Unicode
Section-1
စားပွဲပေါ်မှာ နေ့လည်စာအတွက် ပြင်ဆင်ပေးထားတဲ့ ကြက်ရင်ပုံသားနဲ့ broccoli ပန်းကန်ကို ကြည့်ပြီး Seok Jin နှာခေါင်းရှုံ့လိုက်မိတယ်။
အဲ့ဒီကြက်ရင်ပုံသားပြုတ်ကို မမြင်ချင်လောက်အောင်မုန်းတီးနေပြီ။ ဒါပေမယ့်
အခုရက်ပိုင်းမှာ dietလုပ်နေရတာကြောင့် ရွေးချယ်စရာမရှိပဲ ကြိတ်မှိတ်စားနေရတာ။အတူစားမယ့်Namjoon ပန်းကန်ထဲကိုကြည့်တော့လည်း သူပန်းကန်နဲ့တစ်ပုံစံထဲတူနေတယ်။ ဒါဟာ Seok Jinဂျီကျလို့မရအောင်လုပ်တဲ့ Namjoonရဲ့ နည်းစနစ်လို့ဆိုနိုင်တယ်။အခုလည်း Namjoonအပြုအမူ
ကြောင့် သူ့မှာဘာမှမပြောနိုင်တော့ပဲ နေ့လည်စားရတော့တယ်။မကြည်လင်တဲ့ စိတ်အခြေအနေကိုပြသဖို့မျက်မှောင်ကိုတော့ဆက်ကျုံ့ထားတာပေါ့လေ~
"မနက်ဖြန်ကျရင် chocolate cakeစားကြမယ်လေhyungရဲ့ ~အခုတော့ ဒါပဲ စားလိုက်နော်"
chocolate cakeပဲလားဆိုတဲ့ ပုံစံနဲ့ ကြည့်လိုက်တော့Namjoonက သူ့ကိုမြန်မြန်ရှင်းပြတယ်။
"Namsan Towerကိုလည်း သွားကြမယ်လေ hyung~ ညစာစားဖို့တောင် N.Grillမှာ ကျွန်တော်bookingလုပ်ထားပြီးနေပြီ"
"အေးလေ~မနက်ဖြန်ည chocolate cakeစားရမှာပဲ...အခုတော့ဒါပဲ စားရတော့မှာပေါ့...."
အလိုကျသွားသလိုနဲ့ ပြုံးသွားတဲ့ hyungကိုကြည့်ပြီး Namjoonပါအလိုလိုလိုက်ပြုံးမိတယ်။
မနက်ဖြန်က Jin hyungမွေးနေ့ဖြစ်
တာကြောင့် ထုံးစံအတိုင်း Namsan Towerကို သူတို့အတူသွားကြမှာ။ မနက်ဖြန်ညနေပိုင်းနဲ့ သဘက်ခါတစ်ရက်လုံးကို schduleတွေလည်း အကုန်ရှင်းထားပြီးပြီ။နှစ်တိုင်း Jin hyung မွေးနေ့တိုင်း ဒီလိုပုံစံနဲ့ဖြတ်သန်းလာဖြစ်တာ ဒီနှစ်နဲ့ပါဆိုရင် ၇နှစ်ရှိပြီ။ မိသားစုတွေထဲမှာ Taehyungတစ်ယောက်ကိုသာ ဂရုတစိုက်ရှိတဲ့ Jin hyungဟာ မွေးနေ့တောင် အိမ်ပြန်လေ့ရှိသူ
မဟုတ်။နောက်အိမ်ထောင်ပြုထားတဲ့ ဖခင်ဖြစ်သူနဲ့ဆက်ဆံရေးမပြေလည်တာကြောင့် အိမ်ကို
နှစ်ဦးဂါရဝပြုချိန်လောက်ပဲ ပြန်တဲ့
Jin hyungဟာ အမြဲလိုလိုတစ်ယောက်ထဲဖြစ်နေတတ်တယ်။ Mediaတွေကိုလည်း ကြောက်ရတာကြောင့် သူငယ်ချင်းတွေနဲ့ ဆုံဖို့ဆိုတာကလည်း သိပ်တော့မလွယ်ကူလှဘူးလေ။
YOU ARE READING
Remember
FanfictionRemember your words can plant gardens or burn whole forests down.