Chapter-11

759 114 4
                                    

Unicode

Section-1

"ဒီနေ့ရိုတ်ကွင်းက ၄နာရီပြီးမယ်hyung~
ဒါပြီးရင် ​studioကိုသွားပြီး အသံသွင်းရမယ် ....."

Namjoonစကားကို ခေါင်းငြိမ့်ပြလာတဲ့ Jin hyungရဲ့ ပုံစံက ခပ်အေးအေးသာ။

ဟိုနေ့ကကားပေါ်မှာ နမ်းပြီးတော့ ပုံမှန်အတိုင်းပဲသူ့ကိုဆက်ဆံနေတဲ့ hyungကြောင့် Namjoonမှာ ဝေဝေဝါးဝါးခံစားနေရတယ်။ အဲ့နေ့က ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောဘဲ ဘာမှမဖြစ်ခဲ့သလိုဆက်ဆံနေတာက Namjoonကို တစ်နည်းတစ်ဖုံနဲ့ အသည်းယားစေတယ်။

hyungသူ့ကို မကျေမနပ်ဖြစ်နေရတဲ့အကြောင်းအရင်းဟာ သူနဲ့ Yuraကိုတွဲမြင်ထားတာကြောင့်လို့ သိရတုန်းက တော်တော်လေး အံ့သြခဲ့ရတယ်။ မကျေမနပ်ရန်တွေ့ခဲ့တဲ့ hyungဟာ သူအထပ်ထပ်ချော့ပြီး ရှင်းပြတော့မှ စိတ်ပြေသွားခဲ့တာ.....

အခုကျတော့ ဘာလို့များ hyungက မသိချင်ယောင်ဆောင်နေရပါလိမ့်လို့ တွေးမိရတော့ Namjoon ခေါင်းပါမူးလာရတယ်။စိတ်ဆိုးတာမျိုးမဟုတ်ဘဲ ပုံမှန်အတိုင်းဆက်ဆံနေတာကလည်း သူ့စိတ်ကို ကလိကလိဖြစ်စေတယ် မဟုတ်လား....

"hyung......ကျွန်တော်...."

ရိုတ်ကွင်းနားချိန်ဖြစ်တာကြောင့် သူတို့
နှစ်ယောက်ထိုင်နေတဲ့နားမှာ လူရှင်းနေတာ​ကို
အခွင့်ကောင်းယူပြီး Jin hyungကို စကားစဖို့ကြိုးစားနေချိန်မှာပဲ သူတို့နားကို Ha Joon ရောက်လာတယ်။

"Seok Jin hyung~ညနေအချိန်ရတယ် မှတ်လား......"

"ညနေ studioသွားဖို့တော့ရှိတယ်.....ဘာလို့လဲ Ha Joon......"

"သြော်~ဟိုတလောက hyung သရုပ်ဆောင်လေ့ကျင့်ချင်တယ်လို့ ပြောဖူးတယ်လေ~
အဲ့တာ ဒီည ကျွန်တော်အချိန်ရလို့​...."

သူနဲ့ Ha Joonစကားပြောနေတာကို စိတ်
မဝင်စားသလိုလုပ်ပြီး phoneတစ်လုံးနဲ့အလုပ်ရှုပ်ဟန်ဆောင်နေတဲ့ Namjoonကို Seok Jinမသိမသာခိုးကြည့်လိုက်တယ်။

လူကသာမကြားသလို ဟန်ဆောင်နေတာ။ စိတ်မကျေနပ်ခြင်းရဲ့ ထွက်ပေါက်အဖြစ် လက်ချောင်းလေးတွေက ခုံကို
တဒေါက်ဒေါက်ခေါက်လို့.......

တစ်ခါတလေ ကိုယ့်စိတ်ကိုယ်ကိုယ်နား
မလည်နိုင်......

သူ့ကိုချစ်တယ်လို့၀န်ခံတာကို သဘောကျကျေနပ်ပေမယ့် Namjoon ပွင့်ပွင့်လင်းလင်းမပြောခဲ့လို့ သူ့နှလုံးသားလေး နာကျင်ခဲ့ရတာကိုတွေးမိရင် Seok Jinစိတ်တိုလာပြန်ရော......

RememberWhere stories live. Discover now