30.

27.3K 686 56
                                    

Unicode

"အဲ့ဒါကတော့ မင်းကငါ့ကိုရုတ်တရက်လာဖက်လို့မဟုတ်ဘူးလား...ဘယ်သူကရော ကိုယ့်ချစ်သူကိုသူစိမ်းတစ်ယောက်ကအတင်းအကြပ်ဖက်ထားတာကို သဝန်မတိုဘဲနေမှာလည်း...မဟုတ်ဘူးလား ညီ"

ကိုရှိုင်းပြုံးနေခဲ့တယ်။ အရမ်းကိုနူးညံ့ပြီးအချစ်တွေပြည့်နှက်နေတဲ့အပြုံးမျိုးနဲ့ သူ့ကိုပြုံးပြီးကြည့်လာခဲ့တယ်။

"အေးနေလား..."

ရေထိတာကြာသွားလို့ အရေခွံတွန့်နေတဲ့သူ့ရဲ့လက်ထိပ်ဖျားဆီက ကိုရှိုင်းရဲ့အနမ်းဖွဖွကိုခံစားလိုက်ရတဲ့အခါ သုတခေါင်းကိုငုံ့ထားလိုက်တယ်။ မျက်လုံးထောင့်ကနေ ဧည့်ခန်းဆီကိုမသိမသာအကဲခတ်ကြည့်လိုက်တဲ့အချိန် ဟန်လင်းဆီကအကြည့်စူးစူးကိုခံစားလိုက်ရတဲ့အခါမှာတော့ သုတတစ်ယောက် မသိမသာလေးကိုရှိုင်းရင်ခွင်ထဲတိုးကပ်သွားမိတော့တယ်။

အခုမှပဲ စိတ်သက်သာရာရသွားသလိုပဲ...။

"အဘွား..ကျွန်တော်တို့ပြန်တော့မယ်"

"အခုမှမိသားစုစုံစုံညီညီလေးတွေ့ရတာ ဘယ်ကိုပြန်မှာလည်း...ဒီနေ့ ဒီမှာဘဲညအိပ်သွား.."

"အဘွား!"

"ကိုရှိုင်း.."

ပြန်ပြောဖို့ရည်ရွယ်လိုက်တဲ့စကားတွေက အကျီလက်ကိုဆွဲပြီးခပ်တိုးတိုးလေးအနားကပ်ခေါ်လိုက်တဲ့ကောင်လေးရဲ့အသံကြောင့် လည်ချောင်းဝမှာတင်စကားလုံးတွေတစ်ဆို့ကုန်တယ်။ စိတ်ရှိတိုင်းဆိုရင် ဒီကောင်လေးကို ဟန်လင်းဆိုတဲ့အကောင်နဲ့တစ်နေရာထဲမှာအတူရှိမနေစေချင်ပေမယ့် သူ့လုပ်ရက်ကြောင့် မိသားစုဝင်တွေကြား ကောင်လေးအနေခက်သွားမှာကိုလည်းစိုးတယ်။

"မင်း ကိုယ့်ကိုမတွေ့ချင်ရင်လည်းထွက်သွားပေးပါ့မယ် ရှိုင်းရာ...အဘွားစိတ်ဆင်းရဲအောင်တော့မလုပ်စမ်းပါနဲ့"

"ဟန်လင်း! မင်း..."

"အဲ့လိုမဟုတ်ပါဘူး ကိုရှိုင်းကကျွန်တော့်အတွက်စိတ်ပူလို့ပါ...ပြီးတော့ အရင်တစ်ခေါက်ကကိစ္စအတွက်လည်း အကိုဟန်လင်းကိုတောင်းပန်ချင်နေတာ...အဲ့ဒီအချိန်တုန်းကလေ ဘယ်ကမှန်းမသိတဲ့ သူစိမ်းတစ်ယောက်က ကိုရှိုင်းအပေါ်တက်ခွနေတာမြင်လိုက်ရတော့ ကျွန်တော်လည်းရုပ်တရက်စိတ်မထိန်းလိုက်နိုင်တာနဲ့..."

ကြုံခဲ့ဆုံခဲ့သမျှ [ ႀကဳံခဲ့ဆုံခဲ့သမွ် ]Where stories live. Discover now