23.

26.8K 594 17
                                    

Unicode

"Haha..အဲ့တော့ နင် အလံဖြူပြပြီးထွက်ပြေးလာခဲ့ရတယ်ပေါ့ ဟုတ်လား?"

"အဲ့တော့..?"

"ကိုကို့အကောင်ပေါက်လေးကမလွယ်ကြောပဲ..ထင်တောင်မထင်ထားဘူး"

Tsk..

ဖုန်းတဖက်ဆီကနားဝင်ဆိုးအောင်အော်ရယ်နေတဲ့ နဒီ့အသံကိုလျစ်လျှူရှုပြီး ရေချိုးခန်းဖက်ကိုသာကြည့်နေမိတယ်။ အနာပေါ်ဆားလာဖြူးနေတဲ့နဒီ့ကိုတော့သိပ်မကြည်ပေမယ့် ကစားစရာအသစ်လေးရထားတဲ့အထိမ်းအမှတ်နဲ့ခွင့်လွှတ်ပေးလိုက်ပါ့မယ်..။

"အဲ့တော့..နင် ကိုကို့ကိုလက်လျော့လိုက်ပြီပေါ့?"

"လက်လျော့ဖို့အထိလိုလို့လား..ရှိုင်းကငါ့အပိုင်..ရှိုင်း ဘယ်သူ့ဆီကိုဘဲထွက်သွားသွား အချိန်တန်ရင်ငါ့ဘေးနားပဲပြန်ရောက်လာမှာ.."

"မတူဘူးလေ..ဒီတခေါက်က.."

"နင်ကပါ ဟာသတွေမပြောစမ်းပါနဲ့..တကယ်ရော အဲ့ဒီကောင်လေးရဲ့အချစ်ဆိုတာကြီးနဲ့ရှိုင်းကိုဆွဲထားနိုင်မယ်ထင်နေတာလား..ရှိုင်းရဲ့ခန္ဓာကိုယ်က ငါ့အပေါ်တုံ့ပြန်မှုရှိနေတုန်းပဲနော် နဒီ"

"အဲ့တော့.."

"ငါ..ရှိုင်းကိုအရမ်းချစ်တာ နင်သိရဲ့သားနဲ့"

"ရွံဖို့ကောင်းလိုက်တာ.."

နဒီရဲ့စကားကိုပြန်မတုံ့ပြန်ဖြစ်ပဲ ခပ်တိုးတိုးရယ်ရင်းသာဖုန်းချလိုက်တယ်။ ဖုန်းကိုင်ရင်းပြုံးနေတဲ့သူ့ကို ရေချိုးခန်းထဲကထွက်လာတဲ့ကောင်လေးကတော့ ထူးဆန်းနေသလို လှည့်ကြည့်လှည့်ကြည့်နဲ့..။ အခုမှလူပျိုပေါက်သာသာပုံစံလေးဆိုပေမယ့် ဘောင်းဘီတိုအပွနဲ့ရိုးရိုးတီရှပ်ဗြောင်တစ်ထည်အောက်ကခန္ဓာကိုယ်ကတော့ အတော်လေးတောင့်တင်းတယ်လို့ပြောရမယ်..။ ပုံမှန်ဆိုရင် ဒီလိုမနူးမနပ်အကောင်ပေါက်ပုံစံလေးတွေသိပ်မရွေးတက်ပေမယ့် ဘာလို့မှန်းမသိ..ဒီကောင်လေးပုံစံက ရှိုင်း ငယ်ငယ်တုန်းကပုံစံကိုသွားမြင်ယောင်မိစေတယ်။

"ခင်ဗျားစိုက်ကြည့်​နေတာရပ်ဦးမှာလား?"

"မတက်နိုင်ဘူးလေ..ကြည့်လို့ကောင်းနေတာကို.."

ကြုံခဲ့ဆုံခဲ့သမျှ [ ႀကဳံခဲ့ဆုံခဲ့သမွ် ]Where stories live. Discover now