Unicode
Section-1
"ခုနက Taehyung phoneဆက်တယ်~ hyungနဲ့တွေ့ချင်လို့....ခဏနေကျရင် လာခဲ့မယ်တဲ့..."
Practiceလုပ်ပြီးလို့ နားနေခန်းထဲပြန်လာတဲ့ သူ့ကို ရေတစ်ခွက်ငှဲ့ပေးရင်း Namjoonကပြောတယ်။
"Taehyungလာမယ်ဆို ကြက်ကြော်မှာထားလိုက်ရင်ကောင်းမယ် Namjoon...."
"ကျွန်တော်မှာထားပြီးပါပြီ...hyungရဲ့.."
သူ့စကားကို ရယ်ရင်း Namjoonကပြောတယ်။ ဟုတ်ပါတယ်လေ~Namjoonက သူနဲ့ပတ်သက်သမျှ မသိတာဘာမှမရှိဘူးမဟုတ်လား.....
သူနဲ့ Namjoon နောက်နေ့ schdule အကြောင်းပြောနေတုန်း Taehyung ရောက်လာခဲ့တယ်။
"ကျွန်တော်ရောက်ပြီ hyung~မတွေ့တာကြာပြီနော် Namjoon hyung~ဘယ်လိုလဲ... မင်္ဂလာလက်ဖွဲ့ကြိုဝယ်ထားရတော့မလား"
Taehyungက နားနေခန်းထဲကို ဝင်လာတော့ သူ့ကိုနှုတ်ဆက်ရင်း ဘေးက Namjoonကို လှမ်းစတယ်။
"ရည်းစားထားဖို့တောင်မအားပါဘူး Taehyungရယ်.."
Taehyungပြောသလို လက်ထပ်ဖို့ဆိုတာအသာထားဦး၊ရည်းစားတစ်ယောက်ထားနိုင်ဖို့တောင် Namjoonမှာအချိန်မရှိပါ။
Jin hyungနဲ့ အမြဲအတူရှိနေရတဲ့ သူ့အတွက် အားလပ်ချိန်ဆိုတာမရှိသလောက်ရှားတယ်မဟုတ်လား......"ဟေ့ကောင်~လာရင်းကိစ္စကိုသာပြော"
Taehyungစကားကို Namjoon hyungကရယ်နေပေမယ့် Jin hyungကတော့ မျက်မှောင်ကျုံ့ရင်း ဝင်ပြောတယ်။ Jin hyung က သူ့လူကိုသိပ်တိုတာ၊ အဲ့ဒီလိုစရင် တစ်စက်ကလေးမှကြိုက်တာမဟုတ်ဘူး။
"hyungကလည်း ညီအစ်ကိုချင်းကိစ္စရှိမှလာရမှာလားလို့....ဟာ~ကြက်ကြော်တွေဝယ်ထားတာပဲ...ကျွန်တော်စားမယ်နော်.."
"စား~စား...Taehyungလာရင်စားဖို့
Jin hyung မှာထားတာ...""ဒီလိုကျတော့လည်း Jin hyungက
ကိုယ့်ညီလေးကို ဂရုစိုက်ဖော်ရသားပဲ"Taehyungကို အပိုတွေပြောနေတယ်ဆိုတဲ့သဘောနဲ့ Jin hyungကခေါင်းအသာခါတယ်။
"ငါသိပါတယ် Taehyungရယ်~မင်းမွေးနေ့ရောက်တော့မှာမို့လို့လာတာမဟုတ်ဘူးလား...."
"သတိရလို့လာတာပါဗျာ~အဲ့တာလည်းပါတာပေါ့လေ..."
ရွှတ်နောက်နောက်ပြောနေပြန်တဲ့ Taehyung
ကို ကြည့်ပြီး Seok Jinရယ်မိတယ်။
YOU ARE READING
Remember
FanfictionRemember your words can plant gardens or burn whole forests down.