Unicode
Section-1
"လာမယ်~လာမယ်နဲ့ အခုမှပဲတကယ်ရောက်လာတော့တယ် hyungတို့ရာ....."
"အေးကွာ.....ငါတို့လည်း လာချင်ပါတယ်~ အလုပ်တွေများနေလို့သာ...."
Taehyungနဲ့ Jiminလက်မထပ်ခင် အိမ်ရှာတဲ့အချိန်တုန်းက တစ်ခါပဲရောက်လာဖူးတဲ့
အိမ်လေးကို လှည့်ပတ်ကြည့်နေရင်း Jin hyungကပြောတယ်။"Jiminရေ~ Jin hyungနဲ့ Namjoon hyungတို့ရောက်ပြီ....."
အိမ်ထဲကို လှမ်းအသံပြုရင်း Taehyungက သူတို့ကို ခြံထဲထိဆင်းကြိုတယ်။
"ဒီမှာ Taehyung.....မင်းတို့အတွက်..."
"ဘာလို့၀ယ်လာတာလဲ~hyungတို့ရာ...."
Namjoon hyungပေးလာတဲ့ သစ်သီးခြင်းနဲ့ မုန့်ထုပ်တွေကို Taehyungက လက်လွှဲယူရင်းပြောတယ်။
"အများကြီးမှမဟုတ်တာကွာ....."
" ကျေးဇူးပါ~ကောင်းကောင်းစားပါ့မယ်.... လာ~hyungတို့အိမ်ထဲဝင်ရအောင်....."
"ဒါနဲ့ Jiminရော Taehyung....."
"hyungတို့ညီက hyungတို့အတွက်ဆိုပြီး မနက်ထဲက မီးဖိုချောင်၀င်နေတာ အခုရေချိုးနေတယ်......"
သူ့စကားကြောင့် Jin hyungက ဂျိုကြည့်
ကြည့်တယ်။"Jiminလေး ပင်ပန်းနေမှာပေါ့~မင်းက၀ိုင်း
မကူဘူးလား....""အတူတူချက်ကြတာပါဗျာ~ကျွန်တော်က hyungတို့အတွက် ဝိုင်ထွက်၀ယ်နေလို့ပါ....."
Taehyungစကားကို ကျေနပ်သွားသလိုနဲ့ Jin hyungက ခေါင်တဆတ်ဆတ်ငြိမ့်တယ်။
Namjoonကတော့ ညီအစ်ကိုနှစ်ယောက် အငြင်းအခုန်လုပ်နေတာကို ကြည့်ပြီး ရယ်နေတယ်။"hyungတို့ ရောက်လာကြပြီလား~ကျွန်တော်ရေချိုးတာ နည်းနည်းကြာသွားတယ်....."
"အခုမှရောက်တာပါ~မတွေ့တာကြာလို့ ငါ့ယောက်ဖက ပိုတောင်ချောလာသေးတယ်....နော် Joon...."
ယောက်ဖဖြစ်သူကို အမွှန်းတင်နေတဲ့ Jin hyungဟာ ဘေးက Namjoon hyungကိုပါ လှမ်းအဖော်စပ်တယ်။
"ဟုတ်ပါ့....ဟုတ်ပါ့...."
Namjoon hyungက ခေါင်းငြိမ့်ထောက်ခံပေမယ့် Taehyungသတိပြုမိလိုက်တာက *Joon*ဆိုတဲ့ အသုံးအနှုန်း....
YOU ARE READING
Remember
FanfictionRemember your words can plant gardens or burn whole forests down.