27.

25K 629 22
                                    

Unicode

"နိုးပြီလား?"

ရင်းနှီးနေတဲ့အပွေ့အဖက်နဲ့အသားကျနေပြီဖြစ်တဲ့နဖူးပေါ်ကအနမ်းလေးကြောင့် သုတခေါင်းငြိမ့်ပြလိုက်တယ်။ ဝေဝါးနေတဲ့အမြင်တွေကြည်လင်လာဖို့လက်နဲ့မျက်လုံးကိုဖိပွတ်မိတဲ့အခါ လက်မှာနေရာယူနေတဲ့လက်စွပ်လေးကိုသတိထားလိုက်မိတယ်။

အခုထိရှိနေတုန်းပဲ..။

"အိမ်မက်မဟုတ်ဘူးပေါ့"

အရူးတယောက်လိုပြုံးမိရင်းကိုရှိုင်းရဲ့ရင်ဘက်ထဲတိုးဝင်တော့ သူ့ခေါင်းပေါ်ကနေရယ်သံတိုးတိုးကြားလိုက်ရတယ်။

"ဘာလည်း နောင်တရလို့လား?"

သုတ ခေါင်းကိုဖြေးဖြေးချင်းခါလိုက်တယ်။ ဝတ်ထားတဲ့လက်စွပ်လေးကိုတဖက်လက်နဲ့ဖိပွတ်နေရင်း နှုတ်ခမ်းနားကပ်ပြီးအနမ်းဖွဖွပေးလိုက်တော့ သူ့မျက်လုံးတွေစိုစွတ်လာသလိုခံစားရတယ်။

"ကျေးဇူးတင်ပါတယ်..ကျွန်တော့်ကိုလက်ခံပေးလို့.."

"ညီ ကိုယ့်ဆီအရင်ရောက်လာပေးခဲ့တာမဟုတ်ဘူးလား..ကျေးဇူးတင်ရမှာ ကိုယ်ပေါ့.."

အရမ်းကိုပျော်နေမိလို့ အခုအခြေအနေကို အတုအယောင်လားလို့တောင်ထင်မိတယ်။ မနေ့ညတုန်းကအထိတွေးပူမိနေသေးတဲ့ သူတို့နှစ်ယောက်ရဲ့အနာဂတ်အကြောင်းတွေက အခုတော့ဒီလက်စွပ်တစုံနဲ့တင်အရာအားလုံးရင်ဆိုင်နိုင်သွားသလိုပဲ..။ ကိုရှိုင်းဆီကစည်းချက်မှန်မှန်ကြားနေရတဲ့ရင်ခုန်သံက သူ့ရဲ့စိတ်ကိုအေးချမ်းစေတယ်။

တဘဝလုံးစာအနားမှာအတူရှိနေပေးမယ့်သူရှိနေပြီပဲ..တခြားဘာများတွေးကြောက်နေဖို့လိုအပ်ဦးမှာလည်း..။

"နဒီ့ကိုသွားကြည့်ပြီးရင်..ကိုယ်တို့အိမ်ပြန်ရအောင်"

"အင်း.."

မနေ့ကရောက်ဖြစ်ခဲ့တဲ့ဆေးရုံခန်းလေးဆီဝင်သွားလိုက်တော့ သူတို့ဆီကိုမျက်လုံးနှစ်စုံကလှည့်ကြည့်လာတယ်။ နဒီကတော့ ခေါက်ဆွဲကြော်ကိုပလုပ်ပလောင်းစားနေရင်း သူ့ကိုအနားလာခဲ့ဖို့ခေါ်ပေမယ့်..အကဲခတ်သလိုစိုက်ကြည့်နေတဲ့ကိုရှိုင်းအမေရဲ့အကြည့်တွေအောက်မှာ သုတခြေလှမ်းတွေကတွန့်ဆုတ်နေမိတယ်။ ရှေ့ကနေဖြတ်လျှောက်သွားတော့ အလိုလိုနေရင်းအကြည့်လွှဲပြီးခေါင်းငုံ့လိုက်မိပေမယ့် ချက်ချင်းဆိုသလို ကိုရှိုင်းရဲ့လက်ကသူ့ရဲ့လက်တဖက်ကိုဆုတ်ကိုင်ပေးလာတယ်။

ကြုံခဲ့ဆုံခဲ့သမျှ [ ႀကဳံခဲ့ဆုံခဲ့သမွ် ]Where stories live. Discover now