26.

25.8K 625 17
                                    

Unicode

"ကိုရှိုင်း!"

ဆေးရုံအခန်းလေးထဲဝင်ဝင်ချင်း တစ်ယောက်အိပ်ကုတင်ပေါ်မှာထိုင်နေတဲ့လူကိုလှမ်းမြင်လိုက်ရတယ်။ သူ့ခေါ်သံကြားလို့လှည့်ကြည့်လာတာမြင်ပေမယ့် သုတရဲ့မျက်လုံးတွေကတော့ ကိုရှိုင်းရဲ့ခေါင်းပေါ်ကပတ်တီးဖြူဖြူပေါ်မှာသာရှိနေတယ်..။

"ဘယ်တွေလျှောက်သွားနေလို့ car accident ဖြစ်ရတာလည်း? ခေါင်းကဒဏ်ရာကရော..? ကျွန်တော့်ကိုရောမှတ်မိလား? တ​ခြားဘယ်နေရာတွေရော ထိခိုက်မိသေးလည်း?"

"ညီ.."

မေးခွန်းတွေတရစပ်မေးနေမိတဲ့သုတတစ်ယောက် ကိုရှိုင်းရဲ့ခေါ်သံကြားလိုက်တော့မှ ကုတင်နားမှာဒူးထောက်ထိုင်ချလိုက်မိတယ်။ လမ်းတလျှောက်လုံးထိန်းချုပ်လာခဲ့ရတဲ့မျက်ရည်တွေက အခုမှဘဲတားမရအောင်စီးကျလာတယ်။

ကြမ်းပြင်ပေါ်ထိုင်ချလိုက်တဲ့သူ့ကိုမြင်တော့ကိုရှိုင်းက ကုတင်ပေါ်ကဆင်းပြီးသူ့ကိုပွေ့ဖက်ပေးတယ်။ အချိန်အတော်ကြာလွမ်းဆွတ်နေခဲ့ရတဲ့အထိအတွေ့လေးမို့ သုတပိုပြီးရှိုက်ငိုမိတယ်။

ဘာမှမဖြစ်တာမြင်ရလို့စိတ်အေးသွားပေမယ့် တချိန်ထဲမှာဘဲ စိတ်ပူရအောင်လုပ်လွန်းတဲ့ဒီလူကိုဒေါသလည်းထွက်မိတယ်။

"တပတ်လောက်ကို ဘာလို့အဆက်အသွယ်မလုပ်ရတာလည်း?..ညီ ဘယ်လောက်စိတ်ပူနေလည်းရောစဥ်းစားမိရဲ့လား?..ပြန်လာပြီဆိုတဲ့စာလေးတစ်ကြောင်းလောက်ပို့ပြီး ဖုန်းဆက်ကြည့်တော့အရေးပေါ်ရောက်နေတယ်လို့ကြားလိုက်ရတဲ့အချိန် ဘယ်လောက်တောင်စိုးရိမ်သွားရလည်း သိရဲ့လား?!..တကယ်ပါပဲ.."

"ကိုယ် တောင်းပန်ပါတယ်"

ကိုရှိုင်းကထပ်ပြီးစကားမဆိုတော့ဘဲ သူ့ကျောကိုသာဖွဖွလေးပုတ်ပေးနေတယ်။ တပတ်လောက်ဝမ်းနည်းခဲ့ရသမျှနဲ့ ဒီကိုလာနေတဲ့တလျှောက်စိတ်ပူခဲ့ရသမျှတွေအတိုးချပြီး သုတ ဆက်ငိုနေမိတယ်။

အနားမှာရှိနေတုန်းက အဲ့လောက်မသိခဲ့ပေမယ့်..ဆုံးရှုံးရတော့မလိုခံစားရတော့မှ ဒီလူက သူ့အတွက်ဘယ်လောက်တောင်အရေးပါမှန်းနားလည်ခဲ့ရတယ်..။

ကြုံခဲ့ဆုံခဲ့သမျှ [ ႀကဳံခဲ့ဆုံခဲ့သမွ် ]Where stories live. Discover now