Unicode
"မင်း!"
အံ့အားသင့်နေတဲ့ကိုစေရဲ့မျက်နှာကခဏအတွင်းမှာဘဲပျက်ယွင်းသွားပြီး သူ့အရှေ့တွန်းလှည်းထဲကကလေးကိုကောက်ချီလိုက်တယ်။
ရုပ်တရက်ကောက်ပွေ့ခံလိုက်ရတဲ့အပြင် အဖေဖြစ်သူဒေါသထွက်နေမှန်းလည်းခံစားမိတဲ့ပုံပဲ..ကိုစေလက်ထဲက ကလေးခမျာ ရုပ်တရက်ဆိုသလိုသည်းကြီးမည်းကြီးကိုထငိုတော့တယ်။
"မင်း ငါ့သားကိုဘာလုပ်လိုက်တာလည်း?!"
မင်းစေရဲ့မေးခွန်းကို သုတ ပြန်မဖြေဖြစ်ဘဲကြောင်တောင်တောင်နဲ့ငေးကြည့်နေမိတယ်။
သူ လုပ်မိတာဆိုလို့ သတိမထားမိဘဲတွန်းလှည်းကိုဝင်တိုက်မိပြီး ဒီချစ်ဖို့ကောင်းတဲ့ကလေးလေးကိုစိုက်ကြည့်မိရုံလေးပဲ..။ ဒီထပ်ပိုပြီး သူ ဘာများလုပ်မိလို့လည်း..။
မေးတာကိုပြန်မဖြေဘဲသူ့ကိုစိုက်ကြည့်နေတဲ့သုတကြောင့် မင်းစေတစ်ယောက် ကလေးကိုပွေ့ဖက်ထားတဲ့လက်တွေကို သတိမထားလိုက်မိပါပဲတင်းကြပ်လိုက်မိတယ်။ အဲ့ဒါကြောင့်လည်း ကလေးရဲ့နာကျင်တဲ့အော်ငိုသံကပိုပြီးတော့တောင်ကျယ်လောင်လာတော့တာပဲ..။
"ကို..ဘာတွေဖြစ်နေတာလည်း? သားကဘာလို့အဲ့လောက်ငိုနေရတာလည်း?"
သုတဘာမှမပြောဘဲ မျက်စိရှေ့ကမြင်ကွင်းကိုသာရပ်ကြည့်နေမိတယ်။ ကိုစေရဲ့အနားကိုရောက်လာတဲ့မိန်းကလေးက ကလေးကိုလက်လွှဲယူလိုက်တော့ စောနတုန်းကအသည်းပေါက်အောင်အော်ငိုနေတဲ့သကောင့်သားလေးကချက်ချင်းဆိုသလိုအငိုတိတ်သွားတော့တာပဲ..။ ချော့မြူနေတဲ့စုံတွဲကြားထဲက နှာတရှုံ့ရှုံ့လုပ်နေတဲ့ကလေးလေးကိုမြင်တော့ သုတပြုံးမိမလိုတောင်ဖြစ်သွားတယ်။
"ချစ်စရာလေး.."
စိတ်ထဲကအတွေးကို ရုပ်တရက်ပါးစပ်ကနေပြောလိုက်မိတဲ့အချိန် ကိုစေကသူ့ကိုလှည့်ကြည့်လာတယ်။ ဒေါသထွက်နေတဲ့ကိုစေရဲ့အကြည့်တွေကိုမမြင်ယောင်ဆောင်ရင်း သုတတစ်ယောက် သူ့ကိုလှမ်းပြီးပြုံးပြနေတဲ့ကလေးလေးကိုသာကြည့်နေမိတယ်။
"မင်း ငါ့သားအနားကိုဘယ်လိုလုပ်ရောက်နေတာလည်း?"
"မရည်ရွယ်ပါဘူး..အမှန်ဆိုရင် ဒါ ကိုစေရဲ့ကလေးမှန်းတောင်ကျွန်တော်မသိဘူး"
YOU ARE READING
ကြုံခဲ့ဆုံခဲ့သမျှ [ ႀကဳံခဲ့ဆုံခဲ့သမွ် ]
General FictionWrittenBy : SpicyChip_ Warning : Mature 🔞 Cover Pic Crd to Pinterest.