Unicode
Section-1
"ဘယ်အချိန်ထိနေရမှာလဲ Namjoon"
ကားနောက်ခန်းမှာထိုင်နေတဲ့ Jin hyungက
အပြင်ဘက်က ရောင်စုံမီးတွေထွန်းထားတဲ့ Seoulမြို့ရဲ့ ညဘက်မြင်ကွင်းငေးနေရင်း မေးလာတယ်။"၂နာရီလောက်တော့နေရမယ် hyung..."
"အဲ့ထက်စောပြန်လို့မရဘူးလား....."
နောက်ကြည့်မှန်ကတဆင့် Jin hyungကို လှမ်းကြည့်တော့ Namjoonကို ကြည့်မနေဘဲ အပြင်ကိုသာ ဆက်ငေးနေဆဲ.....
"ရမလားလို့ပြောကြည့်တာ မရလည်းနေပါစေတော့ managerကြီးရယ်..."
Jin hyungရဲ့ ခပ်နောက်နောက်စကားကို Namjoonရယ်လိုက်မိတယ်....
တောာင်ကိုရီးယားရဲ့ နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်တဲ့ Seok Jin hyungအတွက် ဒီလိုမျိုးပွဲတွေကိုတက်ရောက်ရခြင်းဟာ အထူးအဆန်းတော့မဟုတ်။
ဒီလိုပွဲမျိုးတက်ရတိုင်းလည်း Namjoonကို Jin hyungက ဂျီကျနေကျ၊ အရင်တုန်းကလိုအရမ်းကြီးမရစ်တာကိုပဲ ကျေးဇူးတင်နေရပြီ။
"အခုက ၇နာရီဆိုတော့ ၉နာရီထိုးရင် ပြန်လို့ရပြီပေါ့...ဟုတ်တယ်နော် Namjoon"
"ဟုတ်ပါပြီ hyungရယ်~၉နာရီထိုးတာနဲ့ပြန်ကြမယ်"
အတည်ပြုသလိုပြောလာတဲ့ Jin hyungကို
Namjoonပြုံးရင်းပြောလိုက်တယ်။ပွဲကျင်းပနေတဲ့ နေရာကိုရောက်တော့ Silverillaရဲ့ တာဝန်ရှိသူတွေက သူတို့ကို ဂရုတစိုက်ကြိုဆိုကြတယ်။
"ရောက်လာပြီလား Seok Jin..."
"ကျွန်တော်နည်းနည်းနောက်ကျသွားတယ်....sorryပါ MD Song"
"မဟုတ်တာ Seok Jinက ဒီလောက်အလုပ်များတာကို....ရပါတယ်~ပွဲကလည်း
ခုနလေးတင်ကမှ စတာ...."Jin hyungကို အရမ်းတွေနားလည်ပေးရင်း
ဝမ်းပန်းတသာကြိုဆိုနေတဲ့ Silverillaရဲ့ Managing Director Song Min Hoဟာ ဘေးက Namjoonကို တစ်ချက်တော့ပြုံးပြတယ်။"လာ~Namjoon...ဒီမှာထိုင်"
ပွဲကျင်းပနေတဲ့ခန်းမထဲကိုရောက်တော့
Jin hyungက Namjoonလက်ကိုဆွဲရင်း နေရာချပေးတဲ့ဝိုင်းမှာ ဝင်ထိုင်တယ်။
YOU ARE READING
Remember
FanfictionRemember your words can plant gardens or burn whole forests down.