Unicode
Section-1
"ငါ့အတွက်တော့ သရုပ်ဆောင်အလုပ်က သီချင်းဆိုရတာထက်ပိုပင်ပန်းတယ် Namjoonရေ...."
ရိုတ်ကွင်းပြီးသွားတော့ သူနဲ့မျက်နှာချင်းဆိုင်ခုံမှာ ၀င်ထိုင်ရင်း Jin hyung ညည်းညည်းညူညူပြောတယ်။
characterအရ ဆံပင်တွေကို Gelရဲ့အကူအညီနဲ့ နဖူးပေါ်အောင်လှန်တင်ထားတဲ့ Jin hyungဟာ တော်တော်လေးကိုဆွဲဆောင်မှုရှိနေတယ်။ မျက်မှောင်ကျုံ့ပြီး စကားပြောနေတာကိုတောင် မျက်လုံးမလွှဲချင်အောင်
ကြည့်ကောင်းနေတော့လည်း ခက်သား....."အရမ်းပင်ပန်းနေပြီလား hyung......"
"အင်း........"
Once Againဆိုတဲ့ ဒီဇာတ်လမ်းတွဲကို
စ ရိုတ်ကူးတဲ့အချိန်ထဲက hyungမှာ အလုပ်များနေရရှာတာ။ သီချင်းလေ့ကျင့်တာ၊ အသံသွင်းတာနဲ့ ဒီဇာတ်လမ်းတွဲအတွက် ရိုတ်ကွင်းသွားရတာနဲ့ဆိုတော့
တအားပင်ပန်းနေမှာပဲ.....ပြီးတော့ ပထမဆုံးရိုတ်တဲ့ ဇာတ်လမ်းတွဲဖြစ်တာကြောင့် သင်ယူစရာတွေကလည်းများတယ်လေ။
"ကျွန်တော်တို့ နေ့လည်စာသွားစားကြမလို့ လိုက်ခဲ့ပါလား Seok Jin hyung....."
hyungနဲ့ Namjoonစကားပြောနေတုန်း မင်းသားHa Joonက နေ့လည်စာစားဖို့လာခေါ်တယ်။
"မင်းတို့ပဲသွားကြပါကွာ...မလိုက်တော့ပါဘူး....."
မစဥ်းစားဘဲ တန်းငြင်းလိုက်တဲ့ hyung
ကြောင့် မင်းသား Ha Joonကို အားနာပေမယ့် သူတို့နှစ်ယောက်ထဲရှိရတဲ့အချိန်က နည်းပါးလွန်းတာကြောင့် hyungလိုက်သွားဖို့ သူ
မပြောဖြစ်တော့။"ဘာလို့လဲ hyungကလဲ~Managerကြီးလဲလိုက်ခဲ့လေ......"
"မလိုက်တော့ပါဘူးဗျ...."
hyungနဲ့နှစ်ယောက်ထဲရှိနေရတဲ့ ဒီအချိန်လေးမှာ သူလည်း လိုက်မသွားချင်တာ
ကြောင့် ငြင်းလိုက်တယ်။အခုတလောအလုပ်များနေတာနဲ့ သူနဲ့hyung စကားပြောဖို့တောင် သိပ်မလွယ်ကူဘူးမဟုတ်လား.....မင်းသားHa Joonထွက်သွားတော့ သူတို့နှစ်ယောက်စကားဆက်ပြောဖြစ်ကြတယ်။
"ခုနက အန်ကယ် phoneဆက်တယ်hyung....မနက်ဖြန်ညနေကျရင် အိမ်မှာမိသားစု ညစာစားပွဲရှိတယ်တဲ့....."
YOU ARE READING
Remember
FanfictionRemember your words can plant gardens or burn whole forests down.