Unicode
Section-1
"ကျွန်တော်နောက်ကျသွားတယ် sorryပါ MD Song....."
"ရပါတယ်~ကိုယ်ကစောရောက်နေတာပါ....."
ချိန်းထားတဲ့အချိန်ထက် အနည်းငယ်နောက်ကျပြီးမှ ရောက်လာပေမယ့် Seok Jin ကို ကြည့်ရတာတော့ လန်းလန်းဆန်းဆန်းရှိတာကြောင့် သူစိတ်အေးသွားတယ်။
"Hotelရောက်ထဲက အိပ်နေတယ်ကြားလို့ ကိုယ်စိတ်ပူနေတာ.....နေလို့ရော ကောင်းရဲ့လား....."
"ကောင်းပါတယ် MD Song.....လေယာဥ်မူးတာနဲ့ ဆေးသောက်ပြီး အိပ်လိုက်တာပါ....."
သူမေးသမျှကိုတော့ Seok Jinက ဂရုတစိုက်ဖြေတယ်။ ပြီးတော့ သူတို့နှစ်ယောက် ညစာစားရင်း ဟိုဟိုဒီဒီရောက်တတ်ရာရာလေးတွေ စကားပြောကြတယ်။
"ကျွန်တော့်ကို ညစာစားဖို့ပြောတာ သီးသန့်အကြောင်းတော့ ရှိမယ်ထင်တယ်နော်
MD Song....."အရပ်အကဲ အသိမြန်လွန်းတဲ့ကောင်လေးကြောင့် သူခေါင်းကိုအသာငြိမ့်ရင်း ပြုံးမိတယ်။
"အင်း~Seok Jinကို Manager ပြောင်းဖို့ကိစ္စပြောချင်တာပါ....."
"အကြောင်းအရင်းကို သိလို့ရမလား MD...."
MD Song Min Hoရဲ့စကားကို Seok Jin မေးခွန်းထုတ်လိုက်တယ်။
"ရပါတယ်....Seok Jinကို rumourထုတ်ဖို့ကြိုးစားတဲ့ Plex က သတင်းဓာတ်ပုံတွေကို ကိုယ်တွေ့ပြီးပြီ......PDကြီးကတော့ပြောပါတယ် ဒီကိစ္စကို ရှင်းဖို့အားလုံးအဆင်သင့်ဖြစ်နေပြီတဲ့.....PDကြီးပြောတဲ့ Namjoonမှာ ကောင်မလေးရှိနေပါတယ်ဆိုတဲ့ အဖြေက
ဒီကိစ္စနဲ့သိပ်ပြီး တိုက်ရိုက်မကျဘူးလို့ ကိုယ်ကတော့ ယူဆတယ်......"Qubistက လုပ်ငန်းတိုးချဲ့ဖို့အတွက် Silverillaကို ရင်းနှီးမြှုပ်နှံဖို့ဖိတ်ခေါ်တာကြောင့် companyနှစ်ခုပူးပေါင်းဖြစ်သွားကြတယ်။ ဒီလိုပူးပေါင်းမှုကြောင့် Qubistရဲ့ အုပ်ချုပ်ရေးအပိုင်းမှာ Silverillaက ပါဝင်လာခဲ့တယ်။
ဒါကြောင့် MD Songက သူ့ကို ဒီလိုစကားမျိုးကို အခက်အခဲမရှိပြောနေနိုင်တာ....
"အဲ့တာကြောင့် Seok Jin Managerပြောင်းလိုက်တာက ပိုပြီးမကောင်းဘူးလား..... Dating Rumourဆိုတာ Idolတစ်ယောက်အတွက် သိပ်ကောင်းလှတဲ့ ကိစ္စမဟုတ်ဘူးလေ..."
![](https://img.wattpad.com/cover/239978792-288-k978172.jpg)
YOU ARE READING
Remember
أدب الهواةRemember your words can plant gardens or burn whole forests down.