Chapter-4

899 139 8
                                    

Unicode

Section-1

Namjoonအိမ်ပြန်ရောက်လာတော့ ည၇နာရီခွဲကျော်လောက်ရှိနေပြီ။ အိမ်ထဲကိုဝင်လိုက်တော့ မှောင်မည်းလို့။

ပုံမှန်ဆို Jin hyungက တစ်အိမ်လုံးလင်းနေအောင်မီးဖွင့်ထားတတ်တာလေ။
Jin hyungပြန်မရောက်သေးတာများလား။

သူ့ကို လက်ထောက်manager phoneဆက်ပြောပြတာတော့ Condoအခန်းရှေ့အထိသေချာလိုက်ပို့ပေးထားပါတယ်တဲ့။

အိပ်ခန်းထဲကို ဝင်ကြည့်တော့လည်းမတွေ့ရ~ တစ်ယောက်ထဲအပြင်သွားတာမျိုးဆိုရင် အန္တရာယ်များတယ်မဟုတ်လား။ hyung phoneကို ဆက်တိုက်ခေါ်တော့ ကြားရတဲ့ phoneသံက အိပ်ရာဘေးက စားပွဲပေါ်မှာ။
ဒါဆိုအိမ်ကို ပြန်လာခဲ့သေးတာပဲ။

သေချာအောင် လက်ထောက်managerဆီကို phoneဆက်လိုက်တော့လည်း ပထမတစ်ခါပြောသလို hyungကို အခန်းရှေ့ထိသေချာပို့ပေးခဲ့ပါတယ်လို့ပြောတယ်။ 

phoneထားခဲ့တယ်ဆိုရင်တော့ အဝေးကြီးသွားတာတော့မဖြစ်နိုင်။ ဒါပေမယ့် ညအချိန်ကြီးအပြင်ကို တစ်ယောက်ထဲသွားတယ်ဆိုတဲ့အသိက Namjoonကိုစိတ်ပူစေတယ်။

ဘယ်ကိုသွားတာလဲဆိုတာအတိအကျမသိပေမယ့် လိုက်ရှာမှသူစိတ်သက်သာရာရမယ်ထင်တယ်။

သူသွားရှာနေတုန်း hyungပြန်လာခဲ့ရင်
အိမ်မှာကနေပဲ စောင့်နေရန်စာတစ်စောင်ရေးပြီးဧည့်ခန်းထဲကစားပွဲပေါ်မှာ hyung ရဲ့phone နဲ့အတူတင်ထားလိုက်တယ်။

"တီ.....တီ....တီ....."

အပြင်ပြန်ထွက်ဖို့ ဖိနပ်စီးနေတုန်း ကြားလိုက်ရတဲ့ passwordနှိပ်သံ......

"hyung....ဘယ်တွေသွားနေတာလဲ ~"

တံခါးဖွင့်ပြီးအထဲဝင်လိုက်ချိန်မှာ သူ့လက်ကိုဆတ်ခနဲဆွဲလိုက်ရင်း​မေးနေတဲ့ Namjoonကို  Seok Jinဘာပြောရမယ်မှန်း
မသိ။

"phoneလည်းယူမသွားဘူး~"

အပြစ်မတင်ဘဲ စိုးရိမ်တဲ့လေသံနဲ့ ညည်းတွားရင်းပြောလာတဲ့ Namjoonကိုကြည့်ပြီး သူ့နှလုံးသားတစ်ခုလုံးနွေးထွေးသွားတယ်။

သူ့ကို Namjoonကသိပ်စိတ်ပူတတ်တာ။ Seoulမှာရှိနေတဲ့ ဦးလေးဖြစ်သူနဲ့တောင်
မနေဘဲ သူနဲ့အတူလာနေတာကိုသာကြည့်။

RememberWhere stories live. Discover now