Unicode
Section-1
နာရီကိုကြည့်လိုက်တော့ ညနေ ၆နာရီခွဲကျော်နေပြီ။ ဆိုင်ထဲမှာအတော်လေးလူများနေ
ပေမယ့် ခဏနေတော့ Hanaဆီသွားဖို့ Jiminတွေးမိတယ်။"Chin waရေ~hyungအပြင်သွားစရာရှိလို့
ဆိုင်သိမ်းဖို့ Ju Wonကိုပြောထားလိုက်တော့နော်....""ဟုတ်~ hyung...."
Chimmyလို့ Taehyungနာမည်ပေးထားတဲ့ ဒီCoffeeဆိုင်လေးကိုဖွင့်ဖြစ်တာ သိပ်တော့
မကြာသေးဘူး....Taehyungအလုပ်သွားရင် သူတစ်ယောက်ထဲကျန်ခဲ့ရတာကြောင့် အလုပ်တစ်ခုခုလုပ်ချင်တဲ့အကြောင်းပြောပြတော့ Coffeeဆိုင်လေးဖွင့်ဖို့ Taehyungက အကြံပေးလာတာ။ ပါပါးတို့ဆိုင်မှာထဲက မုန့်ဖုတ်တာတို့ coffeeဖျော်တာတို့က သူ့အတွက်ရင်းနှီးပြီးသားကိစ္စမို့လို့ ဒီဆိုင်လေးကို ဖွင့်ဖြစ်သွားတာ။
ပုံမှန်ရက်တွေဆို Taehyungက မနက်အလုပ်မသွားခင် သူ့ကို ဒီကိုအရင်လိုက်ပို့ပေးပြီး ညနေကျရင်လည်း လာကြိုကာအတူပြန်နေကြ။
ဒီညနေတော့ Taehyungက သူ့ကိုလာကြိုပြီး Hanaကိုသွားကြည့်ဖို့လုပ်ထားပေမယ့် အလုပ်မှာအရေးကြီး ကိစ္စပေါ်လာတာကြောင့် Hanaဆီကို သပ်သပ်ဆီသွားဖို့ဖြစ်လာတာ။
သူဆိုင်ကထွက်လာတော့ ရာသီဥတုက
ခပ်အေးအေးရယ်.....နောက်နှစ်ဒီလိုအချိန်ဆိုရင်တော့ Hanaမွေးဖွားပေးမယ့်ကလေးလေး
သူတို့ဆီကို ရောက်လာလောက်ပြီလို့ သူတွေးမိတယ်။ချမ်းအေးလွန်းတဲ့ပတ်၀န်းကျင်ကြောင့် အနွေးထည်ကို ခပ်တင်းတင်းစေ့ထားရင်း ကားပေါ်ကိုတက်ကာ heaterကိုဖွင့်ထားလိုက်တယ်။
Taehyungစကားကိုနားထောင်ပြီး သူ့ကားကို ဆိုင်မှာပုံမှန်ထားဖြစ်တာမှန်တယ်လို့ Jiminတွေးမိတယ်။ မဟုတ်ရင် အပြင်ထွက်ပြီး Taxiငှားဖို့အတော်လေးအအေးခံရဦးမှာ။
ကားနောက်ခန်းထဲက Hanaအတွက် ၀ယ်လာတဲ့ အဖြူရောင် Daisyပန်းစည်းရယ်၊ cheese cakeရယ်ကို လှည့်ကြည့်ပြီး Jiminကျေနပ်ပြုံးလိုက်မိတယ်။
သူနဲ့ Taehyungရဲ့ ကလေးလေးကို လူ့လောကထဲ ခေါ်ဆောင်လာပေးမယ့် Hanaကို ကျေးဇူးတင်တဲ့အထိမ်းအမှတ်နဲ့
၀ယ်လာတဲ့ Daisyပန်းစည်းကို Hanaသဘောကျမယ်လို့ သူထင်တယ်။

YOU ARE READING
Remember
FanfictionRemember your words can plant gardens or burn whole forests down.