Unicode
ငါးထပ်တိုက်အမြင့်ကိုမမောနိုင်မပန်းနိုင်ပြေးတက်လာတယ်။ အပေါ်ဆုံးအထပ်ရဲ့အခန်းတံခါးရှေ့ရောက်တော့ လက်ထဲကလိပ်စာကိုသေချာပြန်ကြည့်မိတယ်။ အခန်းနံပါတ်ချင်းတူနေတာတွေ့မှ အသက်ဝဝရှူရင်းဘေးကနံရံကိုမှီပြီးအမောဖြေလိုက်တော့တယ်။
မတွေ့ဖြစ်တာဘယ်လောက်တောင်ကြာပြီလည်း..။ ဒီကြားထဲလိုက်မရှာမိတဲ့အကြောင်းတွေကို ဘယ်လိုရှင်းပြရမလည်း..။ တောင်းပန်ပါတယ်ဆိုတဲ့စကားတော့တကယ်ကိုပြောချင်ပေမယ့် ပြန်တွေ့တဲ့အခါမျက်နှာချင်းဆိုင်ဖို့အတွက် သူ့မှာသတ္တိမရှိဘူးဖြစ်နေတယ်။
စိတ်ကိုတင်းပြီးတံခါးခေါက်ကြည့်တယ်။ လူခေါ်ဘဲလ်လည်းတီးပေမယ့် တိတ်ဆိတ်နေတဲ့အခန်းကသူ့ကိုလှောင်နေသလိုပဲ..။
"သုတ! ငါပါ ဟိန်းထက်! မင်းရှိနေတယ်မလား?! ရှိနေရင်တံခါးဖွင့်ပေးပါကွာ.."
ဘယ်လောက်ကြာကြာတံခါးခေါက်နေမိလည်းမသိတော့ပေမယ့် အောက်ထပ်အခန်းတွေကစူးစမ်းသလိုတံခါးဖွင့်ကြည့်ကြတော့မှ အရှိန်သက်လိုက်မိတယ်။ ပြန်မဖြေတာထက် အထဲမှာလူမရှိတဲ့ပုံပဲ..။ ဆက်ပြီးစောင့်နေသင့်လားဝေခွဲမရတာနဲ့ အနောက်ကနံရံကိုမှီပြီးငုတ်တုတ်ထိုင်ချလိုက်မိတယ်။
မိုးချိန်းသံတချို့နဲ့ကောင်းကင်ကြီးမှောင်မဲလာပုံထောက်တော့ အပြင်မှာမိုးရွာတော့မယ်ထင်တယ်။
🖤🖤🖤
"ဘာဖြစ်လို့လည်း..ညီ"
"ခေါ်သံကြားလိုက်မိသလိုပဲ.."
သူ့အောက်မှာရောက်နေတဲ့ကိုရှိုင်းက သူမဟုတ်ကြောင်းခေါင်းခါပြတော့ စိတ်ထင်တာပဲနေမှာပါလေဆိုပြီး လုပ်လက်စအလုပ်ကိုပြန်ပြီးအာရုံစိုက်တယ်။ ဒါပေမယ့်...
ဘာလို့ အဲ့ဟာကြီးကထမလာသေးတာလည်း?!!
"ညီလုပ်နေတာ..ကိုယ့်ကိုကလိထိုးနေသလိုပဲ"
စိတ်ရင်းမပါပဲနဲ့ စနောက်ချင်တဲ့သဘောနဲ့ ဒီညတော့ သူအပေါ်မှာနေချင်တယ်လို့ပြောလိုက်မိတယ်။ လွယ်လွယ်နဲ့တော့လက်မခံလောက်ဘူးထင်ထားပေမယ့် ကိုရှိုင်းကအပြုံးတောင်မပျက်ဘဲ 'ညီ လုပ်နိုင်ရင်လုပ်ကြည့်ပေါ့'တဲ့!
YOU ARE READING
ကြုံခဲ့ဆုံခဲ့သမျှ [ ႀကဳံခဲ့ဆုံခဲ့သမွ် ]
General FictionWrittenBy : SpicyChip_ Warning : Mature 🔞 Cover Pic Crd to Pinterest.