Part 5(Billionaire's Love)

1.2K 107 12
                                    

"ထွက်သွား!!"

"အမ် ok ok "

"unnie ဘာမှမမြင်ဘူးနော်"

"ထွက်တော့လို့"

ခေါင်းထဲဝင်လာသော အတွေးပေါင်းစုံနှင့် အတူရွက်လွှင့်နေမိသည်။ ရေချိုးရန် တပတ်လှမ်းယူနေစဉ် ဝင်လာသော သူမ။

တစ်ကိုယ်လုံးဗလာဖြစ်နေတဲ့ဆိုတဲ့အတွေးက ခေါင်းထဲရောက်လာစဉ် သူမ မတွေ့စေဖို့ရာ လုပ်မိလုပ်ရာ လိုက်လိုက်မိတာက ထောင်ထားသော ရေမွှေးပုလင်းနှင့် ကောက်ပစ်မိလိုက်တာပင်။ သူဘာဖြစ်သွားလဲ ဂရုမထားနိုင်။

chaeသိတက်စကတည်းက ဖျားနေလို့ ရေပတ်တိုက်ရရင်တောင် ကိုယ်တိုင်မရမက လုပ်တက်သည်။ chaeရဲ့ nakedဖြစ်နေတယ်ဆိုတဲ့ ခန္ဓာကိုယ်ကို သူများမြင်သွားမှာ အရမ်းကြောက်တက်သည်။ အဲဒီစိတ်က အကြောက်လွန်တဲ့ ရောဂါ တစ်ခုဖြစ်လာသည်အထိပင်။ မိဘနဲ့ သူငယ်ချင်းတွေ အားလုံးသိသော်လဲ မသိလိုက်သူ သူမ အဖို့ ကံဆိုးသွားသည်ပေါ့။ သနားစရာ ငါ့unnieလေး။

"အ အား chaeyoung naနာတယ်လို့ အို့"

"ခဏလေးတော့ သည်းခံ unnieရာ၊ ကလေးလဲ မဟုတ်ဘဲ ငိုမနေနဲ့။"

"နာတာကိုလို့။ မင်းလုပ်တာလေ ကြည့်အုံး ဒီမှာ သွေးတွေအများကြီးဘဲ ထွက်ကုန်ပြီ။"

မျက်ရည်တွေ ဝဲကာ ငိုသံကြီးဖြင့် ပေါက်သွားသော ခေါင်းကို ဝုန်းခနဲရှေ့တိုးကာ ပြောလာသူ။ ဒီလိုကြတော့လဲ စိတ်မကောင်းဖြစ်ရပြန်သည်။ chaeဘဝမှာ ကိုယ့်ကြောင့် တစ်စုံတစ်ယောက်နာသွားမှာကို အရမ်းကြောက်သည်။

"ဟုတ်ပါပြီ unnieရာ chaeတောင်းပန်ပါတယ်။ အခုလို မလုပ်လိုက်သင့်တာကို။ chaeလွန်သွားတယ်"

"မဟုတ်ပါဘူး ကိုယ် မင်းလာဖွင့်တဲ့အချိန်ထိ စောင့်ရမှာ အမှန်တော့။ မင်းမလွန်ပါဘူး။ စိတ်မကောင်းဖြစ်မနေနဲ့။"

မျက်နှာလေးငယ်ကျသွားပြီးတော့ niniနှဖူးကို ဆေးထည့်ပေးနေလေရဲ့။ သူမရဲ့ ခန္ဓာကိုယ်ကို မြင်ပြီးကတည်းက ခေါင်းထဲ၌ သံမှိုစွဲထားသလို မျက်လုံးမှိတ်လိုက်တိုင်း ပေါ်လာသော ပုံရိပ်။ ဖျောက်ဖျက်ရန်မကြိုးစားမိ။ ပျောက်သွားမိစိုး၍
ပန်းချီအဖြစ်ပုံဖော်ရန် တွေးထားမိသည်အထိ။

Billionaire's LoveWhere stories live. Discover now