Chapter-6

805 124 3
                                    

Unicode

Section-1

"နေမကောင်းဘူးလား.....Jimin.."

အိပ်ရာပေါ်မှာလှဲနေတဲ့ သူ့နဖူးကိုစမ်းရင်း Taehyungကမေးတယ်။

"ငါနည်းနည်းပင်ပန်းနေလို့ပါကွာ..."

"ကိုယ်တော့မပူပါဘူး....စိတ်ကြည်သွားအောင် ရေချိုးလိုက်~ခေါင်းတော့မလျှော်နဲ့တော့နော်"

သူ့စကားကို နားထောင်စွာနဲ့ Jiminကရေချိုးခန်းထဲ ဝင်သွားတယ်။

ဒီနေ့သူတို့နှစ်ယောက်နွေဦးမိဘမဲ့ ဂေဟာမှာရှိတဲ့ churchကျောင်းမှာ လက်ထပ်ခဲ့ကြပြီ။
သူတို့နှစ်ယောက်လုံးရဲ့ဆန္ဒအတိုင်း နှစ်ဖက်မိသားစုတွေနဲ့ ရင်းနှီးတဲ့လူနည်းစုကိုပဲဖိတ်ကြားပြီး မင်္ဂလာပွဲကိုကျင်းပခဲ့တယ်။

တာဝန်ယူစိတ်နဲ့ လက်ထပ်တာကိုလက်မခံချင်တဲ့ သူ့ကို ဒိုင်ယာရီစာအုပ်လေးပေးရင်း Jiminက တရား၀င်လက်ထပ်ခွင့်တောင်းခဲ့တာ။

သူတို့နှစ်ယောက်ရင်းနှီးနေကြတဲ့ အချိန်အတွင်း Jiminသူ့အပေါ်ကို သဘောကျတယ်ဆိုတဲ့ဖွင့်ဟဝန်ခံချက်တွေပါဝင်တဲ့ ဒိုင်ယာရီစာအုပ်လေးကြောင့် သူJiminနဲ့လက်ထပ်ဖို့ဆုံးဖြတ်ဖြစ်ခဲ့တယ်။

Jiminသူ့ကို လက်ထပ်တာ တာဝန်ယူချင်စိတ်သက်သက်ကြောင့်မဟုတ်ဘူးဆိုတဲ့ သက်သေဖြစ်တဲ့ ဒီစာအုပ်လေးကို ဖတ်တုန်းက သူပျော်လွန်းလို့ မျက်ရည်တောင်ကျမိတယ်။

ကိုယ်ချစ်တဲ့သူနဲ့နှစ်ဦးသဘောတူလက်ထပ်ရမယ်ဆိုတဲ့ ခံစားချက်ကြောင့်လည်း စိတ်လှုပ်ရှားရတယ်။

လက်ထပ်ဖို့စီစဥ်ကြတော့ နှစ်ဖက်မိဘတွေက မကန့်ကွက်ဘဲ သဘောတူပေးခဲ့ကြတာ
ကြောင့် သူတို့လက်ထပ်ပွဲလေးကို အဆင်ပြေပြေနဲ့ ကျင်းပနိုင်ခဲ့တယ်။

သူတို့မင်္ဂလာပွဲမှာ အပျော်ဆုံးသူကတော့
Jin hyungနဲ့ Namjoon hyungပဲဖြစ်လိမ့်မယ်ထင်တယ်။

လက်ထပ်မယ်ဆိုတဲ့အကြောင်း ပြောပြတုန်းကထဲက Jin hyungနဲ့ Namjoon hyungက ဝမ်းသာအားရနဲ့ ဂုဏ်ပြုပေးခဲ့တာ။Taehyungအလုပ်ဝင်ဖို့ရှိတာကြောင့်
Jin hyungတို့စီစဥ်ပေးတဲ့ Honeymoonခရီးကို မသွားနိုင်တဲ့အကြောင်းငြင်းတုန်းကဆို သူတို့ကိုအတော်လေးဆူပူခဲ့ကြသေးတာ။

RememberWhere stories live. Discover now