Unicode
Section-1
ထမင်းစားချိန်ကလွဲရင် အပြင်မထွက်ဘဲ
Mr Kimကိုရှောင်နေမိတာ ဒီနေ့နဲ့ဆို ၂ရက်ရှိပြီ။ရှက်တဲ့စိတ်ရယ်၊ အားနာတဲ့စိတ်ရယ် နှစ်ခုပေါင်းပြီး သူအခန်းထဲကနေ ထွက်ရမှာ လိပ်ပြာမလုံနိုင်။
"ဒီမှာ Jiminဖို့ ကိုယ်၀ယ်လာတာ......"
အခန်းထဲဝင်လာပြီး မုန့်တွေလာပေးနေတဲ့
Mr Kimကို သူစေ့စေ့မကြည့်ရဲ....ဟိုနေ့ကမက်ထားတဲ့ wet dreamကို ပြန်တွေးမိပြီး
သူရှက်တယ်.....
ခရီးမှာနမ်းသွားတဲ့ ကိစ္စကိုတောင် ပြန်အစ မဖော်တဲ့ Mr Kimကတော့သူဖြစ်နေတာကိုရိပ်မိပုံမပေါ်....
မရိုးမသားတွေးမိနေတာ သူတစ်ယောက်ထဲများလား.....ဦးလေးလီပြောတာ မှားများနေလားလို့တွေးမိတဲ့ အထိ Mr Kimက ပုံမှန်သာ....
ရှက်ရင်မေ့လိုက်ပေါ့လို့ ဆိုရအောင်လည်း အိပ်မက်လို့မထင်ရအောင် ခံစားချက်တွေကိုပြတ်ပြတ်ထင်ထင်မှတ်မိနေတုန်း....
Mr Kimရဲ့ လက်တွေနဲ့ ခန္ဓာကိုယ်က အနွေးဓာတ်ကို ပြန်တွေးမိရင်တောင် ရင်ကတဒိတ်ဒိတ်ခုန်နေတုန်း...
လူကြီးကတော့ ဘာမှမသိဘဲ သူနဲ့နီးကပ်ဖို့ကြိုးစားနေတယ်....
"နေမကောင်းလို့လား Jimin ~ဟင်....."
"နေကောင်းပါတယ်......"
"ကိုယ့်ကိုမကျေနပ်တာများရှိနေတာလား..."
"မရှိပါဘူး......"
လက်လေးတခါခါနဲ့ ငြင်းနေတဲ့ Jiminက
ပုံမှန်တော့ဟုတ်မနေပါ။ ဆတ်ဆတ်ထိမခံတဲ့ကောင်လေးက ငြိမ်နေတယ်ဆိုတာ ပုံမှန်ဟုတ်မနေတာပဲ....နမ်းမိတဲ့အကြောင်းကို ပြန်ပြောပြီး သူ့ခံစားချက်ကို ဖွင့်ပြောချင်ပေမယ့် သူသတ္တိကြောင်မိနေတုန်း....
"ဒီရက်ပိုင်း Jiminကိုယ့်ကို ရှောင်နေသလားလို့လေ....."
"ခင်ဗျားကို ဘာလို့ရှောင်ရမှာလဲ~အံ့သြစရာ..."
မကျေမနပ်ပြောလာတဲ့ ခပ်စောင့်စောင့်အသံလေးက မှ Jiminအစစ်....
ဒါပေမယ့်ဟိုးအရင်က စိတ်ရှည်သည်းခံတတ်တဲ့ Jiminကိုရော၊ အခုလို ချိတ်ကလေး Jiminကိုရော သူချစ်တယ်။
