-9-

51.9K 768 5
                                    

Unicode


ပျင်းတယ်..သောက်ရမ်းကိုပျင်းဖို့ကောင်းတယ်။

သုတတစ်ယောက် သူ့ရှေ့က စာကုန်းရုန်းလုပ်နေတဲ့ဟိန်းခန့်ကိုစိုက်ကြည့်ရင်း စိတ်ထဲအော်ဟစ်နေလိုက်တယ်။

တကယ်ကို.. စာပြပေးရုံဆိုတဲ့အတိုင်း ဘာမှထွေထွေထူးထူးလုပ်စရာမရှိတာပဲ။ ဟိန်းထက်နဲ့မတူဘဲ အငယ်ကောင်ဟိန်းခန့်က နဂိုထဲကစာတော်ပြီးသားဆိုတော့ အန်တီတို့က အထက်တန်းအတွက်ကိုယ်ပိုင်ကျောင်းကိုပြောင်းထားခဲ့တယ်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့လုပ်တယ်ဆိုပေမယ့် ဟိန်းခန့်လိုခပ်အေးအေးစာဂျပိုးလေးက ရုပ်တရက်သူစိမ်းတွေကြားထဲရောက်သွားတဲ့အခါ stressပိပြီးစာမလိုက်နိုင်တော့တာပဲ..။

အခုလည်းကြည့်လေ..သူစိုက်ကြည့်နေတာသိလို့ အတင်းတွေစာကုန်းလုပ်နေတာ မသိရင်စားပွဲပေါ်ကစာအုပ်ထဲမျက်နှာကြီးဝင်သွားတော့မယ့်အတိုင်းပဲ။

ဒီလို လူကြောက်တက်ပုံမျိုးနဲ့ ဘယ်လိုဆက်လုပ်ရမှာလဲ..။

"ဟိန်းခန့်.."

"ဗ..ဗျာ?"

နာမည်လေးခေါ်ရုံရှိသေးတယ်..ငိုမဲ့မဲ့နဲ့လှည့်ကြည့်တဲ့ရုပ်လေးက မသိရင်ဘဲ ငါကသူ့တက်လုပ်နေတဲ့ရုပ်နဲ့..။

"မင်း..ဒါမတွက်တက်ဘူးမလား?"

သိနေတာလားဆိုတဲ့ရုပ်နဲ့ကြည့်ပြန်ပြီ..။

မသိဘဲနေမလား!! မင်း ဒီတစ်ပုဒ်ထဲကုန်းရုန်းပြီးတွက်နေတာနာရီဝက်လောက်ရှိပြီ!!

သုတတစ်ယောက် မရှည်တော့တဲ့စိတ်ကိုဆွဲဆန့်ပြီး ဟိန်းခန့်အနားတိုးကပ်သွားလိုက်တယ်။

"နားမလည်ရင်လည်း အကို့ကိုမေးပေါ့..ဘာကိုနားမလည်တာလည်းပြ"

"ဟို..ဒီအပိုင်းက..."

နှစ်ယောက်သားခေါင်းချင်းဆိုင်ပြီးနာရီဝက်လောက်စာလုပ်ပြီးတဲ့အချိန်မှ ဒီနေ့အတွက်သင်ခန်းစာတွေအကုန်ပြီးသွားတော့တယ်။

"ကျေးဇူးပါ အကို"

"မလိုပါဘူး..ငါကမင်းကိုသင်ပေးရမယ့်လူပဲ..မရှင်းတာရှိရင်ပွင့်ပွင့်လင်းလင်းမေးပေါ့.."

ကြုံခဲ့ဆုံခဲ့သမျှ [ ႀကဳံခဲ့ဆုံခဲ့သမွ် ]حيث تعيش القصص. اكتشف الآن