-10-

47.3K 713 31
                                    

Unicode

"ခန့်လေး?..ခန့်လေး!?..ဟိန်းခန့်!!"

"ဗ-ဗျာ?"

"စာတွက်နေရင်းနဲ့ကို မင်းအာရုံတွေကဘယ်ရောက်နေတာလဲ!?"

"ဟို..ကျွန်တော်.."

ခုရက်ပိုင်းဘာဖြစ်လို့မှန်းလည်းမသိ အတွေးလွန်လွန်နေတက်တဲ့ဟိန်းခန့်ပုံစံကြောင့် သုတအသံမာသွားမိတယ်။ သူရုပ်တရက်အော်လိုက်တာကြောင့် ခေါင်းလေးငုံ့ပြီးအသံထွက်မလာတော့တာမို့ အော်ပြီးမှနောင်တရသွားတော့တယ်။

"Sorry..အကို နည်းနည်းလွန်သွားတယ်"

အကြည့်တွေကြမ်းပြင်ပေါ်ပို့ရင်း ခေါင်းခါပြနေတဲ့ပုံစံလေးကြောင့် သုတအသဲတွေယားပြီး ပါးကိုဆွဲညှစ်လိုက်တယ်။

"အကို့ကိုပြော..ဘာတွေဖြစ်နေတာလဲ"

ပြောလိုက်မှဘဲပိုဆိုးသွားတယ်ထင်တယ်..အောက်နှုတ်ခမ်းကိုဖိကိုက်ပြီး အကြည့်ပါလွှဲသွားတော့တယ်။

"ခန့်လေး..တခုခုဖြစ်နေရင်လည်း အကို့ကိုပြောပြမှ အကိုသိမှာပေါ့..ဘာဖြစ်လို့လဲ? ကျောင်းမှာအနိုင်ကျင့်ကြလို့လား?"

အသစ်ဖွင့်ထားတဲ့အဆင့်မြင့်မြင့်ကိုယ်ပိုင်အထက်တန်းကျောင်းပီပီ ခန့်လေးတို့ကျောင်းက အစိုးရကျောင်းတွေထက်စောဖွင့်ထားတယ်။ အဲ့ဒီအပြင် အကောင်ကြီးကြီးပိုက်ဆံရှိသားသမီးတွေဘဲစုပြုံနေတာမို့ ဒီငတုံးလေးအနိုင်ကျင့်ခံရမှာလည်းစိုးရသေးတယ်။ ကလေးတွေဆိုပေမယ့်လည်း အကုန်ကောင်းမနေသလို ကလေးတွေမဆိုးရင်တောင် သူတို့ရဲ့အကောင်ကြီးကြီးမိဘတွေကခပ်ကဲကဲတွေမဟုတ်လား..။

"မ-မဟုတ်ပါဘူး.."

အစကတည်းကစိတ်မရှည်တက်တဲ့သုတအတွက်တော့ ထပ်ပြီးမအော်မိအောင်မနည်းသည်းခံနေနေရတယ်။ ဒါပေမယ့်လည်း စိတ်ကသိပ်မရှည်တော့တာမို့ အခုထိခေါင်းမော့မလာသေးတဲ့ကောင်စုတ်လေးကို ထိုင်ခုံကနေတဆင့်အနားဆွဲယူလိုက်တော့တယ်။

"အကို့ကို ကြည့်!..မင်းကိုဘယ်သူတွေကဘာလုပ်လို့လဲ?"

"မဟုတ်ဘူး..တကယ် ဘယ်သူတွေကမှဘာမှမလုပ်ဘူး"

ကြုံခဲ့ဆုံခဲ့သမျှ [ ႀကဳံခဲ့ဆုံခဲ့သမွ် ]Where stories live. Discover now