31.

21K 607 52
                                    

Unicode



"ကိုရှိုင်း"

အခန်းတံခါးဖွင့်သံကြားလို့လှည့်ကြည့်လိုက်စဥ်တင်းတင်းကြပ်ကြပ်ဖက်ထားခံလိုက်ရတာမလို့ သုတရဲ့လက်တွေကရှိုင်းခကို အလိုအလျှောက်ပြန်လည်ပွေ့ဖက်ထားလိုက်မိတယ်။

"အဆင်ပြေရဲ့လား"

ဟန်လင်းနဲ့နှစ်ယောက်အတူထွက်သွားကတည်းက သုတစိတ်ထဲနေလို့မကောင်းသလိုခံစားနေရတာကြောင့် ကိုရှိုင်းရဲ့ဒီလိုပုံစံမြင်လိုက်ရတဲ့အခါ သူစိုးရိမ်သွားမိတယ်။

ဘာတွေများဖြစ်လာတာလည်း..။

"မပြေဘူး...ကိုယ် သဝန်တိုနေတယ်"

"ဟင်?"

"ကိုယ် မနာလိုဖြစ်နေတယ်လို့"

ဒါတွေအားလုံးကအတိတ်တွေပါလို့ ရှိုင်းခတစ်ယောက် စိတ်ထဲမှာအကြိမ်ကြိမ်ရေရွတ်နေပေမယ့် ဟန်လင်းဖွင့်ပြခဲ့တဲ့ဗီဒီယိုကိုပြန်မြင်ယောင်မိတိုင်း သူ့လက်ထဲကကောင်လေးကိုပိုပြီးတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားမိတယ်။

လက်ရှိနဲ့အနာဂတ်မှာရှိနေမယ့်ဒီကောင်လေးက သူ့အပိုင်ဆိုပေမယ့် မဆုံဖြစ်ခဲ့ကြတဲ့အတိတ်ကာလကအဲ့ဒီကောင်လေးကိုလည်း သူ သဝန်တိုတယ်။

ဘာလို့များ သူတို့စောမတွေ့ခဲ့ကြတာလည်း..။

"ဟန်လင်း ကိုယ့်ကိုဗီဒီယိုတစ်ခုဖွင့်ပြတယ်..."

ခြံဝန်းထဲမှာဖြစ်ပျက်ခဲ့သမျှအကြောင်းစုံရှင်းပြပြီးတဲ့အချိန်မှာ သူ့လက်ထဲကကောင်လေးရဲ့မျက်နှာကလူသေကောင်အလာဖြူဖျော့သွားတယ်။ တုန်ရီနေတဲ့နှုတ်ခမ်းလေးကတစ်စုံတစ်ခုကိုပြောပြချင်နေပုံရပြီး ခွေကျသွားတဲ့ခြေထောက်တွေကဘယ်လောက်တောင်ထိန့်လန့်သွားလည်းမပြောလည်းသိသာတယ်။

"မသိခဲ့ဘူး...ဟိန်းထက် သူ အဲ့လိုဗီဒီယိုမျိုးရိုက်ထားတယ်ဆိုတာ တကယ်မသိခဲ့ဘူး"

ဘယ်တုန်းကလည်းမမှတ်မိတော့ပေမယ့် တကြိမ်တခါတုန်းက သူတို့နှစ်ယောက်ဆက်ဆံနေတုန်းဗီဒီယိုရိုက်ထားဖို့ဟိန်းထက်အကြံပေးခဲ့ဖူးတယ်။ အဲ့ဒီတုန်းက ရှက်စရာကောင်းတယ်လို့သုတထင်လိုက်မိတာမလို့ သူငြင်းလိုက်ကတည်းက ဟိန်းထက်လည်းဘာမှထပ်ပြောမလာတာနဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့တာဘယ်လောက်တော်ကြာခဲ့ပြီလည်း။

ကြုံခဲ့ဆုံခဲ့သမျှ [ ႀကဳံခဲ့ဆုံခဲ့သမွ် ]Where stories live. Discover now