Unicode
Section-1
"မနက်စာစားလို့ရပါပြီ အစ်ကိုလေး....."
ဘာတစ်ခွန်းမှမဆိုဘဲ စားပွဲမှာ၀င်ထိုင်ပြီး
ထမင်းကို စိတ်မပါလက်မပါစားနေတဲ့ Jimin ကို ဦးလေးလီက အရိပ်အကဲကြည့်နေရတယ်။
အသားဟင်းက စပြီး အရံဟင်း၊ အရည်သောက်အထိ သေချာပြင်ဆင်ပေးထားတာပေမယ့် ဘာကိုစိတ်အလိုမကျဖြစ်နေမှန်းမသိ။
"စားရတာအဆင်ပြေရဲ့လား အစ်ကိုလေး...."
"ပြေပါတယ်......"
ပါးစပ်ကနေသာ အဆင်ပြေတယ်ပြောနေပေမယ့် စားရတာဘာလိုလို့လိုမှန်းမသိ။ အရံဟင်းနဲ့ အရည်သောက်ပါ ပြင်ပေးထားတာကြောင့် ဂျီးများနေရမှာ အားနာပေမယ့် စားရတာ အဆင်ပြေမနေပါ.....
မနက်၉နာရီအထိအိပ်လိုက်လို့များလားတော့ မသိ ~ စိတ်ကသိပ်မကြည်ချင်...
"သြော်~မေ့နေလိုက်တာ....Mr Kimက ၀ယ်စရာရှိလို့ဆိုပြီး အပြင်သွားတယ် အစ်ကိုလေး ~ လိုအပ်တာရှိရင် phoneဆက်ပါလို့မှာသွားတယ်...."
အဲ့တာကြောင့် Mr Kimကိုမတွေ့တာကိုး~
ပုံမှန်ဆို မနက်၇နာရီဆိုတာနဲ့ Mr Kimက
သူ့ကို မနက်စာစားဖို့လာခေါ်နေကြလေ....
ဦးလေးလီနဲ့ စကားပြောနေတုန်း phoneမြည်လာလို့ ကြည့်လိုက်တော့ Mr Kim....
"Hello~နိုးနေပြီလား Jimin....."
သြရှရှအသံလေးက လေလှိုင်းတွေကတဆင့်ကြားလာရတယ်။ ဒီအသံလေးကြားရမှ သူ့မနက်က ပြည့်စုံသွားသလို.....
အခုမှနားလည်လိုက်ရတာက လိုနေတဲ့ တစ်ခုခုဟာ ချို၊ချဥ်၊စပ်၊ခါးတစ်ခုမှ မဟုတ်ဘဲ Mr Kimကို မတွေ့ရခြင်းကြောင့်သာ....
"အင်း~နိုးနေပြီ....."
"ကိုယ် Lottte Martရောက်နေတာ~ဘာစားချင်လဲ~ဘာ၀ယ်ခဲ့ပေးရမလဲ....."
တွေ့စကနဲ့ မတူဘဲ ချော့မော့ပြောနေတဲ့ လေသံကြောင့် Jiminပြုံးချင်လာတယ်။ အခုနောက်ပိုင်း Mr Kimက သူ့ကိုစကားပြောရင်
ချေမိုးမနေတော့ဘူး.....
"ဘာမှမစားချင်ပါဘူး~ခင်ဗျားဘယ်တော့ ပြန်လာမှာလဲ....."
မေးလိုက်ပြီးမှ နှုတ်ခမ်းကိုကိုက်ထားလိုက်မိတယ်။ ဘယ်လိုကြီးမေးလိုက်တာလဲ~မသိရင် သိပ်တွေ့ချင်နေသလိုမျိုး....
YOU ARE READING
Remember
FanfictionRemember your words can plant gardens or burn whole forests down.
