Chapter-10

796 122 4
                                    

Unicode

Section-1

"ပြန်နှင့်လိုက်တော့ Namjoon~ငါ Ha Joonနဲ့ပြောစရာလေးရှိလို့နေခဲ့မယ်....."

Shootingပြီးသွားပြီဖြစ်တာကြောင့်ကားနောက်ခန်းထဲမှာ အင်္ကျီလဲနေတဲ့
Jin hyungက သူ့ကိုမကြည့်ဘဲပြောတယ်။

"ကျွန်တော်စောင့်နေမယ်လေ......"

"ပြန်နှင့်လိုက်တော့ ဘယ်လောက်ကြာမယ်မှန်းမသေချာဘူး....."

ကားနောက်ကြည့်မှန်ကနေလှမ်းကြည့်ပြီး ​
သူပြောတော့ hyungကသူ့ကို ပြန်ကြည့်မလာဘဲ ခေါင်းခါရင်းပြောတယ်။

ဘယ်လောက်ကြာမယ်မှန်းသေချာမသိရအောင် အခုပဲည၁၁နာရီကိုကျော်နေပြီမဟုတ်ဘူးလား.....ပြီးတော့ ဘာစကားတွေပြောမှာမို့လို့ သူရှိနေလို့မဖြစ်ရတာလဲ.....

"အခုပဲ၁၁နာရီကျော်နေပြီလေ...."

"ရတယ်~အပြန်လည်း Ha Joonလိုက်ပို့လိမ့်မယ်....."

"hyungတို့ စကားပြောမှာမဟုတ်လား~ပြောပြီးတဲ့အထိ ကျွန်တော်စောင့်နေမယ်....."

အခုတစ်ခါတော့ သူ့စကားကိုမကျေနပ်သလိုနဲ့ မျက်မှောင်ကျုံ့လိုက်ရင်း စိုက်ကြည့်လာတယ်။

"မလိုဘူး....ပြန်နှင့်လိုက်တော့....."

"ကျွန်တော့်ကို hyungစိတ်ဆိုးနေတာလား....."

ဒီလိုမေးခွန်းမျိုးမမေးသင့်ဘူးဆိုတာကို
သိပေမယ့်လည်း မေးမှကိုဖြစ်တော့မည်။

သူနဲ့အတူမပြန်တာအနည်းဆုံးတစ်ပတ်ကို ၄ရက်၊၅ရက်ဖြစ်နေတဲ့အပြင် စကားကောင်းကောင်းမပြောတာလည်း ၃ပတ်နဲ့ ၂ရက်ရှိနေပြီမဟုတ်လား.....

အခုလိုအခြေအနေကို သူမနည်းသည်းခံထားခဲ့ရတာ~ဒီနေ့တော့မရတော့ဘူး~သည်းမခံနိုင်တော့ဘူး။ ဒီကိစ္စကို အခုလိုဖြေရှင်းမှပဲဖြစ်တော့မယ်။

"ကျွန်တော်မေးနေတယ်လေ hyung.....ဟုတ်လား ကျွန်တော့်ကို စိတ်ဆိုးနေတာလား....."

ခပ်တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတစ်စုံနဲ့ မျက်လုံးထဲက ဒေါသအရိပ်အရောင်တွေဟာ သူ့အမေးမှန်ကန်ကြောင်းထောက်ခံနေတာပဲ.....

RememberWhere stories live. Discover now