Chapter-20

642 97 4
                                    

Unicode

Section-1

သူ Jin hyung အိမ်ကိုရောက်ပြီး ၂ရက်
အကြာမှာ Namjoon hyung   Ilsanက
ပြန်ရောက်လာခဲ့တယ်။ သူမျှော်လွန်းမက မျှော်ခဲ့ရတဲ့ Taehyungကတော့ ပြန်ရောက်
မလာခဲ့ဘဲ  အဲ့ဒီအစား Taehyungရဲ့
ရှေ့နေကြီးကတော့ စာရွက်စာတမ်းအစုံအလင်နဲ့ ဒယ်ဒီတို့အိမ်ကို ရောက်လာခဲ့ပြီး သူနဲ့ Jin hyung ကိုခေါ်တွေ့လာတယ်။

Taehyungကိုယ်စားလွှဲအပ်ချင်းခံထားရတဲ့ ရှေ့နေကြီးဟာ သူ၊ Jin hyungနဲ့  Hanaတို့ကို
စာချုပ်စာတမ်းနဲ့ ပိုင်ဆိုင်မှုတွေ လွှဲပေးသည်အထိ ဘာကြောင့်လဲဆိုတဲ့အကြောင်းအရင်းကို သူသေချာမသိခဲ့ပါ။

မနေ့ညက Taehyungနဲ့ phoneပြောတော့လည်း ဒီကိစ္စကို ​မပြောခဲ့ဘူး....

သူတို့နေတဲ့အိမ်ရယ်၊ coffeeဆိုင်ရယ်ကို Jiminနာမည်နဲ့ သီးသန့်လွှဲပြောင်းပေးခဲ့ပြီး  Taehyungပိုင်ဆိုင်မှုအားလုံးကို သုံးပုံပုံကာ သူရယ်၊သားလေးရယ်၊ Jin hyungကို
တစ်ယောက်တစ်စုစီ လွှဲပြောင်းပေးခဲ့တယ်။

Hanaကိုတော့ ခရီးသွားcompanyတစ်ခု
စီစဥ်ပေးခဲ့တယ်။ ရှေ့နေကြီးဖတ်ပြတဲ့ စာကိုနားထောင်ပြီးချိန်မှ သူနားလည်လိုက်တာက Taehyung သူ့ဆီပြန်မလာတော့ဘူးဆိုတာဘဲ....

တစ်ယောက်ချင်းစီအတွက် သီးသန့်စာတစ်စောင်ဆီကို လက်ထဲထည့်ပေးပြီးချိန်မှာတော့ တာဝန်ပြီးသွားတဲ့  ရှေ့နေကြီးဟာ သူတို့ကိုနှုတ်ဆက်ပြီး ပြန်သွားတော့တယ်။

Hanaက Taehyungပေးခဲ့တဲ့စာကို ဖောက်ဖတ်ပြီး တရှုံ့ရှုံ့ငိုနေသလို Jin hyungကလည်း စာကိုဖတ်ပြီး ခပ်ငိုင်ငိုင်ရယ်။

သူကတော့ စာအိတ်ကိုယူပြီး Jin hyungတို့ကို နှုတ်မဆက်နိုင်ဘဲ အိမ်ကိုပြန်လာခဲ့တယ်။အခုအချိန်မှာ ဦးနှောက်တစ်ခုလုံး ဗလာကျင်းနေပြီး ခံစားချက်တွေကလည်း ဝေးဝါးနေတယ်။

မနေ့ညကပဲ သူနဲ့ Taehyung phoneပြောကြသေးတယ်လေ....ဘာပြဿနာမှလည်းဖြစ်မထားဘဲ ရုတ်တရက်ဒီလိုဖြစ်လာတော့ သူအံ့သြတကြီးဖြစ်ရတယ်။

ကားမောင်းနေရင်း Taehyung phoneကိုဆက်တိုက်ခေါ်နေပေမယ့် စက်ပိတ်ထားတယ်ဆိုတဲ့ အသံကိုပဲကြားနေရတယ်။

RememberWhere stories live. Discover now