Chapter-16

651 99 5
                                    

Unicode

Section-1

Hanaကိုကြည့်ဖို့ Taehyungဆေးရုံကို ထွက်သွားပြီး သိပ်မကြာခင်မှာပဲ သူ့ဆီကို အန်တီ
Ji Young ရောက်လာခဲ့တယ်။

"လာချင်နေတာကြာပြီ~အခုမှပဲရောက်တော့တယ်....Jiminလေးရေ...."

"ဟုတ်~အန်တီ....ဒါနဲ့ Chan Wooလေးရော
မပါဘူးလား....."

"ဒီကိုမလာခင် ဆေးရုံကိုအရင်၀င်ခဲ့လို့ ခေါ်မလာတော့တာ Jiminရေ......"

အန်တီစကားကို သူခေါင်းပဲငြိမ့်နေလိုက်တယ်။

ဆေးရုံကိုဆိုတော့ ကြည့်ရတာ Hanaကိုသွားကြည့်တာဖြစ်မယ်ထင်တယ်။

"ဆေးရုံကိုဆိုတော့ Hanaဆီက ပြန်လာတာလား အန်တီ....."

"အင်း~ဟုတ်တယ်...."

"သူသက်သာရဲ့လား....."

ခုနက Taehyung phoneဆက်ထားတာကြောင့် Hanaအခြေအနေက စိုးရိမ်ရတဲ့အနေအထားမဟုတ်ဘူးဆိုတာ သိပြီးပြီဆိုပေမယ့် အန်တီနဲ့စကားဆက်ဖို့ သူမေးလိုက်တယ်။

"သက်သာပါတယ် စိုးရိမ်စရာတော့မရှိတော့ပါဘူး.....ဒါပေမယ့် ဒီလိုအချိန်မှာ သွေးဆင်းတာက ကိုယ်၀န်ပျက်ကျတတ်တော့ သတိတော့ထားရမယ်လို့ပြောတယ်....."

"သြော်.....ဟုတ်...."

"Taehyungကိုတွေ့တော့ Jiminကို မေးမိသေးတယ်~နေမကောင်းဘူးပြောလို့ အန်တီလာကြည့်တာ...."

"သက်တော့သက်သာနေပါပြီ~အဖျားကျန်နေသေးလို့ ကျွန်တော်လိုက်မလာတော့တာ....."

"​ဟုတ်လား~ဂရုစိုက်ပါကွယ်~ဆေးရုံမှာ Taehyungတော့ပြာယာကိုခက်နေတာပဲ စိတ်ပူလို့ထင်ပါ့....."

"ဟုတ်တယ်~ကျွန်တော်တို့စိတ်ပူနေကြတာ .....ဒါနဲ့ဘယ်လို စဖြစ်တာလဲအန်တီ.."

"မနက်စားစားပြီးတော့ နေရတာသိပ်မကောင်းလို့ဆိုပြီး အခန်းထဲမှာ လှဲနေတာ~နောက်တော့ အကူကောင်မလေးက လှမ်းခေါ်လို့သွားကြည့်တော့ သွေးတွေဆင်းနေမှန်းသိတာ..... Hanaခမျာ လန့်ပြီးငိုတာ တအားပဲ....ဆေးရုံရောက်တဲ့အထိ ငိုတုန်း~Taehyungချော့မှ အငိုတိတ်တော့တယ်...."

သူ့စကားကြောင့် အနည်းငယ်တွေးသွားဟန်တူတဲ့ Jiminကို မသိချင်ယောင်ဘဲဆောင်နေလိုက်တယ်။

RememberWhere stories live. Discover now