Unicode
Section-1
"ကျန်းမာရေးဂရုစိုက်နော် hyung~ ...... ကျွန်တော်မှာတာတွေရောမှတ်မိရဲ့လား....
"မှတ်မိပါတယ်ကွာ.....ငါဂရုစိုက်ပါ့မယ်~မင်းလည်း ဂရုစိုက်နော် Joon....ငါစိတ်ပူတယ်"
အလုပ်ကိစ္စနဲ့ခရီးထွက်ရမယ် Namjoon က Seok Jinကို ပြန်စိတ်မချဖြစ်ကာမှာလို့မဆုံးနိုင်။သောက်ရမယ့်ဆေးတွေ၊ ဂရုစိုက်ရမယ့်ရေချိုးချိန်တွေ၊ သတိလက်လွတ်ဖြစ်တတ်တဲ့ မတည့်တဲ့အစားအစာတွေ အားလုံးကို Noteစာအုပ်လေးနဲ့ရေးမှတ်ပြီး Seok Jinကို ပေးပြီးသားပေမယ့် Namjoonကအထပ်ထပ်မှာနေတာ။
အခုလကုန်ဆို Qubist entertainmentနဲ့ Seok Jinစာချုပ်သက်တမ်းပြည့်ပြီ~ဆိုတော့
စာချုပ်ဆက်ချုပ်မချုပ်ဆိုတာ လကုန်မှာ
ထပ်ပြီးဆုံးဖြတ်ရမယ်။ သူအေးအေးဆေးဆေးဆုံးဖြတ်နိုင်အောင်နဲ့ အနားယူဖို့ဆိုပြီး အခုကနေ စပြီး၂ပတ်တိတိကို သူအားလပ်ရက်အဖြစ် companyဘက်က သတ်မှတ်ပေးလိုက်တာ။သူနားရက်ရပေမယ့် Namjoonကတော့
Twinkleyanအဖွဲ့က Honeyနဲ့အတူ ဖိလစ်ပိုင်ဖျော်ဖြေပွဲကိုလိုက်သွားရမှာ။ ကြည့်ရတာ MD Songက Namjoonကို Honey Managerအဖြစ်ပြောင်းမယ်ထင်တယ်။"Honeyအနားကို သိပ်မကပ်နဲ့နော် Namjoon......"
"သဝန်တိုနေတာလား hyung.."
"အေး......ငါလှမ်းcheckနေမှာနော်......."
"အင်းပါ......လာပါဦး ဖက်ထားရအောင်..."
Namjoonက အဝတ်တွေ luggageထဲထည့်နေတာကို ခဏရပ်လိုက်ပြီး သူ့အနားကိုလျှောက်လာပြီး ဖက်ထားတယ်။
"Joon~၂ပတ်တောင်ခွဲရမှာ ငါတော့ မင်းကို လွမ်းနေတော့မှာပဲ....."
"သြော်~ကျွန်တော်က မလွမ်းရှာဘူးဆိုတော့...."
"ဟိုရောက်ရင် အချိန်ရတာနဲ့ phoneဆက်နော်....."
"ဟုတ်ကဲ့ပါ....hyungလည်း တခြားသူတွေနဲ့ dateမနေနဲ့ဦးနော်....."
"အေးပါကွာ......"
Namjoonကို ယုံတယ်ပေမယ့် Honeyဆိုတဲ့ ကလေးမအကြောင်းကို တွေးမိပြီး Seok Jin
သဝန်တိုလာပြန်တယ်။ Namjoonက အနားမသွားလည်း ဟိုကလေးမက လိုက်ကပ်နေမှာ....
YOU ARE READING
Remember
FanfictionRemember your words can plant gardens or burn whole forests down.