောရပ်ကွက်၊ လုံးချင်းအိမ်ပင်မရှိသလောက်။ ဒီလိုတန်ဖိုးမြင့်ကားလာဖို့မပြောနှင့် လမ်းထဲသို့ကားတစ်စီးတစ်လေမျှ မတွေ့ရချေ။ ထို့နောက် နောက်ယောင်ခံလိုက်လာသည်ကိုသိ၍ ဆိုင်ကယ်ကိုလမ်းဘေးချရပ်ပြီး ဖုန်းထုတ်ကာ ဖုန်းပြောချင်ယောင်ဆောင်နေလိုက်ကာ  ဆိုင်ကယ်ဘက်မှန်ကနေ အကဲခတ်နေလိုက်သည်။ ထိုတန်ဖိုးမြင့်ကား အနက်ရောင်သည် သက်ဝေမောင်းလာသောဆိုင်ကယ်နောက်တွင် ကပ်ရပ်လိုက်ပြီး ကားပေါ်မှလူတစ်ဦးဆင်းလာကာ သက်ဝေ၏ဖုန်းကို လုယူသွားသည်။  သက်ဝေလှည့်ကြည့်လိုက်ကာ ....

" ကိုသုတ ဘာလုပ်တာလဲ "

"ဘာလို့ ဆိုင်ကယ်ပေါ်မှာဖုန်းပြောနေလဲ... အန္တရာယ်များတာမသိဘူးလား!"
သုတဦး သူ့ကိုလစ်လျူရှုပြီး ဆိုင်ကယ်တစ်စီးဖြင့်မောင်းနှင်သွားသော သက်ဝေကို စိုးရိမ်စိတ်ဖြင့်အော်ငေါက်မိသည်။

" ဆိုင်ကယ်လမ်းဘေးချရပ်ထားတယ်လေ ကိုသုတရယ်...ပြီးတော့ဒီရပ်ကွက်ကလမ်းကျဉ်းလေးထဲ ဘယ်ကားမှ ဝင်မလာဖူးဘူး ကိုသုတတစ်ယောက်ပဲ လာဖူးတာ "
သက်ဝေသည် သုတဦး စိတ်ကွက်မည်ကို မလိုလား၍ ချော့မော့နေသော လေသံလေးဖြင့်ပြော လိုက်သည်။သက်ဝေ သုတဦးဆူပူအော်ငေါက်မှုကို စိတ်မဆိုးချေ။ စိတ်ထဲ၌ ပြုံးပျော်နေသေးသည်။ ဤမျှလောက် သူ့လိုလူကို စိတ်ပူတတ်ရချည်းလားဟု စိတ်ထဲ၌တွေးနေလေသည်။

" အဲ့လိုဆိုလည်း ဘာလို့ ဆိုင်ကယ်ပေါ်မှာပြောနေလည်း ၊ အောက်ဆင်းပြောလေ သက်ဝေလေးရဲ့၊ သူများနောက်ကနေဝင်တိုက်သွားရင်ဘယ်လိုလုပ်မလဲ "

