Unicode
Section-1
Jiminမနက်စာပြင်ပြီးသွားတော့ ၇နာရီတောင်ထိုးနေပြီဖြစ်တာကြောင့် Taehyungကိုနှိုးဖို့ အပေါ်ထပ်ကို တက်လာခဲ့တယ်။
"အလုပ်သွားရမယ်လေ Taehyung.....
ထတော့..."အရင်က တစ်ခါနှိုးတာနဲ့ ချက်ချင်းအိပ်ရာထတဲ့ Taehyungဟာ အခုရက်ပိုင်းတော့ အနည်းဆုံးသုံးခါလောက်နှိုးရလေ့ရှိတယ်။ Kim Groupမှာအလုပ်ဝင်နေပြီဖြစ်တဲ့အတွက် လေ့လာသင်ယူစရာတွေများနေတော့ ညဘက်ဆို အိပ်ရာဝင်နောက်ကျတာကြောင့်လည်းပါတာပေါ့လေ။
ကျောင်းသားဘဝကနေ အိမ်ထောင်သည်ဘဝကို ပြောင်းလဲသွားရတဲ့အပြင် အလုပ်သင်ဘဝကိုပါဖြတ်သန်းနေရတာဆိုတော့ Taehyungအရမ်းပင်ပန်းနေမှာ.....
ပုံမှန်ဆို အိပ်ရာစောနိုးတက်တဲ့သူက Taehyungဆိုပေမယ့် အိမ်ထောင်သည်ဘဝရဲ့ တာဝန်တွေကိုခွဲဝေယူချင်တာကြောင့် အခုလိုတစ်ယောက်တစ်လှည့်အိပ်ရာစောထပြီ မနက်စာပြင်ဖို့ သူပြောထားတာ။
"ထတော့လေ.....Taehyung ah...."
ဒုတိယအကြိမ်မြောက်နှိုးတဲ့အထိကို စောင်ပုံထဲမှာ ကွေးကွေးလေးအိပ်နေတဲ့ Taehyungက နိုးမလာသေး။
"တကယ်အိပ်ပျော်နေတာပဲ.....ကလေးလေးနဲ့တူနေရော....."
Taehyungဆံပင်လေးကိုသပ်တင်ပေးရင်း သူကခပ်တိုးတိုးပြောမိတယ်။ တစောင်းပုံစံ ပါးကိုဖိထားတဲ့ အနေအထားနဲ့ အိပ်နေတာကြောင့် နှုတ်ခမ်းသာမသိမသာလေး ရှေ့ကိုထွက်နေသေးတယ်။
"ချစ်စရာလေး......"
ဒီလိုချစ်စရာကောင်းတဲ့ သူ့ရဲ့ သူငယ်ချင်းကောင်လေးနဲ့ တစ်နေ့လက်ထပ်ရလိမ့်မယ်လို့ Jimin မတွေးခဲ့ဖူးဘူး။
ဘဝဟာတစ်ခါတလေမမျှော်လင့်ထားတဲ့ လက်ဆောင်တွေပေးအပ်လာတတ်တယ်ဆိုတာ သိပ်မှန်တဲ့စကားပဲ.....
အိမ်ထောင်သည်ဘဝနဲ့ လူလွတ်ဘဝဟာ
သူ့အတွက်တော့ ဘာမှထူးထူးခြားခြားပြောင်းလဲသွားတာမျိုးမရှိပေမယ့် Taehyungအတွက်တော့ တော်တော်ပြောင်းလဲသွားတယ်လို့ဆိုနိုင်တယ်။လက်ထပ်ပြီးကတည်းက အိမ်ခွဲနေတာဖြစ်ပြီး အိမ်အကူလည်းခေါ်မထားတာကြောင့် ထမင်းချက်တာက အစ အဝတ်လျှော်တာအဆုံး သူတို့နှစ်အကုန်လုပ်ကြရတယ်။
ဒီအခြေအနေဟာ သူ့အတွက်
သိပ်မထူးခြားပေမယ့် အိမ်မှာ ဘာမှမလုပ်ခဲ့ရတဲ့ Taehyungအတွက်တော့ ခက်ခဲနေမှာပဲ....
YOU ARE READING
Remember
FanfictionRemember your words can plant gardens or burn whole forests down.