19.

32.2K 730 8
                                    

Unicode

"နဒီ..အဝတ်အစားသွားဝတ်!"

တံခါးဘောင်ကိုမှီပြီးသူတို့ကိုရပ်ကြည့်နေတဲ့ကောင်မလေးက ပုခုံးတွန့်ပြရင်း အိမ်ထဲပြန်ဝင်သွားတယ်။ ဖမ်းဆွဲထားတဲ့ကိုရှိုင်းရဲ့လက်ကိုဆွဲဖယ်တော့ အိမ်ထဲထိဆွဲခေါ်ခံလိုက်ရတယ်။

"အာ့!"

ဧည့်ခန်းထဲကဆိုဖာပေါ်ပစ်တင်ခံလိုက်ရတော့ ကိုရှိုင်းကိုမော့ကြည့်မိသေးတယ်။ တကယ်ဆိုရင် ဒေါသထွက်ရမှာသူဖြစ်ရဲ့သားနဲ့ ဘာလို့ကိုရှိုင်းမျက်နှာကတင်းမာနေရတာလည်း..။

"ဘယ်ကို ထွက်ပြေးချင်နေတာလည်း?"

ထရပ်ဖို့ပြင်လိုက်တဲ့သူ့ကိုပြန်တွန်းချပြီး ကိုရှိုင်းတစ်ယောက် အပေါ်စီးကနေအုပ်မိုးပြီးစိုက်ကြည့်လာတယ်။ နှစ်ယောက်ကြားကအကွာအဝေးကနီးကပ်လာလို့ သုတပြန်ပြီးတွန်းကန်လာတဲ့လက်နှစ်ဖက်ကို ကိုရှိုင်းကခေါင်းပေါ်မှာဆွဲချုပ်ထားတယ်။ မေးစေ့ကိုပင့်ကိုင်လာတဲ့လက်တဖက်ကအားပါတာမို့ သုတမျက်မှောင်ကြုပ်ထားလိုက်မိတယ်။

"ကိုယ့်ကိုရှင်းပြခွင့်တောင်မပေးတော့ဘူးလား..?"

အသံကနူးညံ့လာပေမယ့် အကြည့်တွေကစူးရှနေတုန်းပဲ..။

"ဘာကို တောင်းပန်တာလည်း? ဘာလို့ ကိုယ်ရှင်းပြတာကိုနားမထောင်တာလည်း? ဘယ်ကို ထွက်ပြေးချင်တာလည်း? ညီ..ညီ ကိုယ့်အပေါ်မှာအဲ့ဒီလောက်တောင်အယုံအကြည်မရှိတာလား?"

သုတအကြည့်လွှဲဖို့ပြင်တော့ မေးစေ့ကိုပင့်ကိုင်ထားတဲ့လက်ကပြန်ဆွဲယူပြီးနှစ်ယောက်ကြားကအကြည့်ကိုဆုံစေတယ်။ သက်ပြင်းတချက်ရှိုက်ထုတ်မိတဲ့အခါ သုတမျက်ရည်ကျမိတော့မတက်ဖြစ်သွားရတယ်။

"ကိုရှိုင်းပြောမယ့်စကားတွေက ညီ မကြားချင်တဲ့စကားတွေဆိုရင်ဘယ်လိုလုပ်မလည်း?..ကိုရှိုင်းဘက်က ညီ့ကိုထွက်သွားပေးပါလို့နှင်လာခဲ့ရင် ညီ ဘယ်လိုတုံ့ပြန်ရမလည်း? ညီ..တကယ်ခံနိုင်ရည်မရှိဘူး.."

ချုပ်ကိုင်ထားတဲ့လက်တွေပြေလျော့သွားရင်း ရင်းနှီးတဲ့ရင်ခွင်ကျယ်ကြီးဆီဆွဲသွင်းခံလိုက်ရတယ်။ မငိုမိအောင်ထိန်းနေပေမယ့် ကိုရှိုင်းရဲ့အကျီကိုဆုတ်ကိုင်ထားတဲ့လက်တွေကချုပ်ထိန်းလို့မရအောင်တုန်ရီနေတယ်။

ကြုံခဲ့ဆုံခဲ့သမျှ [ ႀကဳံခဲ့ဆုံခဲ့သမွ် ]Where stories live. Discover now