စကားကိုကပ်ပြောနေသောသုတကြောင့် သက်ဝေအသံထွက်ကာရယ်မိသွားသည်။ သုတဦးနှင့် သက်ဝေ တို့နှစ်ယောက်သား သမီးရည်းစားထက်ပိုသော ဆက်ဆံရေးတစ်ခုရှိသည်မှာ မကြားသေးပေ။ သက်ဝေ ကော့သောင်းမှပြောင်းလာပြီးအလုပ်ရှာဖွေရေးအေဂျင်စီ၏ အကူအညီဖြင့် သုတဦးပိုင်သောဟိုတယ်တွင်သန့်ရှင်းရေးမှရရ၊ လုံခြုံရေးမှရရဆိုပြီး အလုပ်လျှောက်ခဲ့ရာ  ထိုနေ့တွင် တိုက်တိုက်ဆိုင်ဆိုင် ပါတီပွဲတစ်ခုရှိရာ ဝန်ထမ်းလိုအပ်သောကြောင့် အင်တာဗျူးပင်မဖြေရပဲ ကံကောင်းချင်တော့ ချက်ချင်းအလုပ်ရခဲ့သည်။ပါတီပွဲတစ်ခုတွင် စားဖိုဆောင်နှင့်ပွဲကျင်းပရာနေရာကို အစားအသောက်များ သယ်ယူပို့ပေးရခြင်းဖြစ်သည်။ ကျင်းပချိန်၃နာရီမြောက်တွင် သက်ဝေ အပါအဝင် ဝန်ထမ်းကောင်လေးနှစ်ယောက်သည်လည်း ခြေကုန်လက်ပန်းကျချင်ပြီ။ သူ့အုပ်စုနဲ့သူ ခွဲထားတာဆိုတော့လည်း ကိုယ်အလုပ်ကိုလုပ်ကြသူချည်းသာ။ သူများအုပ်စုကအလုပ်တွေသွားကူပေးရင်လည်း ကိုယ့်အလုပ်တွေလစ်ဟာရုံသာရှိပေမည်။ ထို့ကြောင့် မည်သူမှလည်း သက်ဝေတို့အုပ်စုကို မကူချင်ကြပေ။ သက်ဝေလည်း သူ့ထက်ငယ်ဟန်ရှိသော ကောင်လေးနှစ်ယောက် ပင်ပန်းနေပြီကိုသိ၍ ကျန်သောစားသောက်ပြီးပန်းကန်များ သူတစ်ယောက်ထဲသာ သွားသိမ်းလိုက်သည်။ မြန်မြန်ပြီးချင်ဇောဖြင့် သိမ်းလာသောကြောင့် ရှေ့မှလူလာနေတာကိုမမြင်မိဘဲ ရှေ့ဆက်သွားမိကာ ထိုလူနှင့်တိုက်မိပြီး ပန်ကန်းများကွဲကြကာ ထိုလူပေါ်စားကြွင်းစားကျန်များ ပေကျံကုန်သည်။ ဤအသံကြောင့် ဘယ်ဂျောင်ကထွက်လာမှန်းမသိသောမန်နေဂျာ ရောက်လာပြီး သက်ဝေရှေ့မှလူကို ခခယယ တောင်းပန်နေသည်။ သက်ဝေ၏ခေါင်းကိုလည်းသူ့လက်ဖြင့်ဇွတ်ငုံ့ခိုင်းနေသည်။

" ဟေ့ကောင်လေး ...ဘာလုပ်နေတာလဲ။ တောင်းပန်လိုက်လေ၊ အလုပ်ပြုတ်ချင်နေတာလား။"

သက်ဝေသည် 'အလုပ်ပြုတ်ချင်နေတာလား'ဟူသော မန်နေဂျာ၏အံ့ကြိတ်သံဖြင့်ပြောသောစကားကြောင့် တောင်းပန်ရန် ခေါင်းငုံ့လိုက်သည်။ အလုပ်က ရမလို့ရှိသေး မဟုတ်သောမာနကြောင့် အလုပ်လက်မဲ့ မဖြစ်ချင်ပေ။ ငုံ့လိုက်သောခေါင်းသည် အောက်ကိုမငုံ့သွားဘဲ လက်တစ်ချောင်းကြောင့် မတင်မကျဖြစ်နေသည်။ သက်ဝေသည် သူတောင်းပန်သံကိုလက်မခံသည်ဟုမှတ်လိုက်ကာ စိတ်ထဲတွင်ဘုရားတနေသည် ။ သက်ဝေရဲ့ဆန္ဒတို့ပြည့်ဝခဲ့၏။  ကြည်ကြည်လင်လင် အသံက အေးဆေးစွာ ထွက်ပေါ်လာသည်။

" ဒီနေ့ဝန်ထမ်း အသစ်တွေ လူတွေ့ရှိတယ်ဆို...ဘယ်မှာလဲ ကိုဇော်"

" ဟုတ်တယ်ဆရာ... ဒီနေ့ VIPပါတီရှိတာ လူမလောက်တာနဲ့ အလုပ်လာလျှောက်တဲ့သူတွေကို ကူခိုင်းတာနေပါ ဒီသုံးယောက်ပဲ နေခဲ့တာပါ ကျန်တဲ့သူတွေကတော့ပြန်သွားပြီ ဆရာ "

အရေးပါသည့်ပုံပေါ်သော လူမှသက်ဝေဘေးတွင် ရပ်နေသော မန်နေဂျာဆိုသူအား ပြောနေပုံပေါ်သည်။ မန်နေဂျာလည်းပြန်ဖြေကြားနေသည်။

"အဲ့ဒါဆိုရင် မင်း ကိုယ်နဲ့လိုက်ခဲ့ ကျန်တဲ့နှစ်ယောက် ကို ကိုဇော်ပဲစီစဉ်လိုက်တော့ "
သက်ဝေသည်လည်း သုတနောက်ပါသွားသည်။
"ကို့ယ့်နာမည်က သုတဦး ဘားမန်းကလက်ထောက်လိုလို့ ရှာခိုင်းနေတာ မင်းလုပ်နိုင်မလား"

