Unicode
Section-1
Jimin အိပ်ရာနိုးလာတော့ မနက်၇နာရီလောက်ရှိပြီ~ အခုအချိန်မြင်ရတဲ့ နေရောင်
နုနုလေးကို တွေ့ချင်စိတ်ကြောင့် ၀ရံတာလိုက်ကာကို သူဆွဲဖွင့်လိုက်တယ်။
လှလှပပလေး ဖြာကျနေတဲ့ နေရောင်ခြည်ကို သဘောကျစွာနဲ့ တံခါးကိုဆွဲဖွင့်ဖို့လုပ်တော့ သော့ခတ်ထားတဲ့ ၀ရံတာတံခါးကို ဒေါသထွက်ဖွယ်တွေ့ရတယ်။ညကတောင် သူဝရံတာကိုထွက်ပြီး လေညှင်းခံခဲ့သေးတယ်လေ~ဘယ်အချိန်က သော့ခတ်သွားတာလဲ.....
သူ့ကို ခွင့်မတောင်းဘဲ ဒီလိုမျိုးပြုမူတာကို ဒေါသထွက်တာကြောင့် အသံကိုမြှင့်ပြီး
ဦးလေးလီကို အော်ခေါ်လိုက်တယ်။"ဦးလေးလီ~ဦးလေးလီ......."
"လာပါပြီ~အစ်ကိုလေး......."
သူ့ဒေါသတကြီး အော်သံကြောင့် ဦးလေးလီက အပေါ်ထပ်ကိုပြေးတက်လာတယ်။
"ဘာလို့ ၀ရံတာတံခါးကို သော့ခတ်ထားတာလဲ~ဖွင့်ပေး....ကျွန်တော်၀ရံတာထွက်ချင်တယ်......"
"ဟိုဟာ.....သော့က.....Mr Kimသိမ်းထားပါတယ်....."
"ဘာ......"
ရောက်တာဖြင့် ၁ရက်ပဲရှိသေးတယ် လူပါး၀လှချည်လား.....
"သူအခု ဘယ်မှာလဲ......"
"မနက်စာပြင်နေပါတယ် အစ်ကိုလေး..... ကျွန်တော်သွားခေါ်ပေးရမလား...."
"ရတယ်~ကျွန်တော်သွားလိုက်မယ်...."
အခုထဲက ပြတ်ပြတ်သားသားပြောထားမှဖြစ်မယ်~အခုလိုအပြုအမူမျိုးကိုမကြိုက်ဘူးဆိုတာ.....
"ဒီမှာ........."
ပေါင်မုန့်ယိုသုတ်တာကို အာရုံရနေတဲ့ ပုဂ္ဂိုလ်ဟာ သူခေါ်တာကို လှည့်ကြည့်မလာပါ။
"ဒီမှာ.....ဟေ့လူ...."
စားပွဲကို *ဒုန်း*ခနဲ ထုလိုက်တော့မှာ သူ့ဘက်ကို ခေါင်းလှည့်လာတယ်။
"ကိုယ့်ကို ခေါ်တာလား......"
"အပိုတွေမပြောချင်ဘူး ကျွန်တော့်ကို သော့ပေး....."
စူပုတ်နေတဲ့ မျက်နှာထားနဲ့ သူ့ရှေ့မှာ လက်ဝါးဖြန့်ပြီး သော့တောင်းနေတဲ့ Jiminဟာ စိတ်ဆိုးနေတာတောင် အရင်လိုပဲချစ်ဖို့ကောင်းတုန်း......

YOU ARE READING
Remember
FanfictionRemember your words can plant gardens or burn whole forests down.