Chapter-9

755 120 5
                                    

Unicode

Section-1

ကားထဲမှာထိုင်နေရင်း ခပ်လှမ်းလှမ်းက coffee ဆိုင်ထဲက Namjoonကို Seok Jin လှမ်းကြည့်နေမိတယ်။

ခပ်ချောချောအမျိုးသမီးလေးရဲ့ လက်ကိုဆုပ်ကိုင်ထားတဲ့ Namjoonဟာ Seok Jin
သိပ်သဘောကျတဲ့ ပါးချိုင့်တွေပေါ်အောင်ပြုံးလို့။

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြုံးနေကြရင်း ရှေ့မှာချထားတဲ့ coffeeတွေကိုတောင်သောက်ဖို့ မေ့နေကြဟန်တူတဲ့ ဒီလူနှစ်ယောက်ကို မြင်ရတာ ဒါဒုတိယအကြိမ်ဆိုပေမယ့် သူ့အတွက်တော့အဆင်ပြေမနေခဲ့ပါ။
ဒီမြင်ကွင်းကိုမြင်နေရခြင်းဟာ ပထမအကြိမ်အတိုင်းပဲ ၀မ်းနည်းနာကျင်မှုကိုခံစားရစေတယ်။

ပြီးတော့ Namjoonသူ့ကိုအမှန်အတိုင်း
မပြောတာကိုလည်း မကျေမနပ်ဖြစ်တယ်။ကိစ္စရှိလို့အပြင်သွားပါရစေလို့ပဲ
ခွင့်တောင်းပြီး ဘာအကြောင်းလဲဆိုတာ
ရေရေရာရာမပြောပြတဲ့ Namjoonကို သူစိတ်ဆိုးသင့်တယ်မဟုတ်လား။

ဒါပေမယ့် ဘယ်လိုခေါင်းစဥ်အောက်ကနေ စိတ်ဆိုးသင့်သလဲဆိုတာတော့ အခုထိအဖြေရှာမရဘူးရယ်။

အလုပ်သဘောပတ်သက်မှုအရဆိုရင် စိတ်ဆိုးစရာမရှိဘူးဆိုတာကိုတွေးမိတော့ စိတ်ထဲမှာရှုပ်ထွေးလာရတယ်။

Namjoon သူ့ကိုပေးတဲ့ ဂရုစိုက်မှုတွေ၊ ကြင်နာမှုတွေဟာ သူယုံကြည်ထားတဲ့ အချစ်ဆိုတဲ့ခေါင်းစဥ်အောက်မှာ အရင်ကထဲက ရှိမနေခဲ့တာပါလားဆိုတဲ့အတွေးဟာ နှလုံးသားတစ်ခုလုံးကို ဆွေးလျသွားစေတယ်။

ခံစားချက်တွေကရှုပ်ထွေးလွန်းတာကြောင့် သူဟက်ဟက်ပက်ပက်ကိုရယ်မိတော့တယ်။

သူ့အဖြစ်ကိုသာသိရင် Taehyungက
ပြောလိမ့်ဦးမယ်..."hyungက ကိုယ့်ဒုက္ခကိုယ်ရှာတယ်"လို့....

ချစ်နေရရင်ပြီးပြီဆိုတဲ့ Taehyungရဲ့ ခံယူချက်ဟာ တကယ်ကို စိတ်ချမ်းသာစေတယ်ဆိုတာ ဒီနေ့တော့ သူလက်ခံရတော့မယ်။

ဒါပေမယ့်Taehyungရဲ့ခံယူချက်လိုမျိုး သူ
မထားနိုင်တာ ခက်တယ်။

ကိုယ်တိုင်ကားမောင်းပြီး Namjoonကို တိတ်တဆိတ်ခြေရာခံလိုက်ခဲ့မိတဲ့အကျိုးဆက်က တော်တော်လေးကို လက်မခံချင်နိုင်စရာကောင်းတာပဲ။

RememberWhere stories live. Discover now