-17-

39.1K 777 12
                                    

Unicode

သုတတစ်ယောက် တကိုယ်လုံးကိုက်ခဲနေမှုနဲ့အတူနိုးလာခဲ့တယ်။ လိုက်ကာတစ်ခြမ်းချထားတဲ့ပြတင်းပေါက်ကနေအပြင်လှမ်းကြည့်တော့ ညနေတောင်စောင်းနေပြီပဲ..။ တစ်မနက်လုံးဘာမှမစားရသေးလို့ ဗိုက်ထဲကအချက်ပြလာပေမယ့် ထထိုင်ဖို့ကိုဘယ်လိုမှမတွေးရဲဘူးဖြစ်နေတယ်။

ဒါမျိုးကခံနေတုန်းပဲကောင်းတာ..ပြီးသွားရင်တော့ သောက်ကျိုးနည်းအောင်ကိုမလှုပ်နိုင်တော့တာပဲသိတယ်..။

စောင်အောက်ကအဝတ်မပါတဲ့ခန္ဓာကိုယ်ကိုနည်းနည်းလေးကျုံ့လိုက်မိတော့ ခါးအောက်ကသေလောက်အောင်နာလာတာမို့ခပ်တိုးတိုးညည်းမိသေးတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန် ဘေးနားမှာတစ်ယောက်မှရှိမနေတဲ့ခံစားချက်ကနည်းနည်းတော့လစ်ဟာနေသလိုပဲ..။

"ညီ.."

ခေါ်သံကြားလိုက်မိလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ကိုငုံ့ကြည့်နေတဲ့ကိုရှိုင်းကိုတွေ့လိုက်ရတယ်။ လက်ထဲမှာလည်းအထုတ်တစ်ထုတ်နဲ့အဝတ်အစားကလည်းသက်သက်ရပ်ရပ်ဆိုတော့ အခုမှအပြင်ကပြန်လာတဲ့ပုံပဲ..။

"အဆင်ပြေရဲ့လား?"

"ဟင့်အင်း..နာတယ်"

သူ ခပ်ချွဲချွဲပြောလိုက်တာကို ကိုရှိုင်းကပြုံးတယ်။ ပြီးတော့ လက်ထဲကအထုတ်ကိုစားပွဲပေါ်တင်လိုက်ရင်း ကုတင်ပေါ်တက်ပြီးသုတကိုရင်ခွင်ထဲထည့်ထားလိုက်တော့တာပဲ..။

"ကြည့်ရတာ ညီ့ကိုခံနိုင်ရည်တိုးအောင် အားဆေးများများကျွေးမှထင်တယ်..ကိုယ်နဲ့အတူgynလိုက်ဆော့မလား?"

"ဒီအတိုင်းအသေသတ်ဖို့ကြံနေတာလား? နည်းနည်းပါးပါးလျော့ပေါ့ပေးမယ်တော့မရှိဘူး.."

သုတဆီကမျက်စောင်းကိုမြင်တော့ ကိုရှိုင်းကသူ့နှာခေါင်းကိုလက်နဲ့ဆွဲညှစ်လာတယ်။ မသိရင် လူကိုဆက်ဆံတဲ့ပုံကကလေးပေါက်စလေးကြနေတာပဲ..။

"အဲ့လိုပြောရရင် ညီကရော သဘောမကျခဲ့လို့လား?"

"ကိုရှိုင်းရာ~"

မျက်နှာပူပူနဲ့အကြည့်လွဲပြီး ကိုရှိုင်းရင်ခွင်ထဲကိုပိုပြီးတိုးဝင်လိုက်တယ်။ အကျီတစ်ထပ်ခံနေပေမယ့် ကိုရှိုင်းဆီကနွေးထွေးမှုကိုခံစားမိတယ်။ မျက်လုံးလေးမှိတ်ပြီး ကိုရှိုင်းရဲ့ရင်ခုန်သံကိုနားစွင့်နေရတဲ့ဒီအခိုက်အတန့်လေးက သူ့အတွက်တော့အရမ်းအေးချမ်းလို့နေတယ်။

ကြုံခဲ့ဆုံခဲ့သမျှ [ ႀကဳံခဲ့ဆုံခဲ့သမွ် ]Where stories live. Discover now