Chapter-19

585 90 2
                                    

Unicode

Section-1

"ကျွန်တော် Qubistနဲ့စာချုပ်သက်တမ်းမတိုးတော့ပါဘူး~နောက်တစ်ခုက အနုပညာလှုပ်ရှားမှုအားလုံးကို ရပ်နားလိုက်ပါပြီ....."

သူ့စကားအဆုံးမှာ ခန်းမအတွင်းမှာရှိတဲ့ လူတွေနဲ့ mediaသမားတွေအားလုံးအသံတိတ်ကျသွားတယ်။

သူ့ဘေးနားမှာထိုင်နေတဲ့ MD Songနဲ့ PDကြီးကလည်း မယုံနိုင်သလိုကြည့်လာတယ်။ Mediaတွေရှေ့မှာဖြစ်နေတာကြောင့် ရုပ်ပျက်လောက်အောင်တုန်လှုပ်မနေဘဲ တည်ငြိမ်နေကြပေမယ့် နှစ်ယောက်လုံးရဲ့မျက်နှာမှာတော့ စိတ်ပျက်နေဟန်အထင်းသား.....

Qubistနဲ့ Silverillaတို့အကျိုးတူပူးပေါင်းတော့မယ်ဆိုတာကို Mediaတွေကို အသိပေးတဲ့ ပွဲမှာ ရုတ်တရက်ပြောလိုက်တာဆိုတော့လည်း ဒီလောက်တော့ရှိမှာပေါ့လေ.....

ပထမတော့ PDကြီးကိုအရင်ပြောဖို့တွေးထားပေမယ့် သတင်းထောက်တစ်ယောက်က Qubistနဲ့စာချုပ်ဆက်ချုပ်ဖြစ်မလားလို့
Seok Jinကိုတိုက်ရိုက်မေးလာတော့ အခုလိုပဲဖြေလိုက်ရတာ။

"ဒီလိုဆုံးဖြတ်ရတဲ့ အကြောင်းအရင်းကိုပြောပြပေးနိုင်မလား Kim Seok Jin shi....."

"ကျွန်တော့် ကိုယ်ရေးကိုယ်တာကိစ္စကြောင့်အခုလိုဆုံးဖြတ်လိုက်တာပါ....."

သူဖြေလိုက်တဲ့အဖြေက တိတိကျကျမရှိတာကြောင့် သတင်းထောက်တွေကအချင်းချင်း တီးတိုးပြောနေကြပေမယ့် ဂရုမစိုက်စွာပဲ သူပြုံးနေလိုက်တယ်။

ဒီနေ့ညနေ Namjoon ဖိလစ်ပိုင်ကနေပြန်လာတော့မယ်လေ.....၂ပတ်လောက်ခွဲနေရတဲ့
ကိုယ့်ကောင်လေးနဲ့ တွေ့ရတော့မယ်ဆိုတဲ့အတွေးက သူ့ကိုစိတ်ချမ်းသာစေတယ်မဟုတ်လား......

အခမ်းအနားပြီးသွားတော့ သူ့ကို MD Song က စကား​ စ ပြောတယ်။

"အနုပညာအလုပ်ကိုပါ စွန့်လွှတ်တော့မယ်ပေါ့ ဟုတ်လား Seok Jin......"

သူခေါင်းငြိမ့်ပြလိုက်တော့ MD Songက *ကျစ်*ခနဲ စုပ်သပ်တယ်။

"အခုလိုmediaရှေ့မှာမပြောခင် ကိုယ်တို့ကိုတော့ အရင်ပြောသင့်တယ်မဟုတ်ဘူးလား...."

"ahh....အဲ့ဒီအတွက်တော့ စိတ်မကောင်းပါဘူး MD......"

"မင်းဘယ်လိုအတွေးနဲ့များ အခုလိုဆုံးဖြတ်ရတာလဲ.....အခုအချိန်မှာရထားတဲ့ အောင်မြင်မှုတွေကို မင်းတကယ်ပဲ လက်လွှတ်တော့မှာလား Seok Jin.....တစ်ခေါက်လောက်ပြန်စဥ်းစားပါဦး...ကိုယ် requestလုပ်တာပါ....."

RememberWhere stories live. Discover now