-16-

43.7K 771 28
                                    

Unicode

"နိုးပြီလား?"

အိပ်ရာကနိုးနိုးချင်းအခန်းထဲကနေထွက်လာတော့ ကိုရှိုင်းကအနားရောက်လာပြီးမေးတယ်။ သုတ ခေါင်းညိမ့်ပြလိုက်တော့ ကိုရှိုင်းကသူ့ရဲ့မျက်ခွံကိုဖွဖွလေးဖိပွတ်လာတယ်။

"မျက်လုံးတွေမို့နေတာပဲ..နာနေလား?"

"အင်း..နည်းနည်း"

ညတုန်းကအားရပါးရငိုလိုက်မိတဲ့အကျိုးဆက်ကအခုထိကိုမျက်လုံးတွေအောင့်နေသေးတာပဲ..။ အမြင်အာရုံကမကြည်လင်သေးတာမို့ မျက်တောင်ကိုပုတ်ခက်ပုတ်ခက်လုပ်နေတုန်း ဘယ်ဘက်အောက်မျက်ခမ်းနားကခပ်နွေးနွေးအထိအတွေ့ကိုခံစားမိတယ်။

ကိုရှိုင်း သူ့ကို နမ်းလိုက်တာပဲ..

သုတ ကြောင်တောင်တောင်နဲ့ကြည့်နေမိတုန်း ကိုရှိုင်းကသူ့လက်ကိုဆွဲပြီးအိမ်ရှေ့ထွက်လာခဲ့တယ်။ ဆိုဖာပေါ်ထိုင်ဖို့လုပ်တော့ လက်ကနေဆောင့်ဆွဲခံလိုက်ရတာမို့ အလိုအလျောက်ကိုရှိုင်းပေါင်ကြားထဲထိုင်မိသွားတယ်။ ကိုရှိုင်းတစ်ယောက် နောက်ကျောကနေသူ့ခါးကိုဖက်ပြီးပုခုံးပေါ်ခေါင်းမှေးတင်လာတဲ့အထိ သုတကြောင်တောင်တောင်ဖြစ်နေတုန်းပဲ..။

"လည်ချောင်းလည်းနာနေတယ်မလား? ကိုယ်​ နွေးနွေးလေးလုပ်ပေးထားတယ် သောက်ကြည့်"

GreenTea နံ့သင်းသင်းလေးရတဲ့ခွက်တစ်ခွက်ကိုယူပေးတော့ သုတနည်းနည်းစုပ်သောက်လိုက်တယ်။

အခုမှဘဲ..လည်ချောင်းထဲနည်းနည်းရှင်းသွားသလိုပဲ။

"ညီ.."

"ဟင်?"

"ကိုယ်နဲ့တွဲမလား?"

မထင်ထားတဲ့စကားမို့ သုတရေနွေးသီးတော့မလို့တောင်ဖြစ်သွားတယ်။ အနောက်ကကိုရှိုင်းကိုခေါင်းလေးစောင်းပြီးလှည့်ကြည့်တော့ ကိုရှိုင်းလည်းသူ့ကိုစိုက်ကြည့်နေခဲ့တယ်။ နောက်နေပုံမရတဲ့အကြည့်တွေကြောင့် သုတမျက်နှာလွှဲလိုက်မိတယ်။

"ဒါပေမယ့်..ကိုရှိုင်းက အဖြောင့်မဟုတ်ဘူးလား?"

"ဘာလို့ ညီကအဲ့လိုထင်ရတာလည်း?"

ကြုံခဲ့ဆုံခဲ့သမျှ [ ႀကဳံခဲ့ဆုံခဲ့သမွ် ]Where stories live. Discover now