Unicode
Section-1
လက်ထဲက CDလေးကို ဖွင့်ကြည့်သင့်၊
မကြည့်သင့် သူ တွေဝေနေမိတယ်။
ရှေ့ဆက်ရမယ့်ခရီးအတွက် သတ္တိရှိချင်တာကြောင့်ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး အတိတ်ကို မှတ်မိဖို့ကြိုးစားချင်ပေမယ့် အခုကျတော့ နည်းနည်းကြောက်လာသလိုပဲ....
ဒီအခွေကိုဖွင့်ကြည့်လိုက်ရင် သူနဲ့ Taehyungကြားက ဆက်ဆံရေးကို သိနိုင်တဲ့အပြင် သူမေ့နေခဲ့တဲ့ အကြောင်းတွေကိုပါ အနည်းနဲ့အများတော့ သတိရလာနိုင်လိမ့်မယ်ထင်တယ်။
Taehyungနဲ့ ကွာရှင်းထားတဲ့ သူ့ကို
စောင့်ရှောက်ပေးတဲ့ Jin hyungဟာ သူ့အတွက် အစ်ကိုအရင်းတစ်ယောက်လိုပဲ.....
မာမားတို့ရှိတဲ့ Busanကိုပြန်မသွားဘဲ ဒီမှာနေဖြစ်ခဲ့တာလည်း သူစိတ်မတည်ငြိမ်တဲ့ အခြေအနေကို စိတ်ပူလို့ Seoulမှာပဲနေဖို့
Jin hyungက တောင်းဆိုခဲ့လို့။
hyung သူ့အပေါ်ကောင်းပေးခဲ့တာတွေကို တွေးမိရင် Mr Kimကို သဘောကျမိတဲ့ စိတ်ကို ငြိုငြင်လာမိတယ်။
သူကသာ အတွေးများနေတာ Mr Kim ကတော့ ပုံမှန်အတိုင်းပြုမူနေတာကြောင့် တွေးကြည့်ရင် သူ့အဖြစ်က ရယ်စရာတော့ကောင်းသား~
Mr Kimနဲ့ နီးစပ်ဖို့ မကြိုးစားခင် Taehyungနဲ့ ပတ်သက်တဲ့အတိတ်ကို ရှင်းရှင်းလင်းလင်းဖြစ်စေချင်မိတယ်။ အခြေအနေတစ်ခုရောက်မှ အတိတ်ကြောင့်
စိတ်ညစ်ရတာမျိုးကို သူလုံး၀မဖြစ်ချင်ဘူးလေ....
Taehyungသူ့ကိုထားခဲ့တယ်ဆိုရင်လည်း ဘယ်လောက်ကြီးတဲ့အပြစ်ကို ကျူးလွန်မိသလဲဆိုတာ သိချင်သလို၊ စိတ်သဘောထားချင်းမတိုက်ဆိုင်ခဲ့တာဆိုရင်လည်း အကြောင်းအရင်းကို သူသိချင်တယ်။
ဒါပေမယ့် သူမှတ်မိချင်တဲ့ အကြောင်းအရာဟာ Mr Kimအနားကို သွားဖို့အနှောင့်အယှက်ဖြစ်နေမလားဆိုတာတွေးမိတော့ သူဒီCDကို ဖွင့်သင့်မဖွင့်သင့်တွေဝေလာတယ်။
မပြတ်သားတဲ့ စိတ်ကြောင့် နှစ်ခါသေရတတ်တယ်ဆိုတဲ့စကားဟာ အလကားမဟုတ်ဘူးဆိုတာ သူဒီညသေချာသိခဲ့ရပြီ။
Section-2
အခန်းထဲမှာ ထိုင်မရ၊ ထမရနဲ့ သူ့မှာ ဂဏှာ
မငြိမ်ဖြစ်နေရတယ်။ စိတ်လှုပ်ရှားတာကို ထိန်းနိုင်ဖို့ စားပွဲပေါ်က ဝိုင်ခွက်ကိုယူပြီး
တရှိန်ထိုးမော့ချလိုက်တော့ ချိုရှရှအရသာက လည်ချောင်းတလျှောက် စီးဆင်းသွားတယ်။