သက်ဝေသည်ပြုံးရွှင်ကာပင်ဖြေလိုက်သည်။

"ဟုတ်ကဲ့ ကောင်းကောင်းမွန်မွန်သင်ပြပေးပါ လုပ်နိုင်ပါတယ် "
ထိုမှစ၍ သက်ဝေသည် သုတ၏ဘားတွင် ဘားမန်းဘေးတွင် လက်ထောက်ဖြစ်နေသည်။ သက်ဝေ သည်အလုပ်အခြေကျသွားမှ သူငယ်ချင်းဖြစ်သူ နီသော်ဦးကို လှမ်းအကြောင်းကြားကာခေါ်လိုက်သည်ပင်။

နီသော်သည် ကိုလင်း လက်ဆွဲခေါ်ရာ ဘုရင့်နောင်လမ်းတစ်လျှောက် စိန်ပန်းနီနီပင်တို့ကိုဖြတ်ကာ ဘုရင့်နောင်အငူကို ရောက်လာခဲ့လေသည်။ ထို့နောက် နီသော်ကို ညင်သာစွာဖက်ကာ နီသော်၏ နှုတ်ခမ်းအိအိကို မထိတထိလုပ်ကာနမ်းနေသည်။ နီသော် မျှော်လင့်နေသူ၏နူးညံ့သော အထိအတွေ့ကြောင့် မငြင်းမိပေ။  သူရိန်လင်းအား အရင်တစ်ခါကလို လက်မလွတ်ချင်သည်လည်း ပါ၏။  သူရိန်လင်းအဖွားကို ကြောက်သော်လည်း မခွဲနိုင်ပေ။ တချို့လူများသည် ရွံသလိုကြည့်ကြသလို တစ်ချို့ကလည်းအားပေးသောအကြည့်ဖြင့်ကြည့်သွားကြသည်။  သူရိန်လင်း အဘယ်ကြောင့်နမ်းသည်ကို နီသော်မသိပေ။  မိမိကို မမှတ်မိသေးသည် ကိုသာ သိသည်။

သူရိန်လင်း မှတ်ဉာဏ်ထဲတွင် ညနေပိုင်းအချိန်လောက်တွင် ဆံပင်လုံးလုံးကောက်ကောက်၊ အသားဖြူဖြူ ကောင်လေးနဲ့ ဘုရင့်နောင်ကုန်းတွင် လက်တွဲကာ အတူတူလျှောက်ပြီး တီတီတာတာစကားများဆိုလျက် ထိုဘုရင့်နောင်အငူတွင် နှုမ်းခမ်းသားချင်းထိစပ်နေပုံ တရေးရေးပေါ်လာသည်။ နီသော့်နှုတ်ခမ်းသားအိအိကို ထိတွေ့ရာမှ ရပ်လိုက်မိသည်။ သူရိန်လင်းသည် နီသော်၏ပါးကိုကိုင်ပြီး မှတ်ဉာဏ်ထဲကနီသော်နှင့် သူတို့နှစ်ယောက်၏ ပျော်ရွှင်ဖွယ်ရာများ တစ်ပိုင်းတစ်စပေါ်လာ၏။ နီသော်သည်လည်း သူ၏မျက်နှာအစိတ်အပိုင်းများကိုထိတွေ့နေသူအား မှင်တက်ကာ ကြည့်နေမိသည်။

"နီသော်ဦး... "

သူရိန်သည် အနှီနာမည်ကို တိုးစွာရေရွတ်သည်။

နီသော်သည် 'ဘာလဲ' ဟူသောသဖြင့် မျက်ခုံးနှစ်ဖက်ပင့်ပြသည်။ သူရိန်မှ အရွှန်းစားအပြုံးဖြင့် နီသော်ကိုကြည့်ကာ....

"နီ.. ကိုယ်မှတ်မိပြီ ...ကိုယ့်ရဲ့တိမ်မြူခိုးတွေလိုဖုံးမိနေတဲ့ နီ နဲ့ကိုယ့်တို့အကြောင်းတွေကို... "

သူရိန်လင်းသည် နီသော်၏ပါးကိုညင်သာစွာကိုင်ပြီး ကြည်းနူးစွာ အနှီစကားများကိုတစ်လုံးချင်း ပြောလေသည်။  သူရိန်သည် နီသော့်အား စာချုပ်တစ်ခုတွင် သဘောတူလက်မှတ်ထိုးရန် ကမ်းပေးလိုက်သည်။  နီသော် ပထမတော့  အူကြောင်ကြောင်နှင့်  ယူလိုက်ပြီး  စာရွက်ကိုကြည့်ရာ  စိတ်မကောင်းဖြစ်၍ မျက်နှာအနည်းငယ်ပျက်သွား၏။

LOVE BIRD (Completed) Where stories live. Discover now