Chapter-23

720 101 14
                                        

Unicode

Section-1

"ကိုယ် ဝင်လာခဲ့မယ်နော် Jimin....."

အခန်းတံခါးကို ခေါက်လိုက်ပေမယ့် တုံ့ပြန်သံမကြားတာကြောင့် သူအသံပေးပြီးတံခါးဖွင့်လိုက်တယ်။ ကုတင်ပေါ်မှာ တစ်ကိုယ်လုံးစောင်ခြုံထားတဲ့လူသားလေးကတော့  တုပ်တုပ်မျှပင်မလှုပ်။

ဒါမနက်က ဝရံတာတံခါး သော့ခတ်ထားတဲ့ ကိစ္စကို မကျေနပ်ကြောင်းပြနေတာ... မနက်စာစားပြီးထဲက အခန်းထဲဝင်သွားပြီး ကုတင်ပေါ်မှာ အခုလိုပုံစံနေနေတာ...

"နေ့လည်စာစားကြမယ်လေ Jimin....."

".............."

"မစားဘဲနေရင် ဗိုက်အောင့်နေမယ်....."

စောင်ကို လှန်ကြည့်လိုက်တော့ မျက်လုံးတင်းတင်းမှိတ်ထားပြီး အိပ်ချင်ဟန်ဆောင်နေပြန်တဲ့ Jiminကိုတွေ့ရတယ်။ စိတ်ရှိလက်ရှိဆို နမ်းပြစ်ချင်စရာလေး.....

"ထတော့နော်.....ဆက်အိပ်နေရင်......"

"ဆက်အိပ်နေရင် ဘာဖြစ်လဲ....Namjoon hyungတို့ကို phoneဆက်မှာလို့ပြောဦးမလို့လား....."

Taehyungစကားကို အဆက်မခံဘဲ အော်လိုက်တာကြောင့် နည်းနည်းတောင်လန့်သွားရတယ်။ စွာလိုက်တာ....

"မပြောပါဘူး~ဘာလို့ ရန်လိုနေတာလဲ....."

သူ့ကို မျက်စောင်းထိုးလိုက်ပြီး စောင်ထဲကိုပြန်ဝင်သွားတဲ့ ပိုးတုံးလုံးလေးကို ဖက်သာထားချင်တော့တယ်။

"နေ့လည်စားတော့ စားမှဖြစ်မှာပေါ့....ဆေးသောက်ဖို့လည်းရှိသေးတယ်လေ....."

မနက်က Namjoon hyungနဲ့တိုင်မယ်လို့ပြောတာကို မကျေမနပ်ဖြစ်နေတဲ့ ကလေးလေးကို သူချော့မော့ပြောဖို့ တွေးရတယ်။

Jiminကို ခပ်တန်းတန်းဆက်ဆံဖို့
Jin hyungက မှာထားလို့သာ~မဟုတ်ရင်
မနက်ထဲက ချော့ပြီးပြောချင်နေတာ။

"နေ့လည်စာစားလို့ရှိရင် ဝရံတာ တံခါးသော့
ဖွင့်ပေးမယ်လေ....."

စောင်ပုံလေးက နည်းနည်းတော့လှုပ်လာပေ
မယ့် တစ်ကိုယ်လုံးလုံအောင်ခြုံထားတုန်း....

"ကိုယ်က ဒီမှာ တစ်လလောက်နေမှာဆိုတော့ မင်းနဲ့အဆင်ပြေချင်တယ် Jimin ~ဒီလိုလုပ်လေ~ကိုယ်တို့ နားလည်မှုယူထားကြမယ်....တစ်ခုခုဆို ပြေပြေလည်လည်ပြောကြတာပေါ့....မင်းမကြိုက်တာရှိရင်လည်း ကိုယ်ဆင်ခြင်ပေးမယ်လေ......"

RememberWhere stories live. Discover now