Chapter-14

663 98 12
                                    

Unicode

Section-1

"Jiminရေ~ငါရောက်ပြီ....."

အိမ်ပြန်ဖို့လာကြိုတဲ့ Taehyungဟာ သူ့နာမည်ကိုခေါ်ရင်းဆိုင်ထဲကို ဝင်လာတယ်။

"ခဏလောက်စောင့်လို့ရဦးမလား Taehyung....."

"ရတယ်လေ~ဖြည်းဖြည်းပေါ့.....ငါစားပွဲကူထိုးပေးမယ် Jimin....."

ပြောပြောဆိုဆိုနဲ့ Taehyungကအပေါ်၀တ်coatအင်္ကျီကိုချွတ်၊ အင်္ကျီလက်ကို ခေါက်တင်ရင်း ရှေ့ဖုံးခါးစည်းကို ဝတ်တယ်။

အလုပ်ကပင်ပန်းလာမှန်းသိပေမယ့်
တားလည်းရမှာမဟုတ်တာကြောင့် Taehyungလုပ်သမျှကို သူပြုံးပဲကြည့်နေလိုက်တော့တယ်။

ညနေ၅နာရီကျော်လောက်ဆို သူနဲ့ Taehyungအတူပြန်နေကြဆိုပေမယ့်
ဒီနေ့တော့ ည၆နာရီခွဲတဲ့အထိမပြန်ဖြစ်
သေးဘူး ....Chin wa က မိသားစုကိစ္စ​နဲ့ ညနေပိုင်းခွင့်ယူထားတာကြောင့် ဒီနေ့သူဆိုင်သိမ်းတဲ့အချိန်ထိရှိနေရတာ။

သူနောက်ကျမယ့်အကြောင်း phoneဆက်တော့ Taehyungက သူလည်းအလုပ်လုပ်ရင်းစောင့်နေလိုက်တော့မယ်ဆိုပြီး အခုမှလာကြိုတာ။

"ဗိုက်ဆာနေပြီလား Taehyung.....ဒါပဲ အဆာပြေ စားထားလိုက်နော်.....နောက် နာရီ၀က်လောက်နေမှ ဆိုင်သိမ်းမှာဆိုတော့လေ....."

၇နာရီခွဲခါနီးလောက်မှာ ဆိုင်ထဲလူရှင်းသွားတော့ Jiminက strawberryဖျော်ရည်တစ်ခွက်နဲ့ cupcakeပန်းကန်လေး Taehyungရှေ့ကိုချပေးတယ်။

"မင်းလည်းစား......"

cupcakeကို ဇွန်းလေးနဲ့ခပ်ပြီး Taehyungက Jiminကို ခွံ့ကျွေးတယ်။

"ဒါနဲ့လေ Taehyung......"

"အင်း....ပြော~Jimin..."

"ဒယ်ဒီတို့အိမ်က Hanaအခန်းကိုလေ အောက်ထပ်ရွှေ့ဖို့ပြောရင်ကောင်းမလားလို့...."

"ကိုယ်၀န်ကြီးနဲ့ လှေကားအတက်အဆင်းလုပ်တာစိတ်ပူလို့လား....."

Taehyungက သူ့အတွေးကိုသိနေသလိုမေးတယ်။

"အင်း~.......ငါပြောတော့ပြောချင်ပေမယ့် Hanaကမင်းနဲ့ ပိုရင်းနှီးတော့လေ....."

Jiminစကားကို Taehyungသက်ပြင်းဖွဖွချမိတယ်။

"Jimin ah.....Hanaကလေ ဒီတိုင်းငါတို့ကို အငှားကိုယ်၀န်ဆောင်ပေးတဲ့ မိန်းကလေးပဲလေ~ ကလေးမွေးပြီးရင် သူရသင့်တဲ့အခကြေးငွေကို ယူပြီးထွက်သွားမှာ....."

RememberWhere stories live. Discover now