Unicode
သုတတစ်ယောက်အိပ်ရာနိုးတော့ မိုးတောင်ချုပ်နေပြီ။ တနေ့လည်လုံးအိပ်ပျော်သွားတာပါလားလို့တွေးမိပြီး ကုတင်ပေါ်ထထိုင်လိုက်တယ်။ ယူလာတဲ့အဝတ်အစားတွေနေရာချရဦးမယ်လို့စဉ်းစားနေတုန်း ဗိုက်ကအသံမြည်လာပြန်တယ်။ နေ့လည်ကတည်းကဘာမှမစားရသေးဘူးပဲ။
အိမ်ကိုစပြောင်းလာခါစနေ့မို့ ရေခဲသေတ္တာထဲမှာလည်း ဘာမှရှိဦးမှာမဟုတ်..။ တခုခုဆင်းဝယ်ရအောင်ကလည်းအပျင်းကျချင်သေးတယ်။ ပေတေပြီးပြန်အိပ်ရင်ဘဲကောင်းမလားတွေးနေတုန်း တံခါးဘဲလ်သံကြားလိုက်ရတော့တယ်။
"ဘယ်သူလဲ?"
အိပ်ချင်မူးတူးနဲ့တံခါးသွားဖွင့်ပေးတော့ နေ့လည်တုန်းကဝင်တိုက်မိတဲ့ရင်ဘက်ကြီးကိုတွေ့လိုက်ရတယ်။
"အိပ်နေတာလား?"
ရှေ့ကလူကိုကြောင်တောင်တောင်နဲ့စိုက်ကြည့်နေမိတုန်း ခန္ဓာကိုယ်ကအေးကနဲဖြစ်သွားတာနဲ့ ကိုယ့်ကိုယ်ကိုငုံကြည့်လိုက်တော့..
သေစမ်း!
အိပ်ရာဝင်ရင်ဘာမှဝတ်မအိပ်တက်တဲ့အကျင့်က အဲ့မှာစပြီးသောက်ကျိုးနည်းတော့တာပဲ..။
အပေါ်ပိုင်းဗလာနဲ့အောက်ကဝတ်ထားတဲ့boxerအတိုလေးကြောင့် ခေါင်းထဲအချက်ပေးသံတွေမြည်ကုန်တယ်။
"မိုးချုပ်ရင်လေစိမ်းတွေတိုက်တယ်..အကျီသွားဝတ်လိုက်ပါလား ဖျားဦးမယ်"
"အင်း..ခဏစောင့်!"
ပြုံးစိစိဘဲလုပ်နေမလား ရယ်ဘဲရယ်ချင်နေမလား မော့မကြည့်ရဲတာမို့ ခေါင်းကိုမြန်မြန်ညိမ့်ပြီးတံခါးဆောင့်ပိတ်လိုက်မိတယ်။ အိပ်ခန်းထဲအမြန်ပြေးဝင်လာပြီး တွေ့တဲ့အကျီကောက်စွပ်လိုက်တယ်။ အနည်းဆုံးတော့အောက်ကဘောင်းဘီဝတ်ထားသေးသားပဲလို့ ကိုယ့်စိတ်ကိုယ်ဖြေတွေးပြီး တံခါးဝဆီပြန်သွားလိုက်တယ်။
"အကို..ဘာကိစ္စရှိလို့လဲ?"
တံခါးဝကနေချောင်းကြည့်တော့ အခုထိမပြန်သေးဘူးပဲ..။ သုတကိုခေါင်းစခြေဆုံးကြည့်ပြီးမှလက်ထဲကအထုတ်ကိုလှမ်းပေးလာတယ်"

أنت تقرأ
ကြုံခဲ့ဆုံခဲ့သမျှ [ ႀကဳံခဲ့ဆုံခဲ့သမွ် ]
قصص عامةWrittenBy : SpicyChip_ Warning : Mature 🔞 Cover Pic Crd to Pinterest.