Chapter-26

639 111 3
                                    

Unicode

Section-1

အ၀ါရောင် Tshirtကို ဂျင်းဘောင်းဘီလေးနဲ့တွဲဝတ်ပြီး မှန်ထဲမှာမြင်နေရတဲ့ အပြာရောင်ဆံပင်တွေကို ကြည့်ကောင်းအောင်ပုံချရတယ်။ အားလုံးပြင်ဆင်ပြီးသွားတော့ ၇နာရီထိုးဖို့ ၁၀မိနစ်လောက်လိုသေးတယ်။

လက်စသက်အနေနဲ့ ရေမွှေးဆွတ်နေရင်း *ကလေး*လို့ခေါ်လိုက်တဲ့ Mr Kimအသံကိုပြန်ကြားယောင်တော့ သူအသည်းတွေယားလာတယ်။

ကလေးတဲ့~Mr Kimက သူ့ကို ကလေးတဲ့...ပြီးတော့ Mr Kimပေးသွားတဲ့အနမ်းနွေးနွေးလေးကို ပြန်တွေးမိတော့ ယောင်ရမ်းကာ နှုတ်ခမ်းကိုတောင် ပြန်စမ်းမိတယ်။

တွေးရင်း သဘောကျလာတာကြောင့် ခြေဖျားကိုထောက်ပြီး ခုန်ဆွခုန်ဆွလုပ်နေမိတယ်။ နာရီကိုကြည့်လိုက်တော့ ၇နာရီထိုးဖို့ ၆မိနစ်အလို.....

အချိန်တွေကလည်းကုန်ခဲလိုက်တာ....

အခန်းထဲမှာလှည့်ပတ်လမ်းလျှောက်ပြီး ၇နာရီထိုးဖို့ကို စောင့်ရတယ်။ Mr Kimက
၇နာရီဆို သူ့ကိုမနက်စာစားဖို့ လာခေါ်မှာ...

မနက်စောစောထပြီး ကြည့်ကောင်းအောင်ပြင်ထားပြီး လာခေါ်မယ့်သူကိုမျှော်ရတာ နည်းနည်းတော့ရှက်စရာကောင်းလာသလိုပဲ...

အရင်ကလို မျက်နှာမသစ်ဘဲ pajamasနဲ့ မနက်စာစားတဲ့ Jiminဆိုတာ မရှိတော့ဘူး~အခုက လှလှပပလေးနဲ့ လူရည်သန့်လေး Jiminပဲ.....

အမြဲတမ်းfashionကျပြီး ကြည့်ကောင်းနေတဲ့ Mr Kimနဲ့ အတူနေတာကြာတော့ ညစ်ညစ်ပေပေနေရတာကို သူရှက်လာသလိုပဲ....

"ဒေါက်~ဒေါက်~ဒေါက်....."

အခန်းထဲမှာ လမ်းလျှောက်နေတုန်းကြားရတဲ့ တံခါးခေါက်သံကြောင့် သူပြုံးမိသွားတယ်။
Mr Kimလာပြီရော....

"Mr Kimနေမကောင်းဖြစ်နေလို့ အစ်ကိုလေး~မနက်စာစားဖို့ ကျွန်တော်လာခေါ်တာ.."

"တော်တော်နေမကောင်းဖြစ်နေတာလား
ဦးလေးလီ....."

"အဖျားနည်းနည်းရှိရုံပါလို့ပြောတယ် အစ်ကိုလေး....အခုတော့အိပ်နေတယ်...."

သူဘာမှဆက်မပြောတော့ပဲ ဦးလေးလီနောက်ကိုလိုက်လာလိုက်တယ်။

RememberWhere stories live. Discover now