Unicode
"ဘာလို့..ကျွန်တော့်ကိုမှလည်း?"
တိတ်ဆိတ်နေတဲ့အခန်းငယ်အတွင်းမှာ ရုပ်တရက်ထမေးလိုက်တဲ့သုတကို ရှိုင်းခကလှည့်ကြည့်လာတယ်။ ပြတင်းပေါက်အလုံပိတ်ပြီးလိုက်ကာပါချထားတဲ့အခန်းထဲမှာ အဝါဖျော့ဖျော့မီးသီးလေးနှစ်လုံးသာထွန်းထားတယ်။ မှိန်ပျပျမီးရောင်ကြောင့်ထင်တယ်..ကိုရှိုင်းကဒီနေ့မှပိုပြီးကြည့်ကောင်းနေသလိုပဲ..။
"ဟိုလေ..ကျွန်တော်ပြောချင်တာက..အကိုကအရင်တုန်းကဒါမျိုးကိုမိန်းခလေးတွေနဲ့ပဲရိုက်နေကြမလား..ဒါနဲ့များ ဘာလို့အခုမှ ကျွန်တော်နဲ့..?"
"ညီ့ကိုစိတ်ဝင်စားလို့လေ.."
"ဗျာ?!"
နောက်နေပုံလည်းမရဘဲအတည်ပေါက်ကြီးပြောနေတာမို့ သုတရင်ပါခုန်သွားတယ်။
"မနောက်ပါနဲ့ဗျာ"
သုတစကားကိုရှိုင်းခကရယ်ပြီး ကုတင်ပေါ်ထိုင်နေတဲ့သူ့အနားတိုးကပ်လာတယ်။
"ကိုယ်..အခုနောက်နေတဲ့ပုံပေါက်နေလို့လား..?"
မျက်နှာလေးရဲပြီးအကြည့်လွှဲသွားတဲ့သုတကိုရှိုင်းခခပ်ပြုံးပြုံးကြည့်ပြီး ဘေးခုံပေါ်မှာတင်ထားတဲ့ရှပ်အကျီတထည်လှမ်းပေးလိုက်တယ်။
"ဒီအကျီသွားလဲလိုက်.."
"ဘောင်းဘီကရော? ပြီးတော့..ဒါ ဘယ်သူ့ဟာ..?"
သုတထက်သိသိသာသာကြီးနေတဲ့အကျီကိုကြည့်ပြီးမှ ရှိုင်းခဆီမော့ကြည့်လာတယ်။
"ဒါ ကိုယ့်အကျီလေ..ဘောင်းဘီကတော့..မလိုပါဘူး"
"ဒ-ဒါဆို အောက်ကဘာမှမဝတ်ရတော့ဘူးလား?"
"ညီ..boxerဝတ်ထားတယ်မလား..? ဒါမှမဟုတ် ညီက ဘာမှမဝတ်ဘဲရိုက်ချင်တယ်ဆိုလည်း.."
"ရတယ်! boxerဝတ်ထားတယ်!"
ပြောပြီးတာနဲ့အကျီလဲဖို့ရေချိုးခန်းထဲတန်းပြေးသွားတဲ့အကောင်ပေါက်လေးကိုကြည့်ပြီး ရှိုင်းခအောက်ပိုင်းကထကြွချင်လာတယ်။ ကိုယ်တိုင်ပြင်ဆင်ထားတဲ့စတူဒီယိုအခန်းလေးကိုဝေ့ကြည့်လိုက်ပြီးမှ ရှေ့ဆက်ရမယ့်အလုပ်အကြောင်းတွေးပြီး စိတ်ကိုဖြေလျော့နေရတယ်။

أنت تقرأ
ကြုံခဲ့ဆုံခဲ့သမျှ [ ႀကဳံခဲ့ဆုံခဲ့သမွ် ]
قصص عامةWrittenBy : SpicyChip_ Warning : Mature 🔞 Cover Pic Crd to Pinterest.