Part 29(Billionaire's Love)

1.3K 103 10
                                    

Zawgyi>>>

   "ယောင်း ယောင်းငယ် ထွက် ထွက်လာတော့မယ် အား!!"



   chae တို့ လေးယောက် သရဲကား ကြည့်နေကြသည်။ တိတ်ဆိတ်နေသော ဒီအခန်းထဲ ဇာတ်ကားသံနှင့် vocal ကောင်းကောင်း အော်နေသော unnie ရဲ့ အသံသာ ကြားရနိုင်သည်။

  chae ရဲ့ အခန်းထဲ ဇာတ်ကားကြည့်ဖို့ မဲခွဲကြရာ သရဲကားက အနိုင်ရသည်။ ဇာတ်ကားစဖွင့်ကတည်းက 'ကြောက်လို့ ဖက်ထားမယ်' ဆိုကာ သူ့ရင်ခွင်ထဲ ရောက်နေရသည်။

  သရဲ ထွက်လာသည်ဖြစ်စေ မထွက်လာသည်ဖြစ်စေ ထထအော်သော unnie ကြောင့် နားတွေလဲ အူလှပြီ၊ တင်းကြပ်နေအောင် ဖက်ထားတာကြောင့် ကိုယ့်မှာ ချွေးတွေလဲ ပြန်လာရပြီ။

  ဘေးက နှစ်ယောက်မှာလဲ တစ်ယောက်ရင်ခွင်ထဲ တစ်ယောက် မြုပ်တော့မတက် ဖက်ထားလိုက်ကြတာ။

  သုံးယောက်ပေါင်းပြီး ထထအော်တဲ့ အခါမှာ chae ခဗျာ သရဲ မကြောက်အား၊ တုန်တက်သွားရသည်အထိ လန့်နေရသည်။ နောက်တစ်ခါ ဘယ်တော့မှ သရဲကား မကြည့်တော့ပါ။

^^^^^^^^^^^^^^^^👻
"ဟမ်~~ unnie ဘာလုပ်.. "

"ရှူးး တိုးတိုး သူတို့ နိုးသွားမယ် "

chae ရဲ့ လည်ပင်းကို ခပ်ဖွဖွ နမ်းရှုပ်လာသော သူမကြောင့်
နှလုံးသွေးတို့မှာ ဒိန်းကနဲ ဖြစ်သွားရသည်။ ဘေးက lisa တို့ နှစ်ယောက် တစ်ယောက်ပေါ် တစ်ယောက် မှီပြီး အိပ်ပျော်နေတာကြောင့် unnie က သတိပေးသည်။

လည်ပင်းတစ်လျှောက် တဖြည်းဖြည်း ပွတ်တိုက်သွားသော သူမ နှုတ်ခမ်းသား၊ ခါးကို ဖက်ထားရာမှ အင်္ကျီအောက်ထဲ လျိုဝင်လို့ ဝမ်းဗိုက်တစ်လျှောက် ထိတွေ့လာသော ခပ်အေးအေး လက်တစ်စုံ တို့က chae ကို ကြက်သီးတစ်ဖြန်းဖြန်း ထစေသည်။

လည်ချောင်းဝမှာ စို့တစ်နေသော အသံတို့ကို အတက်နိုင်ဆုံး ထိန်းချုပ်နေရသည်။

"အာ့.. "

ပုခုံးသား တစ်လျှောက် ဖြတ်သန်းနေရင်းမှ တိကနဲ နာကျင်သွားရသည်။ စပ်ဖျင်းဖျင်း ဖြစ်နေသော ထိုနေရာကို တစ်ဖန် လျှာနဲ့ လျက်လိုက်တာကြောင့် သွေးတို့မှာ ပြောင်းပြန်စီးတော့ မတက်။

Billionaire's LoveWhere stories live. Discover now