Chapter-5

848 126 6
                                    

Unicode

Section-1

"တီ.....တီ.....တီ.....တီ....."

phoneကိုလှမ်းယူရင်း alarmမြည်သံ​ကိုပိတ်လိုက်ရင်း ကျောင်းသွားရဦးမယ်ဆိုတဲ့အသိကြောင့် Jiminမျက်လုံးကိုကြိုးစားဖွင့်ကြည့်လိုက်တော့ အဝါနုရောင်သုတ်ထားတဲ့အခန်းနံရံကို တွေ့လိုက်ရတယ်။

ဒါ Taehyungအခန်းပဲဆိုတာသိလိုက်ပြီးနောက် တဆက်ထဲတွေးမိတာ ညကသူအိမ်
မပြန်ဖြစ်ခဲ့ဘူးပဲ။

တဆစ်ဆစ်ထိုးကိုက်လာတဲ့ နားထင်ကိုလက်နဲ့ဖိထားလိုက်ရင်း ညကအဖြစ်အပျက်တွေကိုတွေးမိတော့ သူ့စိတ်ထဲမှာဝေ၀ါးစွာပေါ်လာတဲ့ပုံရိပ်တွေ......

ညက​ အိမ်အောက်ထပ်က အများသုံး toiletမှာ လူများနေလို့ Taehyungအခန်းရှိတဲ့ ဒုတိယထပ်ကို သူတက်လာခဲ့တာ။ toiletသုံးပြီးတော့ ခေါင်းထဲမူးနောက်နောက်ဖြစ်လာတာကြောင့် အိပ်ရာပေါ်မှာလှဲနေတဲ့အချိန်မှာ Taehyungသူ့ဆီကို phoneဆက်လာတယ်။

နောက်တော့ Taehyung သူ့ဆီရောက်လာခဲ့တယ်။ ပြီးတော့....ပြီးတော့...
သူ Taehyung ကို..............

ဆက်မတွေးရဲစွာ မျက်လုံးကို စုံမှိတ်လိုက်
သည့်တိုင်အောင် အသေးစိတ်မြင်လာတဲ့
ညကအဖြစ်အပျက်တွေ......

ညက Taehyungကို သူတကယ်ပဲဆိုးဝါးတဲ့အပြုအမူတွေလုပ်ခဲ့တာပဲ......အသိစိတ်ပျောက်နေတာမဟုတ်ဘဲ စိတ်ကိုမချုပ်တည်းနိုင်စွာ ပြုမူခဲ့မိခြင်းဟာ Alcoholကြောင့်မဟုတ်တာတော့ သူသေချာမှတ်မိတယ်။ ညက လိမ္မော်ရည်တစ်မျိုးပဲသူသောက်ခဲ့တာလေ......

ရှုပ်ထွေးလာတွေအတွေးတွေကြောင့် ခေါင်းကိုခါလိုက်ရင်း ဘေးဘက်ကိုလှည့်ကြည့်လိုက်တော့ တစောင်းအနေအထားနဲ့ အိပ်နေတဲ့ Taehyungကိုတွေ့လိုက်ရတယ်။

မယုံရဲစွာနဲ့ ငြင်းဆန်ချင်ပေမယ့်
Taehyungရဲ့လည်ပင်းနဲ့ ရင်ဘတ်မှာရှိနေတဲ့ နီညိုရောင်အကွက်တွေက ညကအဖြစ်အပျက်တွေက လက်တွေ့ပါဆိုတာ သက်သေပြနေတယ်။

တစ်ညလုံးမပြီးဆုံးနိုင်ခဲ့တဲ့ သူ့ဆန္ဒတွေကြားမှာ လိုက်လျောပေးခဲ့တဲ့ Taehyungဟာ
အခုထိငြိမ်ငြိမ်သက်သက်နဲ့ အိပ်ပျော်နေတုန်း။ပေါက်ပြဲနေတဲ့ Taehyungနှုတ်ခမ်းတွေဟာလည်း ညက သူကြမ်းတမ်းခဲ့တဲ့အဖြစ်အပျက်ရဲ့ ရလာဒ်တစ်ခုပဲဖြစ်မယ်။

RememberWhere stories live. Discover now