-15-

37.9K 823 43
                                    

Unicode

မနက်စောစောစီးစီးဆေးလိပ်မီးညှိဖို့လုပ်နေတုန်း ကြားလိုက်ရတဲ့ဘဲလ်သံကြောင့် သွားဖွင့်ကြည့်လိုက်တော့ တံခါးရှေ့မှာရပ်နေတဲ့ကောင်လေးကိုတွေ့လိုက်ရတယ်။

"ဟို..အကျီပြန်လာပေးတာ"

ခေါင်းကိုငုံ့ထားပြီးလက်ထဲကအထုတ်ကိုကမ်းပေးလာတဲ့ကောင်လေးကို ရှိုင်းခ မျက်လုံးပင့်ကြည့်မိတယ်။

ဒီကြားထဲမှာတစ်ပတ်တောင်ကြာသွားပြီမှ ပြန်လာပေးတယ်ပေါ့?

"ကိုယ်ကအပိုင်ယူထားလိုက်ပြီထင်နေတာ.."

"ဟီးဟီး..တောင်းပန်ပါတယ် ကျွန်တော်လည်းကျောင်းကိစ္စတွေနဲ့မအားလို့.."

သူ့စကားကိုကောင်လေးကရယ်ကျဲကျဲလုပ်နေတော့ လှမ်းပေးနေတဲ့အိတ်ကိုမယူဘဲလက်ကဆွဲပြီးအိမ်ထဲခေါ်သွင်းလိုက်တယ်။

"ကိုယ်မနက်စာစားဖို့လုပ်နေတာ အတူလာစား.."

"ဟ-ဟို ရပါတယ်..ကျွန်တော်.."

"အကြောင်းမကြားဘဲအလုပ်ကနေလည်းတစ်ပတ်လောက်ပျောက်သွားသေးတယ်..အခုလည်း ကိုယ်နဲ့မနက်စာတောင်မစားချင်တော့ဘူးဆိုတော့..ဘာလည်း ကိုယ့်ကိုမခင်ချင်တော့တာလား?"

မျက်နှာနားထိငုံ့လာပြီးခပ်တိုးတိုးပြောတော့ ကိုရှိုင်းဆီကရေမွှေးနံသင်းသင်းရလိုက်တယ်။

"ကိုရှိုင်း..အပြင်သွားမလို့လား?"

"ဟင်? အော်..ဟုတ်တယ် ချိန်းထားတာရှိလို့"

ဘယ်သူလည်းဆိုတာသိချင်ပေမယ့် မေးမယ့်စကားတွေကိုမြိုသိပ်ပြီးထမင်းစားပွဲမှာဝင်ထိုင်လိုက်တယ်။

"ခဏစောင့်..ညီ့အတွက်ပါ လုပ်လိုက်မယ်"

ပြောပြောဆိုဆိုနဲ့မနက်စာသွားပြင်နေတဲ့ကိုရှိုင်းကိုလှည့်ကြည့်ပြီးမှ ထမင်းစားပွဲပေါ်တင်ထားတဲ့laptopကိုတွေ့လိုက်တယ်။

ဟင်! ဒါတွေက!

Laptop screenပေါ်မှာရှိနေတဲ့လူက ကိုယ့်ကိုယ်ကိုမှန်းသိလိုက်ရတော့ စိတ်ထဲတမျိုးလေးရင်ခုန်သွားတယ်။

ကင်မရာအလင်းအမှောင်နဲ့ရိုက်ချက်တွေက ဓာတ်ပုံဆရာလို့မပြောရဘူး ကိုယ့်ကိုယ်ကိုကြည့်ရင်းနဲ့တောင်ကြွေချင်လာသလိုပဲ..။

ကြုံခဲ့ဆုံခဲ့သမျှ [ ႀကဳံခဲ့ဆုံခဲ့သမွ် ]Where stories live. Discover now