Unicode
Section-1
ခဏနေရင် Jin hyungနဲ့ Namjoon hyungက အိမ်လာခဲ့မယ်ပြောထားတာ
ကြောင့် အပြင်မသွားဖြစ်တော့ဘဲ Jimin
အိမ်ထဲမှာ ယောင်ချာချာဖြစ်နေတယ်။
ဒီအိမ်မှာ ဘယ်ကိုကြည့်ကြည့် Taehyung အရိပ်တွေချည်းပဲ..
စိတ်မကြည်ဖြစ်လာတာကြောင့် ရေချိုးဖို့လုပ်ရတယ်။ ခဏနေ hyungတို့ရှေ့မှာ အခုလိုပုံကိုမပြချင်ပါဘူး.....
ရေချိုးခန်းမှန်ထဲမှာမြင်နေရတဲ့ အပြာရောင်ခပ်ပွပွဆံပင်တွေကို မြင်လိုက်တော့ Jiminနည်းနည်းစိတ်ကျေနပ်သွားတယ်။တစ်ခါမှမဆိုးဘူးတဲ့ အရောင်ဆိုပေမယ့်
ကြည့်ကောင်းနေသားပဲ....
တဆက်ထဲ အပြာရောင်ဆိုးရတာ သိပ်သဘောကျတဲ့ Taehyungကိုတွေးမိလိုက်တော့ သူမျက်မှောင်ကျုံ့လိုက်တယ်။
Taehyung သူ့ကိုထားသွားတာ တစ်နှစ်တောင်ပြည့်တော့မယ်။ အခုထိစာလေးတစ်စောင်တောင်ရောက်မလာတဲ့အပြင် အရိပ်ကလေးမမြင်ရလောက်အောင် အပုန်းကောင်းတဲ့ Kim Taehyungကို သူစိတ်ဆိုးနေပြီ။
သူ့ကိုချန်ခဲ့ပြီး နောက်ကြောင်းရှင်းရှင်းနဲ့ ထွက်သွားတဲ့ Kim Taehyungဟာ မကောင်းတဲ့ကောင် စစ်စစ်ပဲ....
မနေ့က ဆုံးဖြတ်လိုက်ပြီ....လူတစ်ယောက်ကို အပြစ်တင်ပြီး ပြိုလဲနေမယ့်အစား အေးအေးဆေးဆေးပဲနေတော့မယ်.....
Barသွားလိုက်၊ရန်ဖြစ်လိုက်နဲ့ စိတ်လွတ်ကိုယ်လွတ်နေခဲ့တဲ့အချိန်တွေအတွက်လည်း Jin hyungနဲ့ Namjoon hyungကို အားနာလှပြီလေ။
သူဘယ်လိုပဲ ခံစားနေရပါစေ တစ်ချက်လေးတောင်လှည့်မကြည့်တဲ့ Taehyungကို ဆက်ပြီး အပြစ်တင်မနေတော့ဘူး.....ပြီးတော့
ကိုယ့်ကိုယ်ကိုယ်လည်း ခွင့်လွှတ်လိုက်တော့မယ်...
အဲ့လိုနေရင်းမှ မခံစားနိုင်ရင်တော့ Taehyungနဲ့ ပတ်သက်သမျှပစ္စည်းတွေကို လွှင့်ပြစ်ပြီး စိတ်ဖြေမယ်...
ရယ်စရာကောင်းတာက Taehyungနဲ့ ပတ်သက်သမျှဆိုရင် သူ့ကိုယ်သူတောင်လွှင့်ပြစ်ရမယ့်ကိန်း.....မချိတင်ကဲ ပြုံးလိုက်မိတော့ ကိုယ့်ကိုယ်ကိုယ်တောင်သနားသွားတယ်...
YOU ARE READING
Remember
أدب الهواةRemember your words can plant gardens or burn whole forests down.
