-12-

35.1K 717 42
                                    

Unicode

အဝတ်အစားတွေထုပ်ပိုးထားတဲ့အိတ်နှစ်လုံးကိုဆွဲရင်း သုတတစ်ယောက်ဆောက်ပြီးတာမကြာသေးတဲ့အသစ်ချက်ချွတ်ငါးထပ်တိုက်ကိုမော့ကြည့်လိုက်တယ်။ ဆိတ်ငြိမ်တဲ့ရက်ကွက်ထဲမှာရှိပြီးတော့ မြေပိုင်ရှင်မိသားစုကိုယ်တိုင်သေချာဒီဇိုင်းဆွဲထားတာမို့ အကျယ်အဝန်းရော အနေအထားကပါ အတော်လေးလှတယ်လို့ပြောရမယ်။

"အကိုလေး..ရောက်လာပြီလား"

ဘာကြောင့် အဖေမိတ်ဆက်ပေးထားတဲ့ဦးလေးအရွယ်ပွဲစားကြီးက သူ့ကိုအကိုလေးခေါ်နေလည်းမသိပေမယ့် ဝတ်ကျေတန်းကျေ ပြန်ပြုံးပြလိုက်တယ်။

"ကျွန်တော်နေရမှာ ဘယ်အထပ်လည်း"

"အပေါ်ဆုံးအထပ် ငါးလွှာပါ.."

ပြောပြောဆိုဆိုနဲ့ရှေ့ကနေတက်သွားတဲ့ပွဲစားနောက် သုတလိုက်လာခဲ့တယ်။

အခုချိန်ကစပြီးတယောက်ထဲနေရတော့မှာပဲ..။

ဟုတ်တယ်..သုတ ထွက်ပြေးခဲ့တယ်။

အောင်စာရင်းထွက်တဲ့ည..အဲ့ဒီညကစပြီး ဟိန်းထက်နဲ့ပတ်သက်တဲ့အဆက်အသွယ်အားလုံးဖြတ်တောက်လိုက်တယ်။ နောက်တရက်မှာဘဲ အဖေ့ကိုတိုင်ပင်ပြီး တယောက်ထဲခွဲနေချင်တယ်လို့ပြောလိုက်တာပဲ..။ အစကတော့အဖေကတားနေပေမယ့် အဝေးသင်တက်ပြီးအလုပ်လုပ်ချင်သေးတယ်ပြောတော့ နောက်ဆုံးခွင့်ပြုပေးလိုက်တယ်။

အဖေပြန်တောင်းဆိုတာတခုပဲ..သူဝယ်ပေးတဲ့အိမ်မှာနေရမယ်တဲ့..။

"တကယ်တော့..ဒီအပေါ်ဆုံးထပ်ကိုမြေပိုင်ရှင်မိသားစုနေမယ်လို့ရည်ရွယ်ပြီးဆောက်ထားခဲ့တာ..နောက်တော့မှ မိသားစုလိုက်နိုင်ငံခြားထွက်ဖြစ်သွားတာနဲ့ ရောင်းဖို့လုပ်လိုက်တာပဲ.."

"အော်.."

"ဒီမှာ အကိုလေး..ရောက်ပြီ"

လှေကားထိပ်တည့်တည့်မှာဝရန်တာတခုရှိပြီး သံဗန်းအလှတွေနဲ့ကာရံထားတယ်။

"ဒီကနေအေးဆေးအပြင်ကြည့်လို့လည်းရတယ်..တိုက်ရှေ့မှာက တစ်ထပ်တိုက်တွေနဲ့ခြံဝန်းတွေအများဆုံးရှိတော့..ဒီကကြည့်ရင် ရှုခင်းအတော်လေးလှတယ်"

ကြုံခဲ့ဆုံခဲ့သမျှ [ ႀကဳံခဲ့ဆုံခဲ့သမွ် ]Where stories live. Discover now