32.[TheEnd]

37.9K 723 51
                                    

Unicode

ဖုန်းထဲကနေပြောလိုက်တဲ့လိပ်စာအတိုင်းရောက်လာချိန် Taxiပေါ်ကနေဆင်းဆင်းချင်းဟိန်းထက်မြင်လိုက်ရတာက လမ်းဘေးဓာတ်တိုင်အောက်မှာခေါင်းငိုက်စိုက်ပြီးထိုင်နေတဲ့ ဟန်လေးရဲ့အရိပ်ကလေးပဲ..။ ခါတိုင်းလိုတက်ကြွမနေပါဘဲ ဝမ်းနည်းနေပုံရတဲ့ထိုအရိပ်ကလေးကြောင့် ဟိန်းထက်တစ်ယောက်ခြေလှမ်းတွေကိုပိုပြီးသွက်လိုက်မိတယ်။ သူ့ရဲ့စိတ်ထင်ပဲလားတော့မပြောတက်ပေမယ့် ခြေသံကြားလို့မော့ကြည့်လာတဲ့ဟန်လင်းရဲ့မျက်ဝန်းတွေကနီရဲလို့နေတယ်။

"ဟန်လင်း...ခင်ဗျား ဘာဖြစ်နေတာလည်း"

အနားကပ်သွားတဲ့အချိန် မွန်ထူနေတဲ့ဆေးလိပ်အနံ့ကြောင့်မျက်နှာလွှဲလိုက်တော့ နင်းခြေခံထားရတဲ့ဆေးလိပ်တိုတချို့က ဟန်လင်းခြေထောက်အနားမှာပြန့်ကြဲနေတယ်။

ဒီလူ ဆေးလိပ်တစ်ဗူးလုံးကုန်အောင်သောက်ထားသလားပဲ..။

"မင်း ရောက်လာသားပဲ"

"ခင်ဗျားပဲလာခဲ့ဖို့ခေါ်ထားတာ မဟုတ်ဘူးလား"

ပြောရင်းဆိုရင်းနဲ့ဟန်လင်းကိုလက်မောင်းကနေတဆင့်ဆွဲထူလိုက်တော့ ယိုင်လဲမတက်ဖြစ်နေတဲ့ခန္ဓာကိုယ်ကဟိန်းထက်ပုခုံးကိုမှီရင်းခပ်တိုးတိုးစကားဆိုလာတယ်။

"ရောက်လာခဲ့တာတော့ မင်းပထမဆုံးပဲ" တဲ့..။

🖤🖤🖤🖤🖤

"ညီ..ဘာဖြစ်လို့လည်း"

ကားမောင်းရင်းမေးလာတဲ့ကိုရှိုင်းကိုခေါင်းခါပြရင်း လမ်းတဖက်ခြမ်းဆီကTaxiပေါ်ကနေပြေးဆင်းသွားတဲ့လူရိပ်က ဟိန်းထက်နဲ့တူတဲ့အကြောင်းကိုဆက်တွေးနေမိတယ်။ ဟိန်းထက်အကြောင်းစဥ်းစားနေမိလို့ သူအမြင်မှားတာလည်းဖြစ်နိုင်ပါတယ်..တကယ်ဆိုရင် ဟိန်းထက်ကဒီကိုရောက်လာစရာအကြောင်းမှမရှိဘဲ..။

မနက်စာစားပြီးတဲ့အချိန် ကိုရှိုင်းရဲ့မိသားစုတွေကိုနှုတ်ဆက်ပြီးပြန်ဖို့ပြင်တော့ ဟန်လင်းကိုမတွေ့တာနဲ့ နဒီ့ကိုမေးကြည့်မိသေးတယ်။ နဒီ့စကားအရတော့ မနက်အစောကြီးကတည်းကမတွေ့တာဆိုပဲ..။ ကြည့်ရတာ သူနဲ့စကားပြောပြီးကတည်းကထွက်သွားပုံရတယ်။

ကြုံခဲ့ဆုံခဲ့သမျှ [ ႀကဳံခဲ့ဆုံခဲ့သမွ် ]Where stories live. Discover now