Unicode
"နိုးပြီလား?"
လေးလံနေတဲ့မျက်ခွံတွေကိုအားယူပြီးဖွင့်ကြည့်လိုက်တော့ သူ့ကိုငုံ့ကြည့်နေတဲ့သုတကိုမြင်လိုက်ရတယ်။ ခေါင်းကလည်းမူးဝေနေပြီး ခန္ဓာကိုယ်ကလည်းအားနည်းနေသလိုခံစားရတာမို့ ဟိန်းထက် ခေါင်းသာငြိမ့်ပြလိုက်တယ်။ မျက်လုံးစုံမှိတ်ထားရင်း အသက်ဝဝရှူသွင်းလိုက်ပြီးမှ ဘာတွေဖြစ်သွားလည်း ပြန်စဥ်းစားကြည့်မိတယ်။
အာ..သူ သတိလစ်သွားခဲ့တာပဲ..။
"အင်း..အဖျားတော့မရှိတော့ဘူး..ဗိုက်ဆာလား? ငါ ဆန်ပြုတ်ပြုတ်ထားပေးတယ်..စားတော့မလား?"
နဖူးပေါ်ကိုဖွဖွလေးလာထိတဲ့ခပ်နွေးနွေးအထိအတွေ့လေးကတခဏတာဆိုပေမယ့် ဟိန်းထက်ရင်ဘက်ထဲအထိနွေးထွေးမှုတွေကူးစက်သွားသလိုခံစားရတယ်။ အချိန်အတော်ကြာလမ်းပျောက်နေခဲ့ပြီးမှ သူ့ရဲ့ဦးတည်ရာကိုရှာဖွေတွေ့ရှိခဲ့သလိုပဲ..အခုမျက်စိရှေ့မှာမြင်နေရတဲ့ ဒီလူက သူ့အတွက်ဘယ်လောက်တော့အရေးပါမှန်း အခုမှပိုပြီးသတိထားမိလာတယ်..။
"သုတ..ငါ ပြောခဲ့တဲ့စကားတွေအတွက် အဖြေ.."
"ညီ.."
သူ့စကားတွေဆုံးခန်းမတိုင်ခင်မှာ ဆွဲဖွင့်ခံလိုက်ရတဲ့တံခါးနောက်..တခါမှမမြင်ဖူးတဲ့လူတစ်ယောက်က သူတို့အနားရောက်လာခဲ့တယ်။
"ကိုရှိုင်း.."
သုတရဲ့တောက်ပလွန်းနေတဲ့အပြုံးကြောင့် ဟိန်းထက်ခဏတာအေးခဲသွားတယ်။ သူ မှတ်မိတာသာမမှားရင်..ဒါ မင်းစေနဲ့အတူရှိခဲ့တုန်းကသုတရဲ့အပြုံးတွေအတိုင်းပဲ..။ ထိတ်လန့်သွားတဲ့ခံစားချက်ကြောင့် ကိုရှိုင်းဆိုတဲ့လူကို သူ စူးစိုက်ကြည့်မိတယ်။ တဖက်လူကတော့ ဒါကိုသတိတောင်မထားမိတဲ့အလား သုတရဲ့ဆံပင်တွေကိုလက်နဲ့ဖွဖွလေးထိုးဖွပေးနေသေးတယ်။
အရမ်းရင်းနှီးလွန်းနေတဲ့ သုတတို့နှစ်ယောက်ရဲ့အနေအထားကြောင့် ဒီအခြေအနေကိုလက်သင့်ခံဖို့ သူ မဝံ့ရဲဘူးဖြစ်နေတယ်။
ကျေးဇူးပြုပြီး..သူ နောက်ကျသွားပြီလို့တော့မပြောကြပါနဲ့..။
YOU ARE READING
ကြုံခဲ့ဆုံခဲ့သမျှ [ ႀကဳံခဲ့ဆုံခဲ့သမွ် ]
General FictionWrittenBy : SpicyChip_ Warning : Mature 🔞 Cover Pic Crd to Pinterest